မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×


“မင္းအနားမွာအျမဲ.. ေနခ်င္တယ္မင္းရဲ႕ ပံုရိပ္ေလးလည္းတမ္းတဆဲ.. သူငယ္ခ်င္းလို႔ေျပာေနေပမယ့္လည္း…”ဆိုတဲ့ သီခ်င္းေလးကုိ ၾကားဖူးရင္ညဏ္လင္းေအာင္ဆိုတဲ့ အဆိုေတာ္ေလးကုိမ်က္စိထဲတန္းျပီးျမင္မိၾကမွာပါ။ ဥာဏ္လင္းေအာင္ဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာက သူငယ္ခ်င္း သီခ်င္းေလးနဲ႔ တစ္နုိင္ငံလံုးကပရိသတ္ေတြရဲ႕နွလံုးသားကုိ ဖမ္းစားထားခဲ့သူဆိုရင္လည္းမမွားပါဘူး။

ပရိသတ္နဲ႔အခ်ိန္အေတာ္ၾကာအဆက္အသြယ္ျပတ္ေနခဲ့တဲ့ ဥာဏ္လင္းေအာင္က သိပ္မၾကာေသးခင္ကမွ တြန္းအားဆိုတဲ့ သီခ်င္းေလးနဲ႔ ပရိသတ္ေတြေရွ႕ကုိျပန္ေရာက္လာခဲ့တာျဖစ္ျပီး ပရိသတ္ေတြကလည္း ေႏြးေထြးစြာၾကိဳဆိုခဲ့ၾကပါတယ္။ မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဥာဏ္လင္းေအာင္က လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းနဲ႔ အသည္းကြဲေနတဲ့လူငယ္ေတြအတြက္ သူ႔ရဲ႕အသည္းကြဲဖူးတဲ့အေၾကာင္းေတြကုိေဖာက္သည္ခ်သြားခဲ့ပါတယ္။

ဥာဏ္လင္းေအာင္က လက္ရွိအနုပညာလႈပ္ရွားမႈေတြကုိ “လတ္တေလာက နယ္ပြဲေတြဆိုတယ္။ ကြ်န္ေတာ္ တြန္းအား MTV ရိုက္ေနတယ္ေပါ့ေနာ္။ သၾကၤန္ျပီးရင္ေတာ့ တစ္ပုဒ္စီ online မွာတင္ျဖစ္ဖုိ႔မ်ားတယ္။ Story ပံုစံမ်ားမယ္။ကြ်န္ေတာ့္သီခ်င္းေတြက ေအးတာေတြဆိုေတာ့ Story ပံုစံေတာ့မ်ားမယ္”လို႔ ေျပာျပထားျပီး သီခ်င္းပံုစံေျပာင္းဖို႔ေတြလည္းစဥ္းစားထားေၾကာင္း “ပံုစံေျပာင္းဖို႔ေတာ့စဥ္းစားထားတယ္ေပါ့ေနာ္။ အခုက ေခတ္ကလည္း ေျပာင္းသြားျပီ။ လူငယ္ေတြေတာင္မွ Rock ေတြနဲ႔တြဲလာျပီ EDM တို႔ဘာတို႔၊ ကြ်န္္ေတာ္တို႔လည္း အဲ့လိုပံုစံျဖစ္ေအာင္လုပ္ဖို႔ရွိပါတယ္”လို႔ ေျပာျပထားပါေသးတယ္။

ဥာဏ္လင္းေအာင္က သရုပ္ေဆာင္အလုပ္ေတြလာကမ္းလွမ္းေပမယ့္ မလုပ္ျဖစ္တဲ့အေၾကာင္းကုိ “သရုပ္ေဆာင္တာက ခဏေလးမဟုတ္ဘူး အခ်ိန္ေပးရတယ္။ တစ္ရက္လံုး၊တစ္ညလံုး နွစ္ဆယ့္ေလးနာရီလည္းျဖစ္ခ်င္ျဖစ္မယ္။ ကြ်န္ေတာ္တို႔က ခံစားခ်က္နဲ႔လုပ္တဲ့လူေတြဆိုေတာ့ ဒါၾကီးကုိတစ္ခ်ိန္လံုးၾကီးစိတ္ထဲထည့္ထားဖို႔က မထည့္နိုင္ဘူးေပါ့ေနာ္။ စိတ္ပင္ပန္းျပီးေသသြားလိမ့္မယ္”လို႔ ရင္ဖြင့္ထားပါတယ္။


လူေတြက အသည္းကြဲေနတာမ်ားျပီး ေပ်ာ္တာခဏပဲဆိုျပီးေတာ့လည္း “ဒီနိုင္ငံကလူေတြက ၾကီးၾကီးငယ္ငယ္အသည္းကြဲၾကတာပါပဲ။ အဖိုးၾကီးအဖြားၾကီးေတြကအစ ခံစားတတ္တယ္ေပါ့ေနာ္။ ခံစားခ်က္မ်ားတဲ့နိုင္ငံေပါ့။သီခ်င္းေလးေတြကလည္း အသည္းကြဲမွခံစားရတာ။ ေပ်ာ္တာကခဏပါ ေပ်ာ္တဲ့သီခ်င္းကခဏပဲ”လို႔လည္း ရယ္ေမာရင္း ေဝဖန္ထားပါေသးတယ္။

ဥာဏ္လင္းေအာင္က သူကိုယ္တိုင္လည္းအသည္းကြဲဖူးေၾကာင္း “ဒါက ရွိတာေပါ့။ အဆိုေတာ္ေတြမွာအသည္းမကြဲဖူးတဲ့သူမရွိဘူး။ အသည္းကြဲနည္းမ်ိဳးစံုနဲ႔ကြဲဖူးမွာေပါ့။ ဆိုးတာနဲ႔နည္းနည္းသက္သာတာနဲ႔။ ကြ်န္ေတာ္တို႔က် ကြဲတုန္းက ေတာ္ေတာ္ဆိုးခဲ့တယ္။ ကုစားလို႔ေတာ့မရဘူး။ ကြ်န္ေတာ္ဆို ခုနစ္နွစ္တြဲတယ္။ သူငယ္ခ်င္းနဲ႔ယူသြားတယ္။အဲဒီတစ္ေယာက္က။ ကြ်န္ေတာ္ဆို လနဲ႔ခ်ီျပီးေလာက္ေတာ့ျဖစ္တာေပါ့ေနာ္။ ၾကာေတာ့လည္းျပီးသြားတာပဲအသက္ေတြရလာေတာ့။အခုေတာ့ ကြ်န္ေတာ့္ထက္ရွစ္နွစ္ေလာက္ငယ္ျပီး ကြ်န္ေတာ့္ကုိနားလည္ေပးတဲ့ ေကာင္မေလးရွိေနပါျပီ”လို႔ အေတြ႕အၾကံဳေတြကုိရင္ဖြင့္သြားပါေသးတယ္။

ပရိသတ္ၾကီးေရာ အသည္းကြဲဖူးလား။ ဥာဏ္လင္းေအာင္ကုိေရာအားေပးၾကေသးလား။ ဥာဏ္လင္းေအာင္ရဲ႕အသည္းကြဲသီခ်င္းေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#

“မင်းအနားမှာအမြဲ.. နေချင်တယ်မင်းရဲ့ ပုံရိပ်လေးလည်းတမ်းတဆဲ.. သူငယ်ချင်းလို့ပြောနေပေမယ့်လည်း…”ဆိုတဲ့ သီချင်းလေးကို ကြားဖူးရင်ညဏ်လင်းအောင်ဆိုတဲ့ အဆိုတော်လေးကိုမျက်စိထဲတန်းပြီးမြင်မိကြမှာပါ။ ဉာဏ်လင်းအောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူငယ်ချင်း သီချင်းလေးနဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားထားခဲ့သူဆိုရင်လည်းမမှားပါဘူး။
ပရိသတ်နဲ့အချိန်အတော်ကြာအဆက်အသွယ်ပြတ်နေခဲ့တဲ့ ဉာဏ်လင်းအောင်က သိပ်မကြာသေးခင်ကမှ တွန်းအားဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရှေ့ကိုပြန်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဉာဏ်လင်းအောင်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အသည်းကွဲနေတဲ့လူငယ်တွေအတွက် သူ့ရဲ့အသည်းကွဲဖူးတဲ့အကြောင်းတွေကိုဖောက်သည်ချသွားခဲ့ပါတယ်။

ဉာဏ်လင်းအောင်က လက်ရှိအနုပညာလှုပ်ရှားမှုတွေကို “လတ်တလောက နယ်ပွဲတွေဆိုတယ်။ ကျွန်တော် တွန်းအား MTV ရိုက်နေတယ်ပေါ့နော်။ သြင်္ကန်ပြီးရင်တော့ တစ်ပုဒ်စီ online မှာတင်ဖြစ်ဖို့များတယ်။ Story ပုံစံများမယ်။ကျွန်တော့်သီချင်းတွေက အေးတာတွေဆိုတော့ Story ပုံစံတော့များမယ်”လို့ ပြောပြထားပြီး သီချင်းပုံစံပြောင်းဖို့တွေလည်းစဉ်းစားထားကြောင်း “ပုံစံပြောင်းဖို့တော့စဉ်းစားထားတယ်ပေါ့နော်။ အခုက ခေတ်ကလည်း ပြောင်းသွားပြီ။ လူငယ်တွေတောင်မှ Rock တွေနဲ့တွဲလာပြီ EDM တို့ဘာတို့၊ ကျွန်တော်တို့လည်း အဲ့လိုပုံစံဖြစ်အောင်လုပ်ဖို့ရှိပါတယ်”လို့ ပြောပြထားပါသေးတယ်။

ဉာဏ်လင်းအောင်က သရုပ်ဆောင်အလုပ်တွေလာကမ်းလှမ်းပေမယ့် မလုပ်ဖြစ်တဲ့အကြောင်းကို “သရုပ်ဆောင်တာက ခဏလေးမဟုတ်ဘူး အချိန်ပေးရတယ်။ တစ်ရက်လုံး၊တစ်ညလုံး နှစ်ဆယ့်လေးနာရီလည်းဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့က ခံစားချက်နဲ့လုပ်တဲ့လူတွေဆိုတော့ ဒါကြီးကိုတစ်ချိန်လုံးကြီးစိတ်ထဲထည့်ထားဖို့က မထည့်နိုင်ဘူးပေါ့နော်။ စိတ်ပင်ပန်းပြီးသေသွားလိမ့်မယ်”လို့ ရင်ဖွင့်ထားပါတယ်။

လူတွေက အသည်းကွဲနေတာများပြီး ပျော်တာခဏပဲဆိုပြီးတော့လည်း “ဒီနိုင်ငံကလူတွေက ကြီးကြီးငယ်ငယ်အသည်းကွဲကြတာပါပဲ။ အဖိုးကြီးအဖွားကြီးတွေကအစ ခံစားတတ်တယ်ပေါ့နော်။ ခံစားချက်များတဲ့နိုင်ငံပေါ့။သီချင်းလေးတွေကလည်း အသည်းကွဲမှခံစားရတာ။ ပျော်တာကခဏပါ ပျော်တဲ့သီချင်းကခဏပဲ”လို့လည်း ရယ်မောရင်း ဝေဖန်ထားပါသေးတယ်။

ဉာဏ်လင်းအောင်က သူကိုယ်တိုင်လည်းအသည်းကွဲဖူးကြောင်း “ဒါက ရှိတာပေါ့။ အဆိုတော်တွေမှာအသည်းမကွဲဖူးတဲ့သူမရှိဘူး။ အသည်းကွဲနည်းမျိုးစုံနဲ့ကွဲဖူးမှာပေါ့။ ဆိုးတာနဲ့နည်းနည်းသက်သာတာနဲ့။ ကျွန်တော်တို့ကျ ကွဲတုန်းက တော်တော်ဆိုးခဲ့တယ်။ ကုစားလို့တော့မရဘူး။ ကျွန်တော်ဆို ခုနစ်နှစ်တွဲတယ်။ သူငယ်ချင်းနဲ့ယူသွားတယ်။အဲဒီတစ်ယောက်က။ ကျွန်တော်ဆို လနဲ့ချီပြီးလောက်တော့ဖြစ်တာပေါ့နော်။ ကြာတော့လည်းပြီးသွားတာပဲအသက်တွေရလာတော့။အခုတော့ ကျွန်တော့်ထက်ရှစ်နှစ်လောက်ငယ်ပြီး ကျွန်တော့်ကိုနားလည်ပေးတဲ့ ကောင်မလေးရှိနေပါပြီ”လို့ အတွေ့အကြုံတွေကိုရင်ဖွင့်သွားပါသေးတယ်။

ပရိသတ်ကြီးရော အသည်းကွဲဖူးလား။ ဉာဏ်လင်းအောင်ကိုရောအားပေးကြသေးလား။ ဉာဏ်လင်းအောင်ရဲ့အသည်းကွဲသီချင်းတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top