စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အလွမယ္သင္းသင္းကုိ အလိုမတူပဲ မတရားျပဳမႈနဲ႔ ပုဒ္မ (၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ ေဝဠဳေက်ာ္ဟာ ဇန္နဝါရီလ (၂၂) ရက္ေန႔မနက္မွာ အမႈရဲ႕ပထမဆံုးရံုးခ်ိန္းကုိ တက္ေရာက္လာခဲ့ပါတယ္။ တစ္ဖက္က တရားလိုျဖစ္တဲ့ အလွမယ္သင္းသင္းကလည္း ရံုးခ်ိန္းတက္ေရာက္လာခဲ့တယ္လို႔ဆိုပါတယ္။ ေဝဠဳေက်ာ္က အမႈနဲ႔ပတ္သက္ျပီး ရံုးခ်ိန္းလာရင္းနဲ႔ မီဒီယာေတြကုိ အင္တာဗ်ဴးေျဖၾကားေပးသြားပါတယ္။

ေဝဠဳေက်ာ္က ပထမဆံုးရံုးခ်ိန္းမွာပဲ သိန္း (၅၀) နဲ႔ အာမခံရရွိသြားျပီး အဲဒီအမႈဟာ အာမခံေပးလို႔ရတဲ့အမႈျဖစ္တာေၾကာင့္ အာမခံရသြားတာမွန္ကန္ေၾကာင္း တရားလိုဘက္က ေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က “သိန္း(၅၀)နဲ႕ အာမခံတာ ခံလို႕ရပါတယ္။ ကိုေဝဠဳေက်ာ္က ဒီေန႕ အာမခံေလွ်ာက္တယ္။ အဲ့ဒါေၾကာင့္ အာမခံေပးတယ္။ အာမခံေပးရမယ့္ အမႈမို႕လို႕ တရားရံုးက ေပးတယ္။ ဒါမွန္ကန္တယ္”လို႔ မီဒီယာေတြကုိေျဖၾကားသြားခဲ့ပါတယ္။

ေဝဠဳေက်ာ္ကေတာ့ အဲဒီအေပၚ “ဒါကေတာ့ မိဘဆိုတာက ကုိယ့္သားသမီးကုိ အယံုၾကည္ဆံုးပဲေလ။ အဲ့ေတာ့ သူတို႔လိုက္ျပီးအာမခံေပးတာေပါ့”လို႔ ေျဖၾကားထားပါတယ္။ ေဝဠဳေက်ာ္က အဲဒီအမႈနဲ႔ပတ္သက္လုိ႔ လူေတြသူ႔အေပၚျမင္ၾကပံုနဲ႔ပတ္သက္ျပီး “လူတုိင္းကေတာ့ သူတို႔ရဲ႕စိတ္ကူး၊သူတုိ႔ရဲ႕အျမင္ေတြကေတာ့ ရွိၾကမွာပါပဲ။ အဲဒီအေပၚလည္းကြ်န္ေတာ္ဘာမွမရွိပါဘူး။ ကြ်န္ေတာ္ကေတာ့ လူတိုင္းအေပၚမွာခ်စ္ျခင္းပဲထားပါတယ္။ မုန္းျခင္းမထားပါဘူး”လို႔ ေျပာျပသြားပါတယ္။

အခုလိုတရားစြဲဆိုခံရတာနဲ႔ပတ္သက္ျပီး ကုိယ့္ကုိယ္ကုိယ္သိမ္ငယ္တာေတြဘာေတြ မရွိေၾကာင္း “အဲလိုမ်ိဳးေတာ့မရွိပါဘူး။ ကြ်န္ေတာ္ကေတာ့ လုပ္ရိုးလုပ္စဥ္အလုပ္ပဲကြ်န္ေတာ္လုပ္ေနတာပါ။ အခုလည္းကြ်န္ေတာ္ နာဂ က ျပန္လာတာပါ။ ကြ်န္ေတာ္မၾကာခင္ျမစ္ၾကီးနားခဏသြားမွာပါ။ ၾကက္ေျခနီဗဟုိေကာင္စီအစည္းအေဝးလည္းတက္ရပါဦးမယ္။ ဒါကြ်န္ေတာ္လုပ္ရိုးလုပ္စဥ္ေတြလုပ္ေနတာပါ။ ဘယ္သူဘယ္လုိပဲၾကည့္ၾကည့္ပါ ကြ်န္ေတာ္ဒီတုိင္းပဲ ဆက္လုပ္ေနရမွာပါပဲ”လို႔ ေျဖၾကားထားပါတယ္။

အမႈနုိင္မယ္လို႔ယံုၾကည္လားဆိုတဲ့ေမးခြန္းကုိေတာ့ ေဝဠဳေက်ာ္က “အဲဒါကေတာ့ တရားရံုးကပဲ ဆံုးျဖတ္ပါလိမ့္မယ္။ ကြ်န္ေတာ္ဆံုးျဖတ္လုိ႔မရပါဘူး။ အမွန္တရားကုိတရားရံုးေပၚေရာက္သြားျပီဆိုတဲ့အတြက္ ဒါအေကာင္းဆံုးပါပဲ”လို႔ ခုိင္ခိုင္မာမာေျပာၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေဝဠဳေက်ာ္ကို ယံုၾကည္ၾကလား။ ဒီအမႈဟာ အမွန္တရားက ဘယ္လိုပံုစံနဲ႔ထြက္လာမယ္လို႔ထင္ၾကလဲ။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

အလှမယ်သင်းသင်းကို အလိုမတူပဲ မတရားပြုမှုနဲ့ ပုဒ်မ (၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်ဟာ ဇန်နဝါရီလ (၂၂) ရက်နေ့မနက်မှာ အမှုရဲ့ပထမဆုံးရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ တစ်ဖက်က တရားလိုဖြစ်တဲ့ အလှမယ်သင်းသင်းကလည်း ရုံးချိန်းတက်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ ဝေဠုကျော်က အမှုနဲ့ပတ်သက်ပြီး ရုံးချိန်းလာရင်းနဲ့ မီဒီယာတွေကို အင်တာဗျူးဖြေကြားပေးသွားပါတယ်။

ဝေဠုကျော်က ပထမဆုံးရုံးချိန်းမှာပဲ သိန်း (၅၀) နဲ့ အာမခံရရှိသွားပြီး အဲဒီအမှုဟာ အာမခံပေးလို့ရတဲ့အမှုဖြစ်တာကြောင့် အာမခံရသွားတာမှန်ကန်ကြောင်း တရားလိုဘက်က ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “သိန်း(၅၀)နဲ့ အာမခံတာ ခံလို့ရပါတယ်။ ကိုဝေဠုကျော်က ဒီနေ့ အာမခံလျှောက်တယ်။ အဲ့ဒါကြောင့် အာမခံပေးတယ်။ အာမခံပေးရမယ့် အမှုမို့လို့ တရားရုံးက ပေးတယ်။ ဒါမှန်ကန်တယ်”လို့ မီဒီယာတွေကိုဖြေကြားသွားခဲ့ပါတယ်။

ဝေဠုကျော်ကတော့ အဲဒီအပေါ် “ဒါကတော့ မိဘဆိုတာက ကိုယ့်သားသမီးကို အယုံကြည်ဆုံးပဲလေ။ အဲ့တော့ သူတို့လိုက်ပြီးအာမခံပေးတာပေါ့”လို့ ဖြေကြားထားပါတယ်။ ဝေဠုကျော်က အဲဒီအမှုနဲ့ပတ်သက်လို့ လူတွေသူ့အပေါ်မြင်ကြပုံနဲ့ပတ်သက်ပြီး “လူတိုင်းကတော့ သူတို့ရဲ့စိတ်ကူး၊သူတို့ရဲ့အမြင်တွေကတော့ ရှိကြမှာပါပဲ။ အဲဒီအပေါ်လည်းကျွန်တော်ဘာမှမရှိပါဘူး။ ကျွန်တော်ကတော့ လူတိုင်းအပေါ်မှာချစ်ခြင်းပဲထားပါတယ်။ မုန်းခြင်းမထားပါဘူး”လို့ ပြောပြသွားပါတယ်။

အခုလိုတရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်တာတွေဘာတွေ မရှိကြောင်း “အဲလိုမျိုးတော့မရှိပါဘူး။ ကျွန်တော်ကတော့ လုပ်ရိုးလုပ်စဉ်အလုပ်ပဲကျွန်တော်လုပ်နေတာပါ။ အခုလည်းကျွန်တော် နာဂ က ပြန်လာတာပါ။ ကျွန်တော်မကြာခင်မြစ်ကြီးနားခဏသွားမှာပါ။ ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးလည်းတက်ရပါဦးမယ်။ ဒါကျွန်တော်လုပ်ရိုးလုပ်စဉ်တွေလုပ်နေတာပါ။ ဘယ်သူဘယ်လိုပဲကြည့်ကြည့်ပါ ကျွန်တော်ဒီတိုင်းပဲ ဆက်လုပ်နေရမှာပါပဲ”လို့ ဖြေကြားထားပါတယ်။

အမှုနိုင်မယ်လို့ယုံကြည်လားဆိုတဲ့မေးခွန်းကိုတော့ ဝေဠုကျော်က “အဲဒါကတော့ တရားရုံးကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်ဆုံးဖြတ်လို့မရပါဘူး။ အမှန်တရားကိုတရားရုံးပေါ်ရောက်သွားပြီဆိုတဲ့အတွက် ဒါအကောင်းဆုံးပါပဲ”လို့ ခိုင်ခိုင်မာမာပြောကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဝေဠုကျော်ကို ယုံကြည်ကြလား။ ဒီအမှုဟာ အမှန်တရားက ဘယ်လိုပုံစံနဲ့ထွက်လာမယ်လို့ထင်ကြလဲ။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top