ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×



၁ ေကာ္လုိရာဒိုမွ Royal Gorge တံတား


အေမရိကန္ႏုိင္ငံရဲ႕အျမင့္ဆံုးၾကိဳးတံတားတစ္စင္းျဖစ္ျပီး စိတ္ဝင္စားစရာသမုိင္းေၾကာင္းနဲ႕ရပ္တည္ေနတဲ့တံတားတစ္စင္းပါ ။၁၉၂၉ ခုႏွစ္မွာေဆာက္လုပ္ခဲ့တာျဖစ္တဲ့အတြက္ တံတားမွာဆုိင္းထားတဲ့ ၾကိဳးေတြဟာ အနည္းငယ္ေတာ့ေဟာင္းႏြမ္းေနပါျပီ ။ဒီတံတားကေတာ့ သတၱိရွိတဲ့လူေတြမွသာျဖတ္သန္းသြားလာႏုိင္မယ့္ တံတားတစ္စင္ေပါ့ ။

၂ ဗီယက္နမ္မွ Monkey Bridge


ဗီယက္နမ္ႏုိင္ငံမွ ေျမာင္းတစ္ခုကို ျဖတ္ျပီးထိုးထားတဲ့ တံတားဟာ ဝါးလံုးတစ္လံုးထဲသာရွိတဲ့ တံတားတစ္ခုပါ ။ေဒသခံေတြကေတာ့ အလြယ္တကူျဖတ္ကူးႏုိင္ေပမယ့္ အျခားနယ္ကလူေတြကူးတဲ့အခါ ယိမ္းထုိးေနတာေၾကာင့္ ေမ်ာက္တံတားလုိ႕နာမည္ေပးထားတာပဲျဖစ္ပါတယ္။

၃ ပါကၠစၥတန္ႏုိင္ငံမွ Hussaini Hanging Bridge


ခေနာ္နီ ခေနာ္နဲ႕ေဆာက္လုပ္ထားတဲ့ ၾကိဳးတံတားတစ္စင္းျဖစ္ျပီး Hunza ျမစ္ေပၚမွာတည္ေဆာက္ထားတဲ့ တံတားတစ္စင္းပါ ။ဒီတံတားကုိျဖတ္ကူးဖို႕အတြက္ေတာ့ လက္ျမဲ ၊ ေျခေထာက္ျမဲရမယ့္အျပင္ ႏွလံုးလည္း အေတာ္ေကာင္းရပါလိမ့္မယ္။

၄ ဖေလာ္ရီဒါမွ Seven Mile Bridge


ဒီတံတားကေတာ့ ၇ မိုင္ေလာက္ရွည္တဲ့ ပင္လယ္ကူးတံတားတစ္စင္းပဲျဖစ္ပါတယ္ ။တံတားက ခိုင္မာလြန္းတဲ့အတြက္ အႏၱရာယ္မရွိေလာက္ဘူးလုိ႕ ယူဆလို႕ရေပမယ့္ မုန္တုိင္းေတြမၾကာခနဝင္ေနတဲ့ ဖေလာ္ရီဒါေရျပင္ေပၚမွာ ၇မိုင္ေလာက္ျဖတ္ေမာင္းဖုိ႕အတြက္ အနည္းငယ္ျပန္စဥ္းစားသင့္ပါတယ္ ။

၅ ဝါရွင္တန္မွ Deception Pass Bridge


အနက္ ေပ ၁၈၀ ေက်ာ္ရွိတဲ့ ေခ်ာက္ကမ္းပါးတစ္ခုေပၚမွာတည္ေဆာက္ထားတဲ့တံတားေပၚမွာ ျမဴဆုိင္းေနတဲ့အခ်ိန္ျဖတ္ေမာင္းရမယ္ဆိုရင္ သင္ေမာင္းရဲပါ့မလား ။ဒီတံတားကေတာ့ Whidbey ကြ်န္းနဲ႕ Fidalgo ကြ်န္းကုိဆက္သြယ္ေပးထားတဲ့ တံတားတစ္စင္းျဖစ္ျပီး ၾကိဳပို႕ယာဥ္ေတြသာျဖတ္သန္းသြားလာခြင့္ရွိတဲ့တံတားတစ္စင္းပဲျဖစ္ပါတယ္။

၆ လူဝီရွိဳင္းနားမွ Lake Pontchartrain Causeway


ကမၻာ့အရွည္ဆံုး ပင္လယ္ကူးတံတားတစ္စင္းျဖစ္ျပီး တံတားအလယ္ေရာက္တဲ့အခ်ိန္မွာ ျမင္ကြင္းထဲမွာ ကမ္းေျခကိုမျမင္ရေလာက္ေအာင္ ရွည္လ်ားတဲ့တံတားတစ္ပဲျဖစ္ပါတယ္ ။၁၉၅၀ ခုႏွစ္ကေဆာက္လုပ္ခဲ့တဲ့ တံတားတစ္စင္းျဖစ္ျပီးေတာ့ ေၾကာက္စရာအေကာင္းဆံုး တံတားေတြထဲမွာ တစ္စင္းအပါအဝင္ပဲျဖစ္ပါတယ္ ။

၇ ဂါနာႏုိင္ငံမွ Canopy Walk


မုိးသစ္ေတာအလယ္မွာတည္ေဆာက္ထားတဲ့ အရွည္ ၄၀ အျမင့္ရွိ ဒီၾကိဳးတံတားကုိျဖတ္မယ္ဆိုရင္ ေမ်ာက္ေတြ ၊ ငွက္ေတြကုိျမင္ႏုိင္တဲ့အတြက္ ေပ်ာ္စရာေကာင္းမယ္လုိ႕ထင္ခ်င္ထင္ရႏုိင္ပါတယ္။ဒါေပမယ့္ လူတစ္ေယာက္သာ သြားလုိ႕ရတဲ့ တံတားတစ္စင္းျဖစ္တဲ့အတြက္ တံတားေပၚတက္ျပီးရင္ ေနာက္ျပန္လွည့္ဖို႕မစဥ္းစားပါနဲ႕ ။ ျပီးေတာ့ ဒီတံတားက ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၁၀၀၀ မွာရွိေနတယ္ဆုိတာကုိလည္း မွတ္ထားပါဦး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daily Hot News

#Unicode Version#

၁ ကော်လိုရာဒိုမှ Royal Gorge တံတား

အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးကြိုးတံတားတစ်စင်းဖြစ်ပြီး စိတ်ဝင်စားစရာသမိုင်းကြောင်းနဲ့ရပ်တည်နေတဲ့တံတားတစ်စင်းပါ ။၁၉၂၉ ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် တံတားမှာဆိုင်းထားတဲ့ ကြိုးတွေဟာ အနည်းငယ်တော့ဟောင်းနွမ်းနေပါပြီ ။ဒီတံတားကတော့ သတ္တိရှိတဲ့လူတွေမှသာဖြတ်သန်းသွားလာနိုင်မယ့် တံတားတစ်စင်ပေါ့ ။

၂ ဗီယက်နမ်မှ Monkey Bridge

ဗီယက်နမ်နိုင်ငံမှ မြောင်းတစ်ခုကို ဖြတ်ပြီးထိုးထားတဲ့ တံတားဟာ ဝါးလုံးတစ်လုံးထဲသာရှိတဲ့ တံတားတစ်ခုပါ ။ဒေသခံတွေကတော့ အလွယ်တကူဖြတ်ကူးနိုင်ပေမယ့် အခြားနယ်ကလူတွေကူးတဲ့အခါ ယိမ်းထိုးနေတာကြောင့် မျောက်တံတားလို့နာမည်ပေးထားတာပဲဖြစ်ပါတယ်။

၃ ပါက္ကစ္စတန်နိုင်ငံမှ Hussaini Hanging Bridge

ခနော်နီ ခနော်နဲ့ဆောက်လုပ်ထားတဲ့ ကြိုးတံတားတစ်စင်းဖြစ်ပြီး Hunza မြစ်ပေါ်မှာတည်ဆောက်ထားတဲ့ တံတားတစ်စင်းပါ ။ဒီတံတားကိုဖြတ်ကူးဖို့အတွက်တော့ လက်မြဲ ၊ ခြေထောက်မြဲရမယ့်အပြင် နှလုံးလည်း အတော်ကောင်းရပါလိမ့်မယ်။

၄ ဖလော်ရီဒါမှ Seven Mile Bridge

ဒီတံတားကတော့ ၇ မိုင်လောက်ရှည်တဲ့ ပင်လယ်ကူးတံတားတစ်စင်းပဲဖြစ်ပါတယ် ။တံတားက ခိုင်မာလွန်းတဲ့အတွက် အန္တရာယ်မရှိလောက်ဘူးလို့ ယူဆလို့ရပေမယ့် မုန်တိုင်းတွေမကြာခနဝင်နေတဲ့ ဖလော်ရီဒါရေပြင်ပေါ်မှာ ၇မိုင်လောက်ဖြတ်မောင်းဖို့အတွက် အနည်းငယ်ပြန်စဉ်းစားသင့်ပါတယ် ။

၅ ဝါရှင်တန်မှ Deception Pass Bridge

အနက် ပေ ၁၈၀ ကျော်ရှိတဲ့ ချောက်ကမ်းပါးတစ်ခုပေါ်မှာတည်ဆောက်ထားတဲ့တံတားပေါ်မှာ မြူဆိုင်းနေတဲ့အချိန်ဖြတ်မောင်းရမယ်ဆိုရင် သင်မောင်းရဲပါ့မလား ။ဒီတံတားကတော့ Whidbey ကျွန်းနဲ့ Fidalgo ကျွန်းကိုဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းဖြစ်ပြီး ကြိုပို့ယာဉ်တွေသာဖြတ်သန်းသွားလာခွင့်ရှိတဲ့တံတားတစ်စင်းပဲဖြစ်ပါတယ်။

၆ လူဝီရှိုင်းနားမှ Lake Pontchartrain Causeway

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားတစ်စင်းဖြစ်ပြီး တံတားအလယ်ရောက်တဲ့အချိန်မှာ မြင်ကွင်းထဲမှာ ကမ်းခြေကိုမမြင်ရလောက်အောင် ရှည်လျားတဲ့တံတားတစ်ပဲဖြစ်ပါတယ် ။၁၉၅၀ ခုနှစ်ကဆောက်လုပ်ခဲ့တဲ့ တံတားတစ်စင်းဖြစ်ပြီးတော့ ကြောက်စရာအကောင်းဆုံး တံတားတွေထဲမှာ တစ်စင်းအပါအဝင်ပဲဖြစ်ပါတယ် ။

၇ ဂါနာနိုင်ငံမှ Canopy Walk

မိုးသစ်တောအလယ်မှာတည်ဆောက်ထားတဲ့ အရှည် ၄၀ အမြင့်ရှိ ဒီကြိုးတံတားကိုဖြတ်မယ်ဆိုရင် မျောက်တွေ ၊ ငှက်တွေကိုမြင်နိုင်တဲ့အတွက် ပျော်စရာကောင်းမယ်လို့ထင်ချင်ထင်ရနိုင်ပါတယ်။ဒါပေမယ့် လူတစ်ယောက်သာ သွားလို့ရတဲ့ တံတားတစ်စင်းဖြစ်တဲ့အတွက် တံတားပေါ်တက်ပြီးရင် နောက်ပြန်လှည့်ဖို့မစဉ်းစားပါနဲ့ ။ ပြီးတော့ ဒီတံတားက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၀၀ မှာရှိနေတယ်ဆိုတာကိုလည်း မှတ်ထားပါဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top