တစ္ေန့တစ္ႀကိမ္မွ်သာ သြားတိုက္သူမ်ားပန္းေသပန္းညႇိဳးျဖစ္ႏိုင္ေျခ သံုးဆခန့္ျမင္႕မား ။ ေပက်င္း ဇန္နဝါရီ ၉ ။ သြားမတိုက္သူမ်ား သို႔မဟုတ္
တစ္ေန႔တစ္ႀကိမ္မွ်သာသြားတိုက္သူမ်ားသည္ တစ္ေန႔ ႏွစ္ႀကိမ္သြားမွန္မွန္တိုက္သူမ်ားႏွင့္ ႏိႈင္းယွဥ္ပါက ပန္းေသပန္းညႇိဳးေရာဂါျဖစ္ႏိုင္ေျခ သံုးဆခန္႔ပိုျမင့္မားေၾကာင္းသုေတသနပညာရွင္မ်ား၏ အဆိုကို ကိုးကား၍The Daily Mailသတင္းစာက ဇန္နဝါရီ ၈ရက္ကေရးသားတင္ျပထားသည္။

တ႐ုတ္ႏိုင္ငံ က်ိနန္တကၠသိုလ္မွ သုေတသနပညာရွင္မ်ားသည္အမ်ိဳးသား ဦးေရ ၂၀ဝ၀ဝ၀ေက်ာ္ကို အခ်ိန္ယူေလ့လာၿပီးေနာက္သြားတိုက္မႈအေလ့အထႏွင့္ ပန္းေသပန္းညႇိဳးေရာဂါျဖစ္ႏိုင္ေျခတို႔ၾကား ဆက္စပ္မႈကို ေဖာ္ထုတ္တင္ျပထားျခင္းျဖစ္သည္။

သြားမွန္မွန္မတိုက္မႈေၾကာင့္ျဖစ္ပြားတတ္ေသာ သြားဖံုးေရာဂါ(Gum Disease) သည္ အမ်ိဳးသားလိင္အဂၤါကို ေသြးျဖည့္ဆည္းေပးသည့္ ေသြးေၾကာမ်ားထိခိုက္ပ်က္စီးႏိုင္ေျခကို ျမင့္တက္ေစတတ္ေၾကာင္း တ႐ုတ္သုေတသနပညာရွင္မ်ားက သံုးသပ္ထားသည္။

မိမိတို႔၏ ေလ့လာခ်က္အရခံတြင္းက်န္းမာေရးအေျခအေနသည္ အမ်ိဳးသားတစ္ဦး၏ အိမ္ေထာင္ေရးဘဝအေပၚ အက်ိဳးသက္ေရာက္မႈရွိသည့္အျပင္ အျခားေနာက္ဆက္တြဲက်န္းမာေရးျပႆနာမ်ားကိုပါ ဖန္တီးေပးႏိုင္ဖြယ္ရွိသည္ကို ေတြ႕ရွိရေၾကာင္း တ႐ုတ္သုေတသနပညာရွင္မ်ားကေျပာၾကားသည္။

သြားဖံုးေရာင္ေရာဂါရွိသူ အမ်ိဳးသားမ်ားသည္ ၄င္းေရာဂါ မရွိသည့္အမ်ိဳးသားမ်ားထက္ ပန္းေသပန္းညႇိဳးေရာဂါခံစားရႏိုင္ေျခ ၂ဒသမ၈၅ဆထိ ပိုမ်ားတတ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Original
#Unicode Version#
တစ်နေ့တစ်ကြိမ်မျှသာ သွားတိုက်သူများပန်းသေပန်းညှိုးဖြစ်နိုင်ခြေ သုံးဆခန့်မြင့်မား ။ ပေကျင်း ဇန်နဝါရီ ၉ ။ သွားမတိုက်သူများ သို့မဟုတ်
တစ်နေ့တစ်ကြိမ်မျှသာသွားတိုက်သူများသည် တစ်နေ့ နှစ်ကြိမ်သွားမှန်မှန်တိုက်သူများနှင့် နှိုင်းယှဉ်ပါက ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ သုံးဆခန့်ပိုမြင့်မားကြောင်းသုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍The Daily Mailသတင်းစာက ဇန်နဝါရီ ၈ရက်ကရေးသားတင်ပြထားသည်။

တရုတ်နိုင်ငံ ကျိနန်တက္ကသိုလ်မှ သုတေသနပညာရှင်များသည်အမျိုးသား ဦးရေ ၂၀ဝဝဝ၀ကျော်ကို အချိန်ယူလေ့လာပြီးနောက်သွားတိုက်မှုအလေ့အထနှင့် ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို ဖော်ထုတ်တင်ပြထားခြင်းဖြစ်သည်။

သွားမှန်မှန်မတိုက်မှုကြောင့်ဖြစ်ပွားတတ်သော သွားဖုံးရောဂါ(Gum Disease) သည် အမျိုးသားလိင်အင်္ဂါကို သွေးဖြည့်ဆည်းပေးသည့် သွေးကြောများထိခိုက်ပျက်စီးနိုင်ခြေကို မြင့်တက်စေတတ်ကြောင်း တရုတ်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

မိမိတို့၏ လေ့လာချက်အရခံတွင်းကျန်းမာရေးအခြေအနေသည် အမျိုးသားတစ်ဦး၏ အိမ်ထောင်ရေးဘဝအပေါ် အကျိုးသက်ရောက်မှုရှိသည့်အပြင် အခြားနောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုပါ ဖန်တီးပေးနိုင်ဖွယ်ရှိသည်ကို တွေ့ရှိရကြောင်း တရုတ်သုတေသနပညာရှင်များကပြောကြားသည်။

သွားဖုံးရောင်ရောဂါရှိသူ အမျိုးသားများသည် ၎င်းရောဂါ မရှိသည့်အမျိုးသားများထက် ပန်းသေပန်းညှိုးရောဂါခံစားရနိုင်ခြေ ၂ဒသမ၈၅ဆထိ ပိုများတတ်ကြောင်းသိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top