





# Unicode Version ဖြင့် ဖတ်ပါ #

လတ်တလောမှာ လူကြမ်းသရုပ်ဆောင်မင်းသားကြီး ဦးမင်းစိန် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး အနုပညာရှင် တော်တော်များများသာမက ၊ ပရိသတ်တွေလည်း ထပ်တူ ထပ်မျှဝမ်းနည်းကြေကွဲနေကြတာပဲ ဖြစ်ပါတယ် ။

စိတ်သဘောထားဖြူစင်ပြီး လူချစ်လူခင်ပေါများတဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကလည်း ဦးမင်းစိန် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး လူမှု့ကွန်ယက်ကနေ အခုလိုပဲ ရေးသားထားတာကို တွေ့ရပါတယ် ။

လူကြမ်းသရုပ်ဆောင်ဆိုတာ စိတ်ထားနူးညံ့ ကူညီတတ်တဲ့သူတွေပါ.. RIP U Min Sein..” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ကနေ စိတ်မကောင်းစွာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ ရွှေကစ်လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွယ်လွန်သွားတဲ့ လူကြမ်းမင်းသားကြီးတဖြစ်လှည့် ဇာတ်ပို့သရုပ်ဆောင်ဦးမင်းစိန်အတွက် စိတ်မကောင်းဖြစ်နေပါတယ်နော်..။ အနုပညာလောကမှာ မြင်တွေ့ရတဲ့ လူကြမ်းတွေရဲ့အကြောင်းနဲ့ ဦးမင်းစိန်ရဲ့ အကြောင်းလေးကိုလည်း ရွှေကစ်လေးက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ဦးမင်းစိန်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ(၃)ရက်နေ့က ကွယ်လွန်သွားတာဖြစ်ပြီး ဇန်နဝါရီ(၇)ရက်နေ့လေမှာတော့ ဈာပနအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအတွက်လည်း အနုပညာရှင်တွေက ငွေးကြေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ဖိုးသူတော် (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top