သံလမ်းမှတ်တိုင်အနီး ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျ ပိုင်ဆိုင်မည့် The Leaf Residence အထူးအရောင်းပြပွဲ
×

 




ယုံကြည်ပြီးနောက်ကလိုက် တရားစခန်းဝင်တဲ့ တကာမတွေ (၉)သချီ င်္ုင်းမပြည့်သေးခင် ကိုယ်ဝန်ရ သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်၊ ယုံကြည်လွန်တဲ့ လူတွေကတော့ ခုလို သမီးဖြစ်သူ အမည်မဖေါ်နိုင်တဲ့ ကိုယ်ဝန်ကို ဘိုးတော်လက်ဆောင် အဘဘုန်းရဲ့ ကိုယ်ပွားပေးတာလို့ တောင် ဂုဏ်ယူနေကြပါသေးတယ်။





Credit:bamakhit

#Unicode Version#
၂၀၀၅ ခုနှစ်ကစပြီး ကမ္ဘာသိလာတဲ့ နိပေါနိုင်ငံ ဘုရားအလောင်းဟု လူသိများသူ Ram Bahadur Bomjan ရမ်ဘဟာရာ ဘွမ်ကျန် အသက် ၂၈ နဲ့ သူ့ရဲ့ နောက်လိုက်တွေကို ရဲတပ်ဖွဲ့က အမျိုးသမီးနဲ့ သီလရှင် တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ စုံစမ်းစစ်ဆေး နေပြီလို့ နိပေါနိုင်ငံဆိုင်ရာသတင်းတွေမှာဖေါ်ပြနေပါတယ်။

တောထဲမှာတစ်လတာ ရေနဲ့အစာမစားဘဲ တရားကျင့်နေကြတဲ့ အမျိုးသမီးအနည်းဆုံး ၁၂ ဦးရဲ့ တိုင်းတန်းချက်တွေကြောင့် ခုလိုစစ်ဆေးနေတာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် သီလရှင် တပါးကိုတော့ သူ့ရဲနောက်လိုက်တဦးက လူရှင်းတဲ့တောထဲခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတာပါ။

ဘာသာတိုင်း လူမျိုးတိုင်းမှာ လူကောင်း လူယုတ်မာ ဘာသာရေး ဟန်ပြ စီးပွားရှာ လိမ်လည်နေသူတွေ ကိုယ်ကျင့်တရာဖေါက်ပြန်နေသူတွေ အများအပြားရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က မြန်မာနိုင်ငံကျေးရွာ အနှံ့အပြားမှာ ဘုန်းကြီးအတုတွေ ဘိုးတော်လိမ်တွေက (၉)နဝင်း သုသာန် တရားစခန်းထိုင်တာခေတ်စားခဲ့ပါသေးတယ်။

ယုံကြည်ပြီးနောက်ကလိုက် တရားစခန်းဝင်တဲ့ တကာမတွေ (၉)သချီ ၤုင်းမပြည့်သေးခင် ကိုယ်ဝန်ရ သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်၊ ယုံကြည်လွန်တဲ့ လူတွေကတော့ ခုလို သမီးဖြစ်သူ အမည်မဖေါ်နိုင်တဲ့ ကိုယ်ဝန်ကို ဘိုးတော်လက်ဆောင် အဘဘုန်းရဲ့ကိုယ်ပွားပေးတာလို့တောင် ဂုဏ်ယူနေကြပါသေးတယ်။

ဘာသာရေးကို သန့်ရှင်းအောင် လုပ်နိုင်တာကတော့ တရားဥပဒေ နဲ့ သာသနာစောင့်ထိမ်းကြတဲ့သူတွေရဲ့ စောင့်ကြည့်စစ်ဆေး အရေးယူပေးရပါတယ်။

ထိုင်းနိုင်ငံမှာ ဘိုးတော် နဲ့ ဘုန်ကြီးလိမ်တွေ ဆေးစွဲသံဃာ တကာမနဲ့ လိင်ဆက်ဆံ နေသူတွေကို စစ်တပ်-ရဲ-သာသနာရေး အဖွဲ့တွေပေါင်းပြီး မျက်နှာမထောက် တမ်း အရေးယူပါတယ်။ စီပွားရေးလုပ်နေတဲ့ သာသနာ့ဂိုဏ်းချုပ်တွေတောင် နိုင်ငံကထွက်ပြေးရပါတယ်။

ဘုန်ကြီးကျောင်းတွေမှာ မူးယစ်ဆေးသုံးမသုံး ဆီးစစ် နေသလို တချို့ရာဇဝတ်သားတွေ ဟာ ဘုန်းကြီးဝတ်နဲ့ ပုန်းနေတာတွေကိုလည်း လိုက်လံ စစ်ဆေးနေတာတွေ့ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top