စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


'' ရင္ခြင္ရွင္းတမ္း'' ႐ုပ္သံဇာတ္လမ္းတြဲမွာေတာ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ မ်ားစြာတို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ. ဒီဇာတ္လမ္းတြဲကို ဒါ႐ိုက္တာ သားညီက မနက္ျဖန္(ဇန္နဝါရီလ ၁၀) ရက္ေန႔က စၿပီး ႐ိုက္ကူးသြားမယ္လို႔ဆိုပါတယ္.

'' ရင္ခြင္ရွင္းတမ္း'' ႐ုပ္သံဇာတ္လမ္းတြဲ ကန္ေတာ့ပြဲကို ဇန္နဝါရီလ ၉ ရက္ေန႔ မနက္ပိုင္းက ေ႐ႊတိဂုံေစတီေတာ္ ေအာင္ေျမမွာ ကန္ေတာ့ခဲ့ၾကတာျဖစ္ၿပီး M3 စားေသာက္ဆိုင္မွာ မီဒီယာေတြနဲ႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒီဇာတ္ကားမွာေတာ့ ပရိသတ္ခ်စ္ အႏုပညာရွင္ေတြ အမ်ားႀကီး ပါဝင္သြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကား မွာေတာ့ အဓိက သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ဟိန္းေဝယံနဲ႔ မေအးေသာင္းတို႔က ''ရတနာပုံ'' ဇာတ္လမ္းတြဲ ႐ိုက္ကူးၿပီးခဲ့တဲ့ ေနာက္မွာေတာ့ ဒုတိယအႀကိမ္ ေျမာက္ ျပန္လည္ဆုံေတြ႕တဲ့ ဇာတ္ကားျဖစ္ပါတယ္.


''ရင္ခြင္ရွင္းတမ္း'' ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္လာတဲ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံ ကလည္း အေကာင္းဆုံး ႀကိဳးစား႐ိုက္ကူးသြားမယ့္ အေၾကာင္းေတြ ေျပာျပလာပါတယ္။

'' ဒီဇာတ္လမ္းတြဲမွာဆိုရင္ ကိုသားညီေရာ၊ မေအးေသာင္းနဲ႔ ေရာ ဒုတိယအႀကိမ္ေျမာက္ ျပန္တြဲ႐ိုက္ခဲ့တာျဖစ္ပါတယ္။ အရင္ တုန္းက ''ရတနာပုံ'' ဇာတ္လမ္းတြဲလည္း အတူတူ ႐ိုက္ခဲ့ဖူးၾကပါေသးတယ္။ ဒီဇာတ္ကားမွာ ဒါ႐ိုက္တာအစ စက္အဖြဲ႕ အဆုံး အားလုံး ႀကိဳးစား ႐ိုက္ကူးသြားမွာျဖစ္လို႔ ပရိသတ္ေတြလည္း အားေပးၾကပါ'' လို႔ သူကဆိုပါတယ္။

ဒီ႐ုပ္သံဇာတ္လမ္းတြဲကို တာဝန္ယူ ႐ိုက္ကူးသြားမယ့္ ဒါ႐ိုက္တာျဖစ္သူ သားညီကလည္း မနက္ျဖန္ကစၿပီး ဇာတ္လမ္းတြဲ ကို ပုံေဖာ္ေတာ့မယ္ ဆိုတာကို ဇန္နဝါရီလ ၉ ရက္ေန႔ မနက္က ''ရင္ခြင္ရွင္းတမ္း'' ႐ုပ္သံဇာတ္လမ္းတြဲ ကန္ေတာ့ ပြဲမွာ ေျပာျပထားပါတယ္။


'' ဇာတ္လမ္းတြဲ အပိုင္းကေတာ့ ၁၈ ပိုင္းပါ။ ကြၽန္ေတာ္တို႔ မနက္ျဖန္ စ႐ိုက္မွာပါ။ မနက္ျဖန္(ဇန္နဝါဂီလ ၁၀)ရက္ေန႔ ကေန စၿပီးေတာ့ ေဖေဖာ္ဝါရီလကုန္ အထိ ႐ိုက္ကူးသြားမွာပါ။ ေနရာကေတာ့ ရန္ကုန္ရယ္၊ ေနာက္ထပ္ နယ္ၿမိဳ႕ တစ္ၿမိဳ႕ေပါ့ေနာ္။ ဘယ္ေနရာျဖစ္မလဲဆိုတာေတာ့ ေ႐ြးခ်ယ္ေနတုန္းပါ။ အဓိက ကေတာ့ ရန္ကုန္မွာပဲ ႐ိုက္မွာပါ'' လို႔ ဆက္လက္ေျပာျပလာပါတယ္။

'' ရင္ခြင္ရွင္းတမ္း'' ႐ုပ္သံဇာတ္လမ္းတြဲကို 7 Sense Production က ထုတ္လုပ္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ ဟိန္းေဝယံ၊ အုပ္သာေက်ာ္၊ ၿငိမ္းေသာ္၊ ေအးဝတ္ရည္ေသာင္း၊ သြန္းဆက္၊ ဟန္ေလး၊ သီရိစိုး၊ ေခးလေရာင္ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်သရုပ်ဆောင် များစွာတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ. ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီက မနက်ဖြန်(ဇန်နဝါရီလ ၁၀) ရက်နေ့က စပြီး ရိုက်ကူးသွားမယ်လို့ဆိုပါတယ်.

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ကန်တော့ခဲ့ကြတာဖြစ်ပြီး M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ်ချစ် အနုပညာရှင်တွေ အများကြီး ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကား မှာတော့ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံနဲ့ မအေးသောင်းတို့က ''ရတနာပုံ'' ဇာတ်လမ်းတွဲ ရိုက်ကူးပြီးခဲ့တဲ့ နောက်မှာတော့ ဒုတိယအကြိမ် မြောက် ပြန်လည်ဆုံတွေ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.

''ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်လာတဲ့ သရုပ်ဆောင် ဟိန်းဝေယံ ကလည်း အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမယ့် အကြောင်းတွေ ပြောပြလာပါတယ်။

'' ဒီဇာတ်လမ်းတွဲမှာဆိုရင် ကိုသားညီရော၊ မအေးသောင်းနဲ့ ရော ဒုတိယအကြိမ်မြောက် ပြန်တွဲရိုက်ခဲ့တာဖြစ်ပါတယ်။ အရင် တုန်းက ''ရတနာပုံ'' ဇာတ်လမ်းတွဲလည်း အတူတူ ရိုက်ခဲ့ဖူးကြပါသေးတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာအစ စက်အဖွဲ့ အဆုံး အားလုံး ကြိုးစား ရိုက်ကူးသွားမှာဖြစ်လို့ ပရိသတ်တွေလည်း အားပေးကြပါ'' လို့ သူကဆိုပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲကို တာဝန်ယူ ရိုက်ကူးသွားမယ့် ဒါရိုက်တာဖြစ်သူ သားညီကလည်း မနက်ဖြန်ကစပြီး ဇာတ်လမ်းတွဲ ကို ပုံဖော်တော့မယ် ဆိုတာကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်က ''ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ ပွဲမှာ ပြောပြထားပါတယ်။

'' ဇာတ်လမ်းတွဲ အပိုင်းကတော့ ၁၈ ပိုင်းပါ။ ကျွန်တော်တို့ မနက်ဖြန် စရိုက်မှာပါ။ မနက်ဖြန်(ဇန်နဝါဂီလ ၁၀)ရက်နေ့ ကနေ စပြီးတော့ ဖေဖော်ဝါရီလကုန် အထိ ရိုက်ကူးသွားမှာပါ။ နေရာကတော့ ရန်ကုန်ရယ်၊ နောက်ထပ် နယ်မြို့ တစ်မြို့ပေါ့နော်။ ဘယ်နေရာဖြစ်မလဲဆိုတာတော့ ရွေးချယ်နေတုန်းပါ။ အဓိက ကတော့ ရန်ကုန်မှာပဲ ရိုက်မှာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲကို 7 Sense Production က ထုတ်လုပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဟိန်းဝေယံ၊ အုပ်သာကျော်၊ ငြိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုး၊ ခေးလရောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top