ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအထက်တန်းကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးအား ယောကျာ်းဖြစ်သူက ဓားဖြင့်ခုတ်သတ်မှု ဇန်နဝါရီလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးမေဇင် (၃၆) နှစ်အား ခင်ပွန်းဖြစ်သူ ဦးဇေယျာအောင် (၂၉) နှစ်က အိမ်ထောင်ရေးဖောက်ပြန်နေကြောင်း ပြောကြားမှုနှင့် စကားများရန်ဖြစ်စဉ် ဒေါ်မိုးမိုးမေဇင် က “ငါ့လုပ်စာ၊ ငါစားနေတာ၊ ယောကျာ်းပေါတယ်´´ ဟု ပြောဆိုသည်ကို ဦးဇေယျာအောင် က ဒေါသဖြစ်ကာ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ဒေါ်မိုးမိုးမေဇင်သည် ပထမခင်ပွန်းကွယ်လွန်ခဲ့ပြီးနောက်၊ ဒုတိယအိမ်ထောင်တစ်ခုပြုခဲ့ဖူးပြီး ဦးဇေယျာအောင် နှင့် တတိယမြောက်အိမ်ထောင်ပြုခဲ့ကြောင်းသိရသည် ။ ဒေါ်မိုးမိုးမေဇင်သည် ကျောင်းနှင့် အိမ် သွားလာရေးအတွက် လိုက်ပါစီးနင်းနေရသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းဖြစ်သူနှင့် ဖောက်ပြန်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများထံက သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ကျူးလွန်သူ ဦးဇေယျာအောင်အား သပိတ်ကျင်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:The Fifth Wave News

#Unicode Version#

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top