မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×


သင့္ရဲ႕ စမတ္ဖုန္းမွာ ဗက္တီးရီးယားပိုး အမ်ိဳး အစား ေထာင္ေပါင္း မ်ားစြာ ရွိေနႏိုင္ ပါတယ္။ ထို ဗက္တီးရီးယားဟာ သင့္ခႏၶာကိုယ္မွာ ကူးစက္ ေနထိုင္ဖို႔၊ ပတ္ဝန္းက်င္မွာ ေနထိုင္ဖို႔ အတြက္ လက္ကိုင္ဖုန္းကို ျပတင္းေပါက္ တစ္ခု အျဖစ္ အသံုးျပဳၾက ပါတယ္လို႔ သုေတသန အသစ္ တစ္ခုက ေထာက္ျပလိုက္ ပါတယ္။

သုေတသီ မ်ားဟာ လူ ၁၇ ေယာက္ရဲ႕ လက္ညႇိဳး မ်ား၊ လက္မမ်ားႏွင့္ သူတို႔၏ စမတ္ဖုန္း Touch-screen မ်ားရဲ႕ Sample နမူနာကို ယူၿပီး စမ္းသပ္ ခဲ့ရာ ဗက္တီးရီးယား အမ်ိဳးကြဲေပါင္း ၇၀ဝ၀ ေက်ာ္ကို ေတြ႕ရွိခဲ့ၾက ပါတယ္။ အေတြ႕ရ မ်ားဆံုး ဗက္တီးရီးယား အမ်ိဳးအစား မ်ားမွာ Streptococcus (လူတို႔၏ ပါးစပ္တြင္ အေတြ႔ရ မ်ားေသာ ပိုးတစ္မ်ိဳး)၊ Staphylococcus ႏွင့္ Corynebacterium (လူ႔အေရျပား တြင္ ေတြ႕ရ ေသာပိုး) တို႔ ျဖစ္ၾကပါတယ္။


သုေတသီမ်ား ေမွ်ာ္လင့္ထား သကဲ့သို႔ မိုဘိုင္းဖုန္း မ်ားတြင္ ေတြ႕ရေသာ ပိုး အမ်ိဳးအစားမ်ား၊ လက္ေခ်ာင္းတြင္ ေတြ႕ရေသာ အမ်ိဳးအစား မ်ားႏွင့္ ကိုက္ညီ ေနေၾကာင္း ေတြ႕ရွိခဲ့ ပါတယ္။ သို႔ေသာ္လည္း စမတ္ဖုန္းတြင္ ရွိေနေသာ ဗက္တီး ရီးယား ပိုးမ်ားဟာ စိုးရိမ္စရာ ကိစၥ တစ္ခု မဟုတ္ေၾကာင္း၊ အထူးသျဖင့္ ခႏၶာကိုယ္ေပၚႏွင့္ ပတ္ဝန္းက်င္ရွိ ဗက္တီးရီးယား မ်ားဟာ လူကို ဒုကၡ မေပးႏိုင္ေၾကာင္း ေျပာျပထား ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Digest New

#Unicode Version#

သင့်ရဲ့ စမတ်ဖုန်းမှာ ဗက်တီးရီးယားပိုး အမျိုး အစား ထောင်ပေါင်း များစွာ ရှိနေနိုင် ပါတယ်။ ထို ဗက်တီးရီးယားဟာ သင့်ခန္ဓာကိုယ်မှာ ကူးစက် နေထိုင်ဖို့၊ ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ အတွက် လက်ကိုင်ဖုန်းကို ပြတင်းပေါက် တစ်ခု အဖြစ် အသုံးပြုကြ ပါတယ်လို့ သုတေသန အသစ် တစ်ခုက ထောက်ပြလိုက် ပါတယ်။

သုတေသီ များဟာ လူ ၁၇ ယောက်ရဲ့ လက်ညှိုး များ၊ လက်မများနှင့် သူတို့၏ စမတ်ဖုန်း Touch-screen များရဲ့ Sample နမူနာကို ယူပြီး စမ်းသပ် ခဲ့ရာ ဗက်တီးရီးယား အမျိုးကွဲပေါင်း ၇၀ဝ၀ ကျော်ကို တွေ့ရှိခဲ့ကြ ပါတယ်။ အတွေ့ရ များဆုံး ဗက်တီးရီးယား အမျိုးအစား များမှာ Streptococcus (လူတို့၏ ပါးစပ်တွင် အတွေ့ရ များသော ပိုးတစ်မျိုး)၊ Staphylococcus နှင့် Corynebacterium (လူ့အရေပြား တွင် တွေ့ရ သောပိုး) တို့ ဖြစ်ကြပါတယ်။

သုတေသီများ မျှော်လင့်ထား သကဲ့သို့ မိုဘိုင်းဖုန်း များတွင် တွေ့ရသော ပိုး အမျိုးအစားများ၊ လက်ချောင်းတွင် တွေ့ရသော အမျိုးအစား များနှင့် ကိုက်ညီ နေကြောင်း တွေ့ရှိခဲ့ ပါတယ်။ သို့သော်လည်း စမတ်ဖုန်းတွင် ရှိနေသော ဗက်တီး ရီးယား ပိုးများဟာ စိုးရိမ်စရာ ကိစ္စ တစ်ခု မဟုတ်ကြောင်း၊ အထူးသဖြင့် ခန္ဓာကိုယ်ပေါ်နှင့် ပတ်ဝန်းကျင်ရှိ ဗက်တီးရီးယား များဟာ လူကို ဒုက္ခ မပေးနိုင်ကြောင်း ပြောပြထား ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top