ျမန္မာရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈရသေကာင္းေကာင္းေပးႏိုင္တဲ့ အကယ္ဒမီ ေဗလုဝကေတာ့ အႏုပညာဖက္မွာ ေအာင္ျမင္ခဲ့သလို လက္ရွိအသက္အရြယ္ရလာခ်ိန္မွာေတာ့ ကိုယ္ပိုင္စီးပြားေရးလုပ္မယ့္ဖက္ကို ကူးေျပာင္းခဲ့တာ ျဖစ္ပါတယ္။ ေဗလုဝကေတာ့ သူ႔ရဲ့ စီးပြားေရးအေနျဖင့္ လယ္သူမ လို႔အမည္ရတဲ့ ျမန္မာထမင္းဟင္းဆိုင္ေလးကို တႏိုင္တပိုင္ဖြင့္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႔ကေတာ့ သူ႔ရဲ့ဆိုင္က ဟင္းလ်ာေတြက ေစ်းေတာ္ေတာ္ၾကီးတယ္ဆိုျပီး ေဝဖန္ေနၾကတာနဲ႔ ပတ္သက္ျပီး ေဗလုဝကေတာ့ ျပန္လည္ေျဖရွင္းလိုက္တာ ျဖစ္ပါတယ္။

ေဗလုဝကေတာ့ 8 Day န႔ဲ အင္တာဗ်ဴးတြင္ ဆိုင္ဖြင့္ျဖစ္တာနဲ႔ ပတ္သက္ျပီး “စီးပြားေရး သက္သက္ေတာ့ မဟုတ္ပါဘူး။ ဦးေဗ စိတ္ကူးေလးတခုကို အေကာင္အထည္ေဖာ္လိုက္တာပါ။ ဒီလိုစိတ္ကူးတာကလည္း ၅ ႏွစ္ ၆ ႏွစ္ေလာက္ရွိပါျပီ။ ျမန္မာေက်းလက္ ထမင္းဆိုင္ေလးတဆိုင္ေလာက္ ဖြင့္မယ္ဆိုျပီးေတာ့။ အခုေတာ့ အဲ့ဒါေလးက ဒီဇင္ဘာ ၁၆ ရက္ေန႔က အေကာင္အထည္ ေဖာ္ျဖစ္သြားပါတယ္”
ဆိုင္မွာ အဓိက ေရာင္းခ်ေပးတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ျပီး “အဓိက ကေတာ့ ေက်းလက္ဟင္းေလးတခုျဖစ္တဲ့ လယ္သူမဟင္းဆိုတာေလးကေတာ့ အဓိက က်ပါတယ္။ က်န္တာေတြကေတာ့ ပံုစံကြဲေလးေတြေပါ့”

ဆိုုင္ရဲ့ အျပင္အဆင္ေရးကေရာ ဘယ္လိုစိတ္ကူးနဲ႔ လုပ္ျဖစ္တာလဲဆိုတဲ့အေပၚ “ဆိုင္ရဲ့ အျပင္အဆင္ေလးကေတာ့ ေက်းလက္လို ပံုစံေလးပါပဲ။ ဗူးစင္ေလးေတြ ဘာေလးေတြနဲ႔ေပါ့။ လာစားတဲ့သူေတြအတြက္ စိတ္ၾကည္ႏူးဖို႔အတြက္ေပါ့။ စိတ္ခ်မ္းသာမႈလည္း ရမယ္။ စားရတဲ့သူေတြအတြက္လည္း စားလို႔ေကာင္းမယ္ေပါ့”

ဟင္းလ်ာရဲ့ ေစ်းႏႈန္းေတြကေရာဆိုတဲ့ အေပၚ “ဟင္းလ်ာေတြကေတာ့ ရိုးရိုးသာမန္ပါပဲ။ ၃၅၀၀၊ ၄၀၀၀၊ ၄၅၀၀ အဲ့ေလာက္ပါပဲ။ ကြ်န္ေတာ္တို႔က ဘာကိုအဓိက ထားလဲဆုိေတာ့ ရွားပါးတဲ့ အစားအစာေတြေပါ့။ ဒီလုိအခ်ိန္ဆို ေက်းလက္မွာ ဆိုဖားသားေလးေတြ ရခဲတယ္။ ရလာတယ္ဆိုရင္လည္း ခ်က္ေကြ်းတယ္။ ဖားသားၾကိဳက္တဲ့ ပရိသတ္ေတြအတြက္ေပါ့”

ဆိုင္ရဲ႕အေၾကာင္း ေဝဖန္ေျပာဆိုၾကတာေတြနဲ႔ ပတ္သက္ျပီး “ေျပာေနတဲ့သူေတြကေတာ့ ေျပာေနၾကမွာပါပဲေလ။ ဘယ္သူမွလည္း လြတ္မွာမဟုတ္ပါဘူး။ လူတိုင္းလည္း အေျပာခံေနရတာပဲေလ။ တကယ္တတ္တဲ့သူေတြ ရွိတယ္။ ဦးေဗက်ေတာ့လည္း ကိုယ့္အလုပ္န႔ဲ ကိုယ္မအားဘူးေလ။ မအားေတာ့လည္း ျပံဳးပဲေနလိုက္ပါတယ္”

ဆုိင္ထပ္ဖြင့္ဖို႔နဲ႔ ပတ္သက္ျပီး “အဲ့ဒါက နံနက္စာအတြက္ပါ။ သူက လယ္သူမ အပ်ိဳစင္ တစ္ အဲ့ဒါက နံနက္ခင္းမွာ ငရံေျခာက္ဖုတ္ရမယ္။ လယ္သူမ မုန္႔ဟင္းခါးရမယ္။ ေရေႏြးၾကမ္းေကာင္းေကာင္းေလးနဲ႔ေပါ့။ တျခားျမိဳ႔ေတြမွာေတာ့ မဖြင့္ႏိုင္ေသးပါဘူး။ မႏိုင္ေသးဘူးေလ”

ဇာတ္ကားရိုက္ကူးမႈန႔ဲ ပတ္သက္ျပီး “ေဟာေျပာပြဲေတြေတာ့ ထြက္ပါတယ္။ ရုပ္ရွင္ဆိုတာကလည္း ငွားမယ့္သူရွိမွ ရိုက္ရမွာေလ။ ငွားမယ့္သူမရွိေတာ့လဲ မရိုက္ရဘူးေပါ့” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi

#Unicode Version#
မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဖျော်ဖြေမှုရသကောင်းကောင်းပေးနိုင်တဲ့ အကယ်ဒမီ ဗေလုဝကတော့ အနုပညာဖက်မှာ အောင်မြင်ခဲ့သလို လက်ရှိအသက်အရွယ်ရလာချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်မယ့်ဖက်ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။ ဗေလုဝကတော့ သူ့ရဲ့ စီးပွားရေးအနေဖြင့် လယ်သူမ လို့အမည်ရတဲ့ မြန်မာထမင်းဟင်းဆိုင်လေးကို တနိုင်တပိုင်ဖွင့်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ကတော့ သူ့ရဲ့ဆိုင်က ဟင်းလျာတွေက ဈေးတော်တော်ကြီးတယ်ဆိုပြီး ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ဗေလုဝကတော့ ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

ဗေလုဝကတော့ 8 Day နဲ့ အင်တာဗျူးတွင် ဆိုင်ဖွင့်ဖြစ်တာနဲ့ ပတ်သက်ပြီး “စီးပွားရေး သက်သက်တော့ မဟုတ်ပါဘူး။ ဦးဗေ စိတ်ကူးလေးတခုကို အကောင်အထည်ဖော်လိုက်တာပါ။ ဒီလိုစိတ်ကူးတာကလည်း ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ။ မြန်မာကျေးလက် ထမင်းဆိုင်လေးတဆိုင်လောက် ဖွင့်မယ်ဆိုပြီးတော့။ အခုတော့ အဲ့ဒါလေးက ဒီဇင်ဘာ ၁၆ ရက်နေ့က အကောင်အထည် ဖော်ဖြစ်သွားပါတယ်”
ဆိုင်မှာ အဓိက ရောင်းချပေးတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး “အဓိက ကတော့ ကျေးလက်ဟင်းလေးတခုဖြစ်တဲ့ လယ်သူမဟင်းဆိုတာလေးကတော့ အဓိက ကျပါတယ်။ ကျန်တာတွေကတော့ ပုံစံကွဲလေးတွေပေါ့”

ဆိုင်ရဲ့ အပြင်အဆင်ရေးကရော ဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ်တာလဲဆိုတဲ့အပေါ် “ဆိုင်ရဲ့ အပြင်အဆင်လေးကတော့ ကျေးလက်လို ပုံစံလေးပါပဲ။ ဗူးစင်လေးတွေ ဘာလေးတွေနဲ့ပေါ့။ လာစားတဲ့သူတွေအတွက် စိတ်ကြည်နူးဖို့အတွက်ပေါ့။ စိတ်ချမ်းသာမှုလည်း ရမယ်။ စားရတဲ့သူတွေအတွက်လည်း စားလို့ကောင်းမယ်ပေါ့”

ဟင်းလျာရဲ့ ဈေးနှုန်းတွေကရောဆိုတဲ့ အပေါ် “ဟင်းလျာတွေကတော့ ရိုးရိုးသာမန်ပါပဲ။ ၃၅၀၀၊ ၄၀၀၀၊ ၄၅၀၀ အဲ့လောက်ပါပဲ။ ကျွန်တော်တို့က ဘာကိုအဓိက ထားလဲဆိုတော့ ရှားပါးတဲ့ အစားအစာတွေပေါ့။ ဒီလိုအချိန်ဆို ကျေးလက်မှာ ဆိုဖားသားလေးတွေ ရခဲတယ်။ ရလာတယ်ဆိုရင်လည်း ချက်ကျွေးတယ်။ ဖားသားကြိုက်တဲ့ ပရိသတ်တွေအတွက်ပေါ့”

ဆိုင်ရဲ့အကြောင်း ဝေဖန်ပြောဆိုကြတာတွေနဲ့ ပတ်သက်ပြီး “ပြောနေတဲ့သူတွေကတော့ ပြောနေကြမှာပါပဲလေ။ ဘယ်သူမှလည်း လွတ်မှာမဟုတ်ပါဘူး။ လူတိုင်းလည်း အပြောခံနေရတာပဲလေ။ တကယ်တတ်တဲ့သူတွေ ရှိတယ်။ ဦးဗေကျတော့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မအားဘူးလေ။ မအားတော့လည်း ပြုံးပဲနေလိုက်ပါတယ်”

ဆိုင်ထပ်ဖွင့်ဖို့နဲ့ ပတ်သက်ပြီး “အဲ့ဒါက နံနက်စာအတွက်ပါ။ သူက လယ်သူမ အပျိုစင် တစ် အဲ့ဒါက နံနက်ခင်းမှာ ငရံခြောက်ဖုတ်ရမယ်။ လယ်သူမ မုန့်ဟင်းခါးရမယ်။ ရေနွေးကြမ်းကောင်းကောင်းလေးနဲ့ပေါ့။ တခြားမြို့တွေမှာတော့ မဖွင့်နိုင်သေးပါဘူး။ မနိုင်သေးဘူးလေ”

ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး “ဟောပြောပွဲတွေတော့ ထွက်ပါတယ်။ ရုပ်ရှင်ဆိုတာကလည်း ငှားမယ့်သူရှိမှ ရိုက်ရမှာလေ။ ငှားမယ့်သူမရှိတော့လဲ မရိုက်ရဘူးပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top