iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေလးကို ေခ်ာေမြ႕ဝင္းပၿပီး လွပလာေစဖို႔ က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္ မ်က္ႏွာသစ္ၾကမယ္။ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ မ်က္ႏွာသစ္နည္း အသြယ္သြယ္ကုိ လိုက္နာၿပီး စိုေျပက်န္းမာတဲ့ မ်က္ႏွာအသားအေရေလးကို ဖန္တီးၾကရေအာင္။

●        တစ္ရက္ ႏွစ္ႀကိမ္သစ္ရင္ လံုေလာက္ပါၿပီ။ မနက္အိပ္ရာထ တစ္ႀကိမ္၊ ည တစ္ႀကိမ္ပါ။

●        ည တစ္ႀကိမ္သစ္တဲ့အခါ မိမိမ်က္ႏွာနဲ႔ လိုက္ေလ်ာညီေထြမယ့္ မ်က္ႏွာသစ္ေဆးကို ေရြးခ်ယ္ဝယ္ယူပါ။

●        မိတ္ကပ္ဖ်က္ေဆး သီးသန္႔သံုးပါ။ ဆပ္ျပာနဲ႔ သစ္ခ်လိုက္႐ံုနဲ႔ မိတ္ကပ္ေတြ ေျပာင္႐ွင္းမသြားပါဘူး။

●        မ်က္ႏွာေလးကို ဆပ္ျပာနဲ႔ လႊမ္းျခံဳထုပ္ပိုးထားသလို သစ္ပါ။

●        မ်က္ႏွာသုတ္တဘက္ သီးသန္႔ထားပါ။ ႏူးညံ့ၿပီး အထိအေတြ႕ေကာင္းတာေလး ေရြးခ်ယ္ပါ။

●        မ်က္ႏွာသစ္တဲ့အခါ စကၠန္႔ ၃၀ ကေန တစ္မိနစ္အထိဆို လံုေလာက္ပါၿပီ။ ၾကာၾကာသစ္ေလ၊ မ်က္ႏွာက အဆီေတြ ေျခာက္ခန္းသြားေလပါပဲ။

●        ပြတ္တိုက္ေၾကးခြၽတ္တာကို တစ္ပတ္ကို ႏွစ္ႀကိမ္ထက္ ပိုမလုပ္သင့္ဘူးေနာ္။

●        သိပ္ပူတဲ့ေရေႏြးကို ေ႐ွာင္ပါ။ အေရျပားေအာက္က ေသြးေၾကာေလးေတြကို ေပါက္ကြဲပ်က္စီးေစတာေၾကာင့္ နီျမန္းတဲ့မ်က္ႏွာ ျဖစ္လာပါတယ္။

●        ေရခပ္ေႏြးေႏြးက အဆီေတြကို စင္ၾကယ္ေစပါတယ္။ ၿပီးတာနဲ႔ ေရေအးနဲ႔ အသာအယာ ပုတ္ေပးျခင္းျဖင့္ ေခြၽးေပါက္ေလးေတြကို ျပန္က်ဥ္းသြားေစပါတယ္။

●        မ်က္ႏွာသစ္ၿပီးတိုင္း မ်က္ႏွာအစိုဓာတ္ထိန္းေဆး တန္းသံုးျခင္းျဖင့္ မ်က္ႏွာအသားအေရကို ထာဝရစိုေျပ ေခ်ာေမြ႕ေစမွာပါ။ အခ်ိန္နည္းနည္းေလးေတာင္ မေစာင့္ဘဲ မ်က္ႏွာသုတ္ၿပီး တန္းလိမ္းမွ အာနိသင္ အျပည့္အဝရပါမယ္။

●        မ်က္ႏွာဖံုးစြပ္ေဆးေတြ ေပါင္းတင္ Mask ေတြ သံုးၿပီးရင္ မ်က္ႏွာသစ္စရာ မလိုပါ။ မသံုးခင္ မ်က္ႏွာေလးကို လံုးဝစင္ၾကယ္သြားေအာင္သစ္ဖို႔ ျဖစ္ပါတယ္။ သံုးၿပီး မ်က္ႏွာျပန္သစ္လိုက္ရင္ မ်က္ႏွာဖံုးစြပ္ေဆးေတြက အစိုဓာတ္ေတြ အကုန္ပါသြားပါတယ္။

●        မနက္ခင္းမွာ ေၾကးမခြၽတ္ပါနဲ႔။ ဆပ္ျပာအေပ်ာ့စားနဲ႔ အသာအယာ သစ္ေပးရင္ကို လံုေလာက္ပါတယ္။ တကယ္တမ္း အားထည့္ရမွာ ညပိုင္းမ်က္ႏွာသစ္မွ ေသခ်ာေၾကးခြၽတ္ ပြတ္တိုက္သစ္တာ အဆင္ေျပပါတယ္။

●        မ်က္လံုးတစ္ဝိုက္ကို ဆပ္ျပာအျပင္းေတြ မသံုးပါနဲ႔။ အားသံုးၿပီး မပြတ္တိုက္ပါနဲ႔။ မ်က္လံုးတစ္ဝိုက္ အေရျပားက ႏူးညံ့တာေၾကာင့္ တြန္႔လြယ္ ပြန္းလြယ္ေစပါတယ္။

●        တိုနာေရြးခ်ယ္ဖို႔ အခ်ိန္ေပးပါ။ မိမိမ်က္ႏွာနဲ႔ အမွန္အကန္ သင့္ေတာ္လား ေသခ်ာစစ္ေဆးပါ။ တိုနာေတြက မွ်ေခ်ကို ထိန္းေပးတာေၾကာင့္ အမ်ိဳးအစားမမွန္ရင္ မိမိအသားအေရနဲ႔ မတည့္ရင္ ဆက္မသံုးတာက အသားအေရ ေျခာက္ေသြ႕တာကို ကာကြယ္ႏိုင္ပါတယ္။ မ်က္ႏွာသစ္ၿပီးတိုင္း သဘာဝတိုနာအေနနဲ႔ လက္ဖက္ေျခာက္ထုပ္ ေရေအးနဲ႔ ပန္းသီး႐ွာလကာရည္ေတြကို သံုးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ#

မျက်နှာလေးကို ချောမွေ့ဝင်းပပြီး လှပလာစေဖို့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မျက်နှာသစ်ကြမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် မျက်နှာသစ်နည်း အသွယ်သွယ်ကို လိုက်နာပြီး စိုပြေကျန်းမာတဲ့ မျက်နှာအသားအရေလေးကို ဖန်တီးကြရအောင်။

●        တစ်ရက် နှစ်ကြိမ်သစ်ရင် လုံလောက်ပါပြီ။ မနက်အိပ်ရာထ တစ်ကြိမ်၊ ည တစ်ကြိမ်ပါ။

●        ည တစ်ကြိမ်သစ်တဲ့အခါ မိမိမျက်နှာနဲ့ လိုက်လျောညီထွေမယ့် မျက်နှာသစ်ဆေးကို ရွေးချယ်ဝယ်ယူပါ။

●        မိတ်ကပ်ဖျက်ဆေး သီးသန့်သုံးပါ။ ဆပ်ပြာနဲ့ သစ်ချလိုက်ရုံနဲ့ မိတ်ကပ်တွေ ပြောင်ရှင်းမသွားပါဘူး။

●        မျက်နှာလေးကို ဆပ်ပြာနဲ့ လွှမ်းခြုံထုပ်ပိုးထားသလို သစ်ပါ။

●        မျက်နှာသုတ်တဘက် သီးသန့်ထားပါ။ နူးညံ့ပြီး အထိအတွေ့ကောင်းတာလေး ရွေးချယ်ပါ။

●        မျက်နှာသစ်တဲ့အခါ စက္ကန့် ၃၀ ကနေ တစ်မိနစ်အထိဆို လုံလောက်ပါပြီ။ ကြာကြာသစ်လေ၊ မျက်နှာက အဆီတွေ ခြောက်ခန်းသွားလေပါပဲ။

●        ပွတ်တိုက်ကြေးချွတ်တာကို တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ဘူးနော်။

●        သိပ်ပူတဲ့ရေနွေးကို ရှောင်ပါ။ အရေပြားအောက်က သွေးကြောလေးတွေကို ပေါက်ကွဲပျက်စီးစေတာကြောင့် နီမြန်းတဲ့မျက်နှာ ဖြစ်လာပါတယ်။

●        ရေခပ်နွေးနွေးက အဆီတွေကို စင်ကြယ်စေပါတယ်။ ပြီးတာနဲ့ ရေအေးနဲ့ အသာအယာ ပုတ်ပေးခြင်းဖြင့် ချွေးပေါက်လေးတွေကို ပြန်ကျဉ်းသွားစေပါတယ်။

●        မျက်နှာသစ်ပြီးတိုင်း မျက်နှာအစိုဓာတ်ထိန်းဆေး တန်းသုံးခြင်းဖြင့် မျက်နှာအသားအရေကို ထာဝရစိုပြေ ချောမွေ့စေမှာပါ။ အချိန်နည်းနည်းလေးတောင် မစောင့်ဘဲ မျက်နှာသုတ်ပြီး တန်းလိမ်းမှ အာနိသင် အပြည့်အဝရပါမယ်။

●        မျက်နှာဖုံးစွပ်ဆေးတွေ ပေါင်းတင် Mask တွေ သုံးပြီးရင် မျက်နှာသစ်စရာ မလိုပါ။ မသုံးခင် မျက်နှာလေးကို လုံးဝစင်ကြယ်သွားအောင်သစ်ဖို့ ဖြစ်ပါတယ်။ သုံးပြီး မျက်နှာပြန်သစ်လိုက်ရင် မျက်နှာဖုံးစွပ်ဆေးတွေက အစိုဓာတ်တွေ အကုန်ပါသွားပါတယ်။

●        မနက်ခင်းမှာ ကြေးမချွတ်ပါနဲ့။ ဆပ်ပြာအပျော့စားနဲ့ အသာအယာ သစ်ပေးရင်ကို လုံလောက်ပါတယ်။ တကယ်တမ်း အားထည့်ရမှာ ညပိုင်းမျက်နှာသစ်မှ သေချာကြေးချွတ် ပွတ်တိုက်သစ်တာ အဆင်ပြေပါတယ်။

●        မျက်လုံးတစ်ဝိုက်ကို ဆပ်ပြာအပြင်းတွေ မသုံးပါနဲ့။ အားသုံးပြီး မပွတ်တိုက်ပါနဲ့။ မျက်လုံးတစ်ဝိုက် အရေပြားက နူးညံ့တာကြောင့် တွန့်လွယ် ပွန်းလွယ်စေပါတယ်။

●        တိုနာရွေးချယ်ဖို့ အချိန်ပေးပါ။ မိမိမျက်နှာနဲ့ အမှန်အကန် သင့်တော်လား သေချာစစ်ဆေးပါ။ တိုနာတွေက မျှချေကို ထိန်းပေးတာကြောင့် အမျိုးအစားမမှန်ရင် မိမိအသားအရေနဲ့ မတည့်ရင် ဆက်မသုံးတာက အသားအရေ ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း သဘာဝတိုနာအနေနဲ့ လက်ဖက်ခြောက်ထုပ် ရေအေးနဲ့ ပန်းသီးရှာလကာရည်တွေကို သုံးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top