အသက္အႏၲရာယ္ ထိခိုက္ႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တဲ့ က်န္းမာေရး ျပႆနာေတြထဲမွာ ေလျဖတ္ျခင္းဟာလည္း တခုအပါအဝင္ပါ။ ဦးေႏွာက္ကိုသြားတဲ့ ေသြးစီးဆင္းမႈဟာ ေသြးခဲပိတ္ၿပီး ရပ္တန႔္သြားတဲ့အခါမ်ိဳးနဲ႔ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေသြးယိုတဲ့ အခါမ်ိဳးေတြမွာ ေလျဖတ္ျခင္း ျဖစ္ေပၚတတ္ပါတယ္။

ေလျဖတ္ျခင္းဟာ ႐ုတ္တရက္ ျဖစ္ေပၚႏိုင္သလို ေရွ႕ေျပးလကၡဏာေတြ အေနနဲ႔လည္း ျပသတတ္တာေၾကာင့္ ေလျဖတ္ျခင္း မတိုင္မီ ျဖစ္တတ္တဲ့ သတိထားသင့္တဲ့ ေရွ႕ေျပးလကၡဏာေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။


(၁) မ်က္စိ က်န္းမာေရးျပႆနာမ်ား ျဖစ္ေပၚျခင္း

ေလ့လာဆန္းစစ္ခ်က္ေတြအရ ေလျဖတ္ျခင္း မျဖစ္ေပၚမီ လူအမ်ားစုဟာ မ်က္စိနဲ႔ ပတ္သက္တဲ့ က်န္းမာေရးျပႆနာေတြ မ်က္စိမႈန္ျခင္း၊ အျမင္အာ႐ုံ ႏွစ္ထပ္ျဖစ္ေပၚျခင္းေတြကို ခံစားရေလ့ ရွိတယ္လို႔ဆိုပါတယ္။

(၂) ေခါင္းအလြန္အမင္း ကိုက္ခဲျခင္း

ေခါင္းအလြန္အမင္း ကိုက္ခဲျခင္းနဲ႔ ေခါင္းတျခမ္း ကိုက္ခဲျခင္းေတြ ဆိုးဆိုး႐ြား႐ြားနဲ႔ မၾကာခဏဆိုသလို ျဖစ္ေပၚေနၿပီဆိုရင္ေတာ့ ဒါ မေပါ့ဆသင့္ပါဘူး။ ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈ ျပတ္ေတာက္သြားတဲ့ အခါမ်ိဳးေတြမွာ ေလျဖတ္ျခင္း ျဖစ္ေပၚတတ္တာေၾကာင့္ သတိထားသင့္တဲ့ လကၡဏာတခုပဲ ျဖစ္ပါတယ္။

(၃) ေမ့ေလ်ာ့ျခင္း

လုပ္ေနက် အလုပ္ေတြကို ႐ုတ္တရက္ ေမ့ေလ်ာ့တာမ်ိဳးနဲ႔ အသိမိတ္ေဆြေတြရဲ႕ နာမည္ကိုေတာင္ စဥ္းစားလို႔ မရေအာင္ ေမ့ေလ်ာ့ေနၿပီ ဆိုရင္ေတာ့ သတိထားသင့္ေနပါၿပီ။

(၄) စကားေျပာရတာ ေလးလံျခင္း

စကားေျပာတဲ့အခါမွာ လွ်ာေတြဟာ ေလးေလးလံလံျဖစ္ေနၿပီး ထုံသလိုလိုပါ ျဖစ္ေပၚေနၿပီဆိုရင္ေတာ့ နီးစပ္ရာေဆးခန္းတခုခုဆီ အျမန္ဆုံး သြားေရာက္ သင့္ေနပါၿပီ။

(၅) ကိုယ္လက္ထုံက်င္ျခင္း

သင့္ခႏၶာကိုယ္နဲ႔ ကိုယ္လက္အစိတ္အပိုင္းေတြဟာ ႐ုတ္တရက္ ဆိုသလို ထုံက်င္ေနမယ္၊ အားမရွိသလို ခံစားေနရမယ္၊ လက္ေတြဟာလည္း ေျမႇာက္ရခက္သလို ခံစားေနရၿပီဆိုရင္ေတာ့ ဒါဟာေလျဖတ္ျခင္းရဲ႕ ေရွ႕ေျပးလကၡဏာတခု ျဖစ္တာေၾကာင့္ မေပါ့ဆသင့္ဘဲ ေဆးကုသမႈ ခံယူသင့္ေနၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ လေဖြတ်ခြင်းဟာလည်း တခုအပါအဝင်ပါ။ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှုဟာ သွေးခဲပိတ်ပြီး ရပ်တန့်သွားတဲ့အခါမျိုးနဲ့ ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။

လေဖြတ်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်နိုင်သလို ရှေ့ပြေးလက္ခဏာတွေ အနေနဲ့လည်း ပြသတတ်တာကြောင့် လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ သတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးလိုက်ရပါတယ်။


(၁) မျက်စိ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်း

လေ့လာဆန်းစစ်ချက်တွေအရ လေဖြတ်ခြင်း မဖြစ်ပေါ်မီ လူအများစုဟာ မျက်စိနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ မျက်စိမှုန်ခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ပေါ်ခြင်းတွေကို ခံစားရလေ့ ရှိတယ်လို့ဆိုပါတယ်။

(၂) ခေါင်းအလွန်အမင်း ကိုက်ခဲခြင်း

ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ ခေါင်းတခြမ်း ကိုက်ခဲခြင်းတွေ ဆိုးဆိုးရွားရွားနဲ့ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီဆိုရင်တော့ ဒါ မပေါ့ဆသင့်ပါဘူး။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်တာကြောင့် သတိထားသင့်တဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။

(၃) မေ့လျော့ခြင်း

လုပ်နေကျ အလုပ်တွေကို ရုတ်တရက် မေ့လျော့တာမျိုးနဲ့ အသိမိတ်ဆွေတွေရဲ့ နာမည်ကိုတောင် စဉ်းစားလို့ မရအောင် မေ့လျော့နေပြီ ဆိုရင်တော့ သတိထားသင့်နေပါပြီ။

(၄) စကားပြောရတာ လေးလံခြင်း

စကားပြောတဲ့အခါမှာ လျှာတွေဟာ လေးလေးလံလံဖြစ်နေပြီး ထုံသလိုလိုပါ ဖြစ်ပေါ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းတခုခုဆီ အမြန်ဆုံး သွားရောက် သင့်နေပါပြီ။

(၅) ကိုယ်လက်ထုံကျင်ခြင်း

သင့်ခန္ဓာကိုယ်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ရုတ်တရက် ဆိုသလို ထုံကျင်နေမယ်၊ အားမရှိသလို ခံစားနေရမယ်၊ လက်တွေဟာလည်း မြှောက်ရခက်သလို ခံစားနေရပြီဆိုရင်တော့ ဒါဟာလေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်တာကြောင့် မပေါ့ဆသင့်ဘဲ ဆေးကုသမှု ခံယူသင့်နေပြီ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top