ႏွစ္စဥ္တိုင္း ဂူးဂဲလ္ကက်င္းပေရြးခ်ယ္ေလ့ရိွတဲ့ Doodle for Google ျပိဳင္ပြဲမွာ ဗာဂ်ီးနီးယားျပည္နယ္မွာေနထိုင္တဲ့ ဒုတိယတန္းေက်ာင္းသူေလး ဆာရာ ဂိုးမက္ဇ္ လိန္း (Sarah Gomez-Lane) က ဒိုင္ႏိုေဆာရုပ္ေလးေတြေရးဆြဲယွဥ္ျပိဳင္ျပီး အႏိုင္ရရိွကာ ေကာလိပ္ပညာသင္ဆု အေမရိကန္ေဒၚလာ ၃၀၀၀၀ ကို ဆြတ္ခူးသြားခဲ့ပါတယ္။

ဒုတိယတန္းေက်ာင္းသူ ဆာရာ ဂိုးမက္ဇ္ လိန္း (Sarah Gomez-Lane) ဟာ Google စာလံုးပံုစံေဖာ္လို႔ရတဲ့ ဒိုင္ႏိုေဆာရုပ္ေလးေတြ ေရးဆြဲယွဥ္ျပိဳင္ခဲ့တာျဖစ္ပါတယ္။ ဆာရာအပါအဝင္ တျခားေသာ ဆန္ကာတင္စာရင္းဝင္တဲ့ကေလးငယ္ေတြဟာ Google ကုမၸဏီကို တစ္ရက္တာသြားေရာက္လည္ပတ္ခြင့္ရခဲ့ျပီး ကုမၸဏီရဲ႕ဒီဇိုင္နာေတြနဲ႔ေတြ႔ဆံုအျပီးမွာ ဒီဆုကို သူရရိွေၾကာင္း သိလိုက္ရတာပါ။


"သမီးနာမည္ကိုေၾကညာလိုက္တဲ့အခ်ိန္မွာ အရမ္းေပ်ာ္ျပီး အံ့အားလည္းသင့္သြားတယ္။ သမီးတို႔ေက်ာင္းရဲ႕ေက်ာင္းအုပ္ၾကီးဆီကို ဖုန္းဆက္ျပီးေျပာျပလိုက္ေတာ့ သူက "ေရး" လို႔ ထေအာ္ေတာ့တာပဲ လို႔ ဆာရာက ဆုရရိွမွုနဲ႔ပတ္သက္လို႔ ေျပာျပခဲ့ပါတယ္။


ဒီႏွစ္အတြက္ အရုပ္ဆြဲျပိဳင္ပြဲရဲ႕ေခါင္းစည္းက "ကၽြႏု္ပ္ကိုလႊမ္းမိုးတဲ့အရာက..." ျဖစ္ပါတယ္။ ဒိုင္ႏိုေဆာေတြက သူ႔ကိုလႊမ္းမိုးႏိုင္ျပီး ဒါေၾကာင့္ပဲ သူၾကီးလာရင္ ေက်ာက္ျဖစ္ရုပ္ၾကြင္းပညာရွင္တစ္ေယာက္ျဖစ္ခ်င္တာလို႔ ဆာရာက ဆိုခဲ့ပါတယ္။ ဒီဆုကို ဆာရာ ရရိွေၾကာင္းကိုေၾကညာျပီးတဲ့ေနာက္ ကုမၸဏီရဲ႕Doodle team က သူဆြဲထားတဲ့ ဒိုင္ႏိုေဆာရုပ္ေလးေတြကို သက္ဝင္လွုပ္ရွားေနတဲ့ Google Doodle အျဖစ္ ေျပာင္းလဲဖန္တီးခဲ့ပါတယ္။


"ဒီအရုပ္ေလးေတြကိုၾကည့္မိသူတိုင္းအေနနဲ႔ သူတို႔ကေလးဘဝတုန္းက ဘာေတြကို စိတ္ကူးအိပ္မက္ခဲ့တယ္ဆိုတာေတြးမိသြားေစရံုသာမကဘဲ ရိုးရွင္းတဲ့အရာေလးေတြကို ဘဝမွာတစ္စကၠန္႔ေလာက္ပဲျဖစ္ေစ ၾကည့္မိလိုက္ေစဖို႔ ေမ်ွာ္လင့္တာပါ" လို႔ Google Doodle Team ရဲ႕ ကမၻာလံုးဆိုင္ရာေစ်းကြက္ရွာေဖြေရးအၾကီးအကဲ Perla Campos ကေျပာပါတယ္။


ဒုတိယတန္းအရြယ္သာရိွေသးတဲ့ ဆာရာ ကေတာ့ ေကာလိပ္ပညာသင္ဆု ေဒၚလာ ၃၀၀၀၀ ရရိွျပီး ေက်ာက္ျဖစ္ရုပ္ၾကြင္းပညာရွင္တစ္ေယာက္ျဖစ္ခ်င္တဲ့ သူ႔ရဲ႕စိတ္ကူးအိပ္မက္နဲ႔ နီးစပ္ဖုိ႔ ေျခစလွမ္းႏိုုင္သြားျပီလို႔ ဆိုရမွာပါ။ ဒါ့အျပင္ ဆာရာ့လို စိတ္ကူးအိပ္မက္ေတြကိုပံုေဖာ္ခ်င္တဲ့ ေက်ာင္းသားေက်ာင္းသူေလးေတြကို ကူညီေျမေတာင္ေျမွာက္ေပးႏိုင္ဖို႔ နည္းပညာက႑အတြက္အသံုးစရိတ္ ေဒၚလာ ၅၀၀၀၀ကို ဆာရာတက္ေနတဲ့ေက်ာင္းထံ ေပးအပ္သြားမွာျဖစ္ေၾကာင္း ဂူးဂဲလ္က ထုတ္ျပန္ခဲ့ပါေသးတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

နှစ်စဉ်တိုင်း ဂူးဂဲလ်ကကျင်းပရွေးချယ်လေ့ရှိတဲ့ Doodle for Google ပြိုင်ပွဲမှာ ဗာဂျီးနီးယားပြည်နယ်မှာနေထိုင်တဲ့ ဒုတိယတန်းကျောင်းသူလေး ဆာရာ ဂိုးမက်ဇ် လိန်း (Sarah Gomez-Lane) က ဒိုင်နိုဆောရုပ်လေးတွေရေးဆွဲယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ ကောလိပ်ပညာသင်ဆု အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဒုတိယတန်းကျောင်းသူ ဆာရာ ဂိုးမက်ဇ် လိန်း (Sarah Gomez-Lane) ဟာ Google စာလုံးပုံစံဖော်လို့ရတဲ့ ဒိုင်နိုဆောရုပ်လေးတွေ ရေးဆွဲယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဆာရာအပါအဝင် တခြားသော ဆန်ကာတင်စာရင်းဝင်တဲ့ကလေးငယ်တွေဟာ Google ကုမ္ပဏီကို တစ်ရက်တာသွားရောက်လည်ပတ်ခွင့်ရခဲ့ပြီး ကုမ္ပဏီရဲ့ဒီဇိုင်နာတွေနဲ့တွေ့ဆုံအပြီးမှာ ဒီဆုကို သူရရှိကြောင်း သိလိုက်ရတာပါ။

"သမီးနာမည်ကိုကြေညာလိုက်တဲ့အချိန်မှာ အရမ်းပျော်ပြီး အံ့အားလည်းသင့်သွားတယ်။ သမီးတို့ကျောင်းရဲ့ကျောင်းအုပ်ကြီးဆီကို ဖုန်းဆက်ပြီးပြောပြလိုက်တော့ သူက "ရေး" လို့ ထအော်တော့တာပဲ လို့ ဆာရာက ဆုရရှိမှုနဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။

ဒီနှစ်အတွက် အရုပ်ဆွဲပြိုင်ပွဲရဲ့ခေါင်းစည်းက "ကျွနု်ပ်ကိုလွှမ်းမိုးတဲ့အရာက..." ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေက သူ့ကိုလွှမ်းမိုးနိုင်ပြီး ဒါကြောင့်ပဲ သူကြီးလာရင် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ယောက်ဖြစ်ချင်တာလို့ ဆာရာက ဆိုခဲ့ပါတယ်။ ဒီဆုကို ဆာရာ ရရှိကြောင်းကိုကြေညာပြီးတဲ့နောက် ကုမ္ပဏီရဲ့Doodle team က သူဆွဲထားတဲ့ ဒိုင်နိုဆောရုပ်လေးတွေကို သက်ဝင်လှုပ်ရှားနေတဲ့ Google Doodle အဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။

"ဒီအရုပ်လေးတွေကိုကြည့်မိသူတိုင်းအနေနဲ့ သူတို့ကလေးဘဝတုန်းက ဘာတွေကို စိတ်ကူးအိပ်မက်ခဲ့တယ်ဆိုတာတွေးမိသွားစေရုံသာမကဘဲ ရိုးရှင်းတဲ့အရာလေးတွေကို ဘဝမှာတစ်စက္ကန့်လောက်ပဲဖြစ်စေ ကြည့်မိလိုက်စေဖို့ မျှော်လင့်တာပါ" လို့ Google Doodle Team ရဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ရှာဖွေရေးအကြီးအကဲ Perla Campos ကပြောပါတယ်။

ဒုတိယတန်းအရွယ်သာရှိသေးတဲ့ ဆာရာ ကတော့ ကောလိပ်ပညာသင်ဆု ဒေါ်လာ ၃၀၀၀၀ ရရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့စိတ်ကူးအိပ်မက်နဲ့ နီးစပ်ဖို့ ခြေစလှမ်းနိုင်သွားပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် ဆာရာ့လို စိတ်ကူးအိပ်မက်တွေကိုပုံဖော်ချင်တဲ့ ကျောင်းသားကျောင်းသူလေးတွေကို ကူညီမြေတောင်မြှောက်ပေးနိုင်ဖို့ နည်းပညာကဏ္ဍအတွက်အသုံးစရိတ် ဒေါ်လာ ၅၀၀၀၀ကို ဆာရာတက်နေတဲ့ကျောင်းထံ ပေးအပ်သွားမှာဖြစ်ကြောင်း ဂူးဂဲလ်က ထုတ်ပြန်ခဲ့ပါသေးတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top