စစ္ကုိင္းၿမဳိ႕၊အင္းဝတံတား(စစ္ကုိင္း)ေပၚမွ သားအဖႏွစ္ဦး ဧရာဝတီျမစ္အတြင္းခုန္ခ်မႈ ယေန႕ နံနက္ပုိင္းပုိင္အခ်ိန္ကျဖစ္ပြားခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႔(စစ္ကုိင္း)မွသိရသည္။

မႏၱေလးၿမဳိ႕၊ကန္ပတ္လမ္း၊ဝါဆုိေက်ာင္းတုိက္အနီးေနထုိင္ေသာ ဦးစိုးမင္းသိန္း အသက္(၄၀)ႏွစ္သည္ သမီးျဖစ္သူ မျဖဴစင္သြယ္ အသက္ (၄)ႏွစ္အားေက်ာတြင္ ခ်ီပုိးကာ ယေန႔ နံနက္ ၇ နာရီအခ်ိန္ခန္႔ကမႏၱေလးဘက္မွ အင္းဝတံတား (စစ္ကုိင္း) တံတားကုန္း ေလးကုန္းေျမာက္ေနရာမွ ဧရာဝတီျမစ္အတြင္းခုန္ခ်ခဲ့မႈျဖစ္ပြားခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႔(စစ္ကုိင္း)မွသိရသည္။

” အေဖျဖစ္သူကကေလးကုိ ေက်ာမွာခ်ီၿပီး စစ္ကုိင္းတံတား ေခၚေဆာင္လာၿပီး ၿမစ္ထဲခုန္ခ်ခဲ့တာ။ကေလးက မ်က္လုံးကင္ဆာေဝဒနာ႐ွင္ေလးပါ။ မနက္ျဖန္ေဆး႐ုံမွာခြဲရမယ္လုိ႔သိရတယ္။

ခုန္ခ်တာကုိ တံ တား ဂိတ္ကလူေတြျမင္ပါတယ္။ကြၽန္ေတာ္တုိ႔ေရာက္သြားေတာ့ ဖိနပ္တစ္ရံပဲေတြ႔တယ္။ခုန္ခ်သြားသူရဲ႕အိမ္ကုိလည္းဖုန္းဆက္ေျပာထားပါတယ္။ခု ဧရာဝတီျမစ္ထဲကုိ ႐ွာေဖြကယ္ဆယ္ေရးလုပ္ေနပါတယ္”ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႔(စစ္ကုိင္း)မွ ကုိစုိးမင္းဦးကေျပာသည္။

အင္းဝတံတား(စစ္ကုိင္း)ေပၚမွ ခုန္ခ်ခဲ့သည့္သားဖႏွစ္ဦးအားျပန္လည္ေတြ႔႐ွိရန္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔(စစ္ကိုင္း)SERT သည္ ဧရာဝတီျမစ္အတြင္း စပိတ္ဘုတ္ႏွစ္စင္းျဖင့္ ေရျပင္႐ွာေဖြေရးစတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဇယ်ာတုိင္းမ္ / KPP
#Unicode Version#
စစ်ကိုင်းမြို့၊အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှု ယနေ့ နံနက်ပိုင်းပိုင်ူအချိန်ကဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှသိရသည်။

မန္တလေးမြို့၊ကန်ပတ်လမ်း၊ဝါဆိုကျောင်းတိုက်အနီးနေထိုင်သော ဦးစိုးမင်းသိန်း အသက်(၄၀)နှစ်သည် သမီးဖြစ်သူ မဖြူစင်သွယ် အသက် (၄)နှစ်အားကျောတွင် ချီပိုးကာ ယနေ့ နံနက် ၇ နာရီအချိန်ခန့်ကမန္တလေးဘက်မှ အင်းဝတံတား (စစ်ကိုင်း) တံတားကုန်း လေးကုန်းမြောက်နေရာမှ ဧရာဝတီမြစ်အတွင်းခုန်ချခဲ့မှုဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှသိရသည်။

” အဖေဖြစ်သူကကလေးကို ကျောမှာချီပြီး စစ်ကိုင်းတံတား ခေါ်ဆောင်လာပြီး မြစ်ထဲခုန်ချခဲ့တာ။ကလေးက မျက်လုံးကင်ဆာဝေဒနာရှင်လေးပါ။ မနက်ဖြန်ဆေးရုံမှာခွဲရမယ်လို့သိရတယ်။

ခုန်ချတာကို တံ တား ဂိတ်ကလူတွေမြင်ပါတယ်။ကျွန်တော်တို့ရောက်သွားတော့ ဖိနပ်တစ်ရံပဲတွေ့တယ်။ခုန်ချသွားသူရဲ့အိမ်ကိုလည်းဖုန်းဆက်ပြောထားပါတယ်။ခု ဧရာဝတီမြစ်ထဲကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပါတယ်”ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ ကိုစိုးမင်းဦးကပြောသည်။

အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ခုန်ချခဲ့သည့်သားဖနှစ်ဦးအားပြန်လည်တွေ့ရှိရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)SERT သည် ဧရာဝတီမြစ်အတွင်း စပိတ်ဘုတ်နှစ်စင်းဖြင့် ရေပြင်ရှာဖွေရေးစတင်လုပ်ဆောင်နေကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဇေယျာတိုင်းမ် / KPP
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top