




Credit: welovecele

#Unicode Version#
လတ်တလောမှာတော့ အလှမယ် ရွှေအိမ်စည် တရားစွဲခံထားရတဲ့ ကိစ္စက လူမှုကွန်ယက်မှာ တော်တော်လေးကို ဂယက်ထနေတာ တွေ့ရပါတယ်။ ရွှေအိမ်စည်ကိုတော့ Hello Madam Co.,Ltd. ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေက ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှုနဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)အရ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စရပ်နဲ့ပတ်သတ်ပြီး ရွှေအိမ်စည်က သူမရဲ့ Official Facebook Page မှတစ်ဆင့် ပညာသားပါပါနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် တရားစွဲလာတဲ့သူအပေါ် ထိထိမိမိတုန့်ပြန်လိုက်တဲ့ ရွှေအိမ်စည်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေအိမ်စည်ကတော့ “အိမ်စည့်ကိုမှီပြီး သူတို့ attention ပြန်ယူချင်နေတဲ့ အဖွဲ့အစည်း တစ်ခုအတွက်ကြောင့် ပရိသတ်ကြီး စိတ်မပူစေချင်ပါ။ ဒီနေ့ ပဲခူးမှာ shooting ရှိတာ သွားရတာလေး နည်းနည်း နောက်ကျတာကလွဲလို့ ပုံမှန်အတိုင်း အလုပ်တွေ ဆက်လုပ်လျက်ပါ။ ဒီ ကိစ္စကြီး အဖြေထွက်ရင် ပရိသတ်ကြီးနှင့် တူတူ အောင်ပွဲခံဖို့ စိတ်လှုပ်ရှားနေနှင့်ပြီ။” ဆိုပြီး အေးဆေးတည်ငြိမ်စွာ ပညာသားပါပါနဲ့ တုန့်ပြန်ခဲ့တာပါ။

ရွှေအိမ်စည်ရဲ့ စိတ်ကတော့ တကယ့်ကို ပြတ်သား တည်ငြိမ်လွန်းပါတယ်နော်။

ချစ်ပရိသတ်တွေရော ရုတ်တရက်ကြီး တရားစွဲခံလိုက်ရတဲ့အပေါ် ပညာသားပါပါနဲ့ တုန့်ပြန်လိုက်တဲ့ အလှမယ် ရွှေအိမ်စည်ရဲ့ တုန့်ပြန်မှုကို ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားပါဦးနော်။


ဖိုးသူတော်(www.phothutaw.com)
Credit: welovecele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top