ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
#Unicode Version#
ရုပ်ရှင်သရုပ်ဆောင် ဦးမေတ္တာကတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။
ပရိသတ်တွေကို စစ်မှန်တဲ့ အနုပညာတွေနဲ့ အပန်းပြေစေခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး မေတ္တာကတော့ ဒီမနေ့ညနေ ၄း၃၀ လောက်မှာ အာရှတော်ဝင်ဆေးရုံကြီးရဲ့ အရေးပေါ်ဋ္ဌာနမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကိုကောင်းကျော်က သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ စိတ်မကောင်းစွာနဲ့ ပရိသတ်တွေကို အသိပေးထားတာပါ။
ကောင်းကျော်ကတော့ “ရုပ်ရှင်နှင့်video ဟာသ သရုပ်ဆောင် ကိုမေတ္တာ ကျမ္မာရေးအခြေအနေကြောင့် ယနေ့ညနေ၄း၃၀ ခန့်တွင် အာရှတော်ဝင်ဆေးရုံကြီးတွင် အရေးပေါ်တက်ရောက်ကုသနေ ကြောင်းကြားသိရပါသည် ကိုမေတ္တာ အမြန်ဆုံးကျမ္မာပါစေဟု ဆုတောင်းပေးနေပါသည်ချစ်friတို့လဲ ဆုတောင်းပေးကြပါဦးနော်။ ကောင်းကျော် ပြန်ကြားရေးမှုး လူရွှင်တော်အသင်း(ရန်ကုန်)9-1-2019” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားထားတာပါ။
သရုပ်ဆောင်ဦးမေတ္တာတစ်ယောက်အမြန်ဆုံး ကျန်းမာပါစေလို့ စွယ်စုံသတင်းစုံ ကဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလဲ ဦးမေတ္တာအတွက် ဆုတောင်းစကားလေးပြောခဲ့ကြဦးနော်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top