ျမန္မာတႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၂၀၁၈ ခုႏွစ္အတြင္းမွာ လူကုန္ကူးမႈေပါင္း ၂၀၇ မႈထိျဖစ္ပြားခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွာ အမ်ားဆုံးျဖစ္ပြားခဲ့တယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ရဲ႕ စာရင္းေတြအရသိရပါတယ္။


ရန္ကုန္တိုင္းမွာ ၂၀၁၈ ခုႏွစ္ တႏွစ္တာအတြင္း လူကုန္ကူးမႈ ၅၆မႈျဖစ္ပြားခဲ့ၿပီး လႈိင္သာယာ၊ တြံေတးနဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္ပြားခဲ့ပါတယ္။လူကုန္ကူးခံရမႈေတြထဲမွာ တ႐ုတ္မယားအျဖစ္လူကုန္ကူးခံရတဲ့အမႈက အမ်ားဆုံးျဖစ္ၿပီး ဒုတိယကေတာ့ ျပည္တြင္းမွာ ျပည့္တန္ဆာအျဖစ္ လူကုန္ကူးခံရတာျဖစ္ပါတယ္။


လူကုန္ကူးမႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ဆင္းရဲႏြမ္းပါးတာ၊ အလုပ္အကိုင္ အခြင့္အလမ္းမရွိတာေၾကာင့္ လူမႈေရးစီးပြားေရး မိသားစုဘဝရပ္တည္ဖို႔ခက္ခဲတာနဲ႔ အသိပညာဗဟုသုတနည္းပါးတာေတြေၾကာင့္ျဖစ္တယ္လို႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ကေျပာပါတယ္။


လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ တာဝန္ရွိသူတဦးက “ရန္ကုန္တိုင္းေဒသႀကီးမွာ အမ်ားဆုံး လူကုန္ကူးမႈျဖစ္ပြားရတဲ့အေၾကာင္းကေတာ့ ရန္ကုန္မွာက လူေနထူထပ္တယ္၊ နယ္ၿမိဳ႕ကသူေတြက ရန္ကုန္မွာလာေရာက္အေျခခ်တယ္။ ၿပီးေတာ့ အသိပညာဗဟုသုတ အားနည္းေတာ့ တ႐ုတ္ျပည္ဘက္ကို အလုပ္လုပ္ရမယ္ဆိုၿပီး လူကုန္ကူးခံရတယ္။ လူကုန္ကူးခံသူအမ်ားစုက ပညာအရည္အခ်င္းမွာအားနည္းတာေတြ႕ရတယ္” လို႔ ေျပာပါတယ္။


ျမန္မာတျပည္လုံးအတိုင္းအတာနဲ႔ ဆိုရင္ ၿပီးခဲ့တဲ့ႏွစ္က ရန္ကုန္တိုင္းေဒသႀကီးမွာ လူကုန္ကူးမႈ ၅၆ မႈ ၊ရွမ္းျပည္နယ္မွာ ၅၄ မႈ ၊ မႏၲေလးတိုင္းေဒသႀကီးမွာ ၂၇ မႈ၊ ကခ်င္ျပည္နယ္မွာ ၂၄ မႈ၊ ဧရာဝတီတိုင္းေဒသႀကီးမွာ ၁၅ မႈနဲ႔ ပဲခူးတိုင္းေဒသႀကီးမွာ ၁၀ မႈျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕စာရင္းအရ သိရပါတယ္။


ဒီအမႈေတြထဲမွာ အမ်ားဆုံးကေတာ့ တ႐ုတ္မယား အျဖစ္ေရာင္းစားခံရမႈနဲ႔ အတင္းအက်ပ္လက္ထပ္ယူတဲ့အမႈေတြျဖစ္ၿပီး ျပည့္တန္ဆာအျဖစ္ေရာင္းခ်တာက ၁၉ မႈနဲ႔ အငွားကိုယ္ဝန္ေဆာင္မႈ ၄ မႈ ပါဝင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dvb

#Unicode Version#

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုပေါင်း ၂၀၇ မှုထိဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရသိရပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၁၈ ခုနှစ် တနှစ်တာအတွင်း လူကုန်ကူးမှု ၅၆မှုဖြစ်ပွားခဲ့ပြီး လှိုင်သာယာ၊ တွံတေးနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။လူကုန်ကူးခံရမှုတွေထဲမှာ တရုတ်မယားအဖြစ်လူကုန်ကူးခံရတဲ့အမှုက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ပြည်တွင်းမှာ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရတာဖြစ်ပါတယ်။

လူကုန်ကူးမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ ဆင်းရဲနွမ်းပါးတာ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိတာကြောင့် လူမှုရေးစီးပွားရေး မိသားစုဘဝရပ်တည်ဖို့ခက်ခဲတာနဲ့ အသိပညာဗဟုသုတနည်းပါးတာတွေကြောင့်ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကပြောပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံး လူကုန်ကူးမှုဖြစ်ပွားရတဲ့အကြောင်းကတော့ ရန်ကုန်မှာက လူနေထူထပ်တယ်၊ နယ်မြို့ကသူတွေက ရန်ကုန်မှာလာရောက်အခြေချတယ်။ ပြီးတော့ အသိပညာဗဟုသုတ အားနည်းတော့ တရုတ်ပြည်ဘက်ကို အလုပ်လုပ်ရမယ်ဆိုပြီး လူကုန်ကူးခံရတယ်။ လူကုန်ကူးခံသူအများစုက ပညာအရည်အချင်းမှာအားနည်းတာတွေ့ရတယ်” လို့ ပြောပါတယ်။

မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ဆိုရင် ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ လူကုန်ကူးမှု ၅၆ မှု ၊ရှမ်းပြည်နယ်မှာ ၅၄ မှု ၊ မန္တလေးတိုင်းဒေသကြီးမှာ ၂၇ မှု၊ ကချင်ပြည်နယ်မှာ ၂၄ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁၅ မှုနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁၀ မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့စာရင်းအရ သိရပါတယ်။

ဒီအမှုတွေထဲမှာ အများဆုံးကတော့ တရုတ်မယား အဖြစ်ရောင်းစားခံရမှုနဲ့ အတင်းအကျပ်လက်ထပ်ယူတဲ့အမှုတွေဖြစ်ပြီး ပြည့်တန်ဆာအဖြစ်ရောင်းချတာက ၁၉ မှုနဲ့ အငှားကိုယ်ဝန်ဆောင်မှု ၄ မှု ပါဝင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top