သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×


ရာသီဥတုက သင့္အေရျပားကို ထိခိုက္ပ်က္စီးေစတဲ့ အဓိကတရားခံပါပဲ။ သင္ေရာ ေနေရာင္ေအာက္မွာ အသြားအလာမ်ားတဲ့အခါ အသားအေရေျခာက္ျခင္း၊ အသားအေရ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္းနဲ႔ ေနေလာင္ဒဏ္ကို ခံစားေနရပါသလား။ ေပါင္ဒါလိမ္းၿပီးေတာ့ ေနေလာင္ဒဏ္ေတြကာကယ္ၿပီး အသားအရည္ထိန္းသိမ္းႏိုင္တယ္ဆိုတာကို သင္သိပါသလား။ ေပါင္ဒါက ေခြ်းနံ႔သက္သာေစျခင္းက ေပါင္ဒါရဲ႕အဓိကအားသားခ်က္ပါပဲ။ ဒါ့ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ေပါင္ဒါကို ယေန႔အခ်ိန္အထိ စြဲစြဲလမ္းလမ္းအသံုးျပဳေနၾကတုန္းပါပဲ။ ေပါင္ဒါသံုးလို႔ ဘယ္လိုအက်ိဳးေက်းဇူးေလးေတြ ရႏိုင္သလဲဆိုတာကို ဆက္ဖတ္ၾကည့္ရေအာင္ေနာ္။

၁။ စိုထိုင္းဆနဲ႔ ေခြ်းေတြကို စုပ္ယူေပးတယ္

ေပါင္ဒါသံုးျခင္းက ေခြ်းနဲ႔ စိုထိုင္းမႈေတြကို စုပ္ယူေပးတာကေတာ့ အေကာင္းဆံုးအက်ိဳးေက်းဇူးပါပဲ။ ေရခ်ိဳးၿပီးတဲ့ေနာက္မွာ ေပါင္ဒါလိမ္းလိုက္မယ္ဆိုရင္ ခႏၶာကိုယ္ထဲမွာ ေပါင္ဒါနံ႔ေလးက စိမ့္ဝင္သြားမွာပါ။

ေႏြရာသီမွာ ကမ္းေျခသြားၿပီး ႐ွိဳးထုတ္ခ်င္ေပမဲ့ ေခြ်းထုတ္ခန္းထဲက ထြက္လာသလိုေခြ်းဒီးဒီးက်ေနပါသလား၊ အဲ့ဒီေခြ်းေတြ စုပ္သြားဖို႔ ေပါင္ဒါလိမ္းေပးလိုက္ရင္ ကမ္းေျခမွာ အျပတ္လန္းႏိုင္ပါၿပီ။

၂။ အမဲစက္ေတြ ရန္ကကာကြယ္ေပးတယ္


သင့္အေရျပားက လိုတာထက္ပိုၿပီး ေခြ်းနဲ႔အဆီေတြထုတ္တဲ့အခါ အေရျပားမွာ႐ွိတဲ့ ဘက္တီးရီးယားေတြနဲ႔ ေရာၿပီး အမဲစက္ေတြ ျဖစ္ေပၚလာပါေတာ့တယ္။ စိုစြတ္တဲ့ပတ္ဝန္းက်င္၊ စိုစြတ္တဲ့အေရျပားေပၚမွာဆိုရင္ ဘက္တီးရီးယားေတြ ပိုမိုေပါက္ဖြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေပါင္ဒါလိမ္းေပးမယ္ဆိုရင္ အေရျပားမွာ စိုထိုင္းမႈေတြ စုပံုေနျခင္းကို တားဆီးေပးၿပီး အမဲစက္ျဖစ္ေပၚမႈကို တားဆီးႏိုင္ပါတယ္။

၃။ Dry Shampoo အေနနဲ႔ လည္း အသံုးျပဳႏိုင္ပါေသးတယ္

ေႏြရာသီမွာဆိုရင္ ဦးေရျပားကအဆီျပန္မႈပိုမ်ားၿပီး ဆံသားေတြက ေစးကပ္ကပ္ျဖစ္ေနတတ္ပါတယ္။ အေရးတႀကီးသြားစရာကလည္း ေပၚလာတယ္၊ ေခါင္းေလွ်ာ္ဖို႔အခ်ိန္မရဘူးဆိုရင္ သင့္ေခါင္းဘီးေပၚကို ေပါင္ဒါမႈန္႔ေလးျဖဴးေပးၿပီး ဆံပင္အရင္ကေန အဖ်ားအထိၿဖီးလိမ္းလိုက္ပါ။ ေခါင္းေလွ်ာ္ထားသလိုပဲ လန္းဆန္းေနေစၿပီး အန႔ံေလးေမႊးသြားေအာင္ေတာ့ ျပဳလုပ္ေပးပါလိမ့္မယ္။

၄။ ဘက္စံုအသံုးဝင္တယ္

ေပါင္ဒါကအစိုဓာတ္ကို စုပ္ယူထား႐ံု သင့္အေရျပားေပၚက ဘက္တီးရီးယားမ်ားကို ထိန္းသိမ္းထား႐ံုတင္မကဘူး သင့္ပတ္ဝန္းက်င္ကိုလည္း ေမႊးပ်ံ႕ေနေအာင္ ျပဳလုပ္ေပးပါတယ္။ သင့္အိပ္ရာေလးကို ေမႊးပ်ံ႕ေနခ်င္တယ္ဆိုရင္ေတာ့ မနက္ခင္းအိပ္ရာသိမ္းဆည္းၿပီးတာနဲ႔ ေပါင္ဒါမႈန္႔ေလးျဖဴးထားလိုက္ပါ။ ႐ွဴးဖိနပ္ေတြ အနံ႔အသက္ေကာင္းေစခ်င္ရင္လည္း ဖိနပ္ထဲကို ေပါင္ဒါမႈန္႔ျဖဴးေပးပါ။ ကားထဲမွာ အနံ႔အသက္ေမႊးေနေအာင္လည္း ေပါင္ဒါနဲ႔ အသံုးျပဳႏိုင္ပါတယ္။

ေပါင္ဒါလိမ္းျခင္းရဲ႕ ေကာင္းက်ိဳးေတြကို သိၿပီဆိုေတာ့ ဘယ္ေပါင္ဒါအမ်ိဳးအစားသံုးရမလဲ ေ႐ြးခ်ယ္ရခက္ေနတယ္ဆိုရင္ IODERM က ထုတ္လုပ္ထားတဲ့ Sweet Secret Powder ေလးနဲ႔ မိတ္ဆက္ေပးပါရေစ။ IODERM က ထိုင္းႏိုင္ငံကထုတ္ၿပီး သူ႔ရဲ႕အဓိကအားသားခ်က္ကေတာ့ ေစ်းႏႈန္းခ်ိဳသာျခင္းသာတဲ့အျပင္ အရည္အေသြးေကာင္းမြန္တာပါပဲ။

ပင္လယ္ေရညွိကရ႐ွိတဲ့ထုတ္ကုန္နဲ႔ သဘာဝအဆီအႏွစ္နဲ႔ ေပါင္းစပ္ထုတ္လုပ္ထားတဲ့အတြက္ေၾကာင့္ သူ႔အနံ႔ေလးကေတာ့ အ့ံမခန္းေမြးပ်ံ႕လြန္းလွပါတယ္။

Sweet Secret Powder ေလးကို လိမ္းမယ္ဆိုရင္ ေနေရာင္ကာကြယ္ေပးၿပီး အသားအရည္ကို စိုေျပဝင္းမြတ္ေစ႐ံုမက ေနေလာင္ဒဏ္ေၾကာင့္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္းနဲ႔ အသားအရည္နီျမန္းျခင္းတို႔ကို ကာကြယ္ေပးပါတယ္။ ပံုမွန္စြဲသံုးမယ္ဆိုရင္ အသားအရည္ကို ပိုမိုႏူးညံ့ေစမွာ အမွန္ပါပဲ။ သဘာဝအဆီအႏွစ္ေတြနဲ႔ ေမႊးရနံ႔ေတြေၾကာင့္ တစ္ေန႔တာလံုးစိတ္လက္ေပါ့ပါးၿပီး ယံုၾကည္ခ်က္႐ွိ႐ွိေနႏိုင္မွာပါ။

ဒီလိုေကာင္းက်ိဳးေတြ ႐ွိေနၿပီဆိုမွေတာ့ ဘာကိုေစာင့္ေနဦးမွာလဲ၊ အျမန္ေျပးဝယ္ထားလိုက္ပါေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#

ရာသီဥတုက သင့်အရေပြားကို ထိခိုက်ပျက်စီးစေတဲ့ အဓိကတရားခံပါပဲ။ သင်ရော နေရောင်အောက်မှာ အသွားအလာများတဲ့အခါ အသားအရေခြောက်ခြင်း၊ အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ နေလောင်ဒဏ်ကို ခံစားနေရပါသလား။ ပေါင်ဒါလိမ်းပြီးတော့ နေလောင်ဒဏ်တွေကာကယ်ပြီး အသားအရည်ထိန်းသိမ်းနိုင်တယ်ဆိုတာကို သင်သိပါသလား။ ပေါင်ဒါက ချွေးနံ့သက်သာစေခြင်းက ပေါင်ဒါရဲ့အဓိကအားသားချက်ပါပဲ။ ဒါ့ကြောင့် လူတော်တော်များများက ပေါင်ဒါကို ယနေ့အချိန်အထိ စွဲစွဲလမ်းလမ်းအသုံးပြုနေကြတုန်းပါပဲ။ ပေါင်ဒါသုံးလို့ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရနိုင်သလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ စိုထိုင်းဆနဲ့ ချွေးတွေကို စုပ်ယူပေးတယ်

ပေါင်ဒါသုံးခြင်းက ချွေးနဲ့ စိုထိုင်းမှုတွေကို စုပ်ယူပေးတာကတော့ အကောင်းဆုံးအကျိုးကျေးဇူးပါပဲ။ ရေချိုးပြီးတဲ့နောက်မှာ ပေါင်ဒါလိမ်းလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပေါင်ဒါနံ့လေးက စိမ့်ဝင်သွားမှာပါ။

နွေရာသီမှာ ကမ်းခြေသွားပြီး ရှိုးထုတ်ချင်ပေမဲ့ ချွေးထုတ်ခန်းထဲက ထွက်လာသလိုချွေးဒီးဒီးကျနေပါသလား၊ အဲ့ဒီချွေးတွေ စုပ်သွားဖို့ ပေါင်ဒါလိမ်းပေးလိုက်ရင် ကမ်းခြေမှာ အပြတ်လန်းနိုင်ပါပြီ။

၂။ အမဲစက်တွေ ရန်ကကာကွယ်ပေးတယ်


သင့်အရေပြားက လိုတာထက်ပိုပြီး ချွေးနဲ့အဆီတွေထုတ်တဲ့အခါ အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ရောပြီး အမဲစက်တွေ ဖြစ်ပေါ်လာပါတော့တယ်။ စိုစွတ်တဲ့ပတ်ဝန်းကျင်၊ စိုစွတ်တဲ့အရေပြားပေါ်မှာဆိုရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်ပါတယ်။ ဒါ့ကြောင့် ပေါင်ဒါလိမ်းပေးမယ်ဆိုရင် အရေပြားမှာ စိုထိုင်းမှုတွေ စုပုံနေခြင်းကို တားဆီးပေးပြီး အမဲစက်ဖြစ်ပေါ်မှုကို တားဆီးနိုင်ပါတယ်။

၃။ Dry Shampoo အနေနဲ့ လည်း အသုံးပြုနိုင်ပါသေးတယ်

နွေရာသီမှာဆိုရင် ဦးရေပြားကအဆီပြန်မှုပိုများပြီး ဆံသားတွေက စေးကပ်ကပ်ဖြစ်နေတတ်ပါတယ်။ အရေးတကြီးသွားစရာကလည်း ပေါ်လာတယ်၊ ခေါင်းလျှော်ဖို့အချိန်မရဘူးဆိုရင် သင့်ခေါင်းဘီးပေါ်ကို ပေါင်ဒါမှုန့်လေးဖြူးပေးပြီး ဆံပင်အရင်ကနေ အဖျားအထိဖြီးလိမ်းလိုက်ပါ။ ခေါင်းလျှော်ထားသလိုပဲ လန်းဆန်းနေစေပြီး အနံ့လေးမွှေးသွားအောင်တော့ ပြုလုပ်ပေးပါလိမ့်မယ်။

၄။ ဘက်စုံအသုံးဝင်တယ်

ပေါင်ဒါကအစိုဓာတ်ကို စုပ်ယူထားရုံ သင့်အရေပြားပေါ်က ဘက်တီးရီးယားများကို ထိန်းသိမ်းထားရုံတင်မကဘူး သင့်ပတ်ဝန်းကျင်ကိုလည်း မွှေးပျံ့နေအောင် ပြုလုပ်ပေးပါတယ်။ သင့်အိပ်ရာလေးကို မွှေးပျံ့နေချင်တယ်ဆိုရင်တော့ မနက်ခင်းအိပ်ရာသိမ်းဆည်းပြီးတာနဲ့ ပေါင်ဒါမှုန့်လေးဖြူးထားလိုက်ပါ။ ရှူးဖိနပ်တွေ အနံ့အသက်ကောင်းစေချင်ရင်လည်း ဖိနပ်ထဲကို ပေါင်ဒါမှုန့်ဖြူးပေးပါ။ ကားထဲမှာ အနံ့အသက်မွှေးနေအောင်လည်း ပေါင်ဒါနဲ့ အသုံးပြုနိုင်ပါတယ်။

ပေါင်ဒါလိမ်းခြင်းရဲ့ ကောင်းကျိုးတွေကို သိပြီဆိုတော့ ဘယ်ပေါင်ဒါအမျိုးအစားသုံးရမလဲ ရွေးချယ်ရခက်နေတယ်ဆိုရင် IODERM က ထုတ်လုပ်ထားတဲ့ Sweet Secret Powder လေးနဲ့ မိတ်ဆက်ပေးပါရစေ။ IODERM က ထိုင်းနိုင်ငံကထုတ်ပြီး သူ့ရဲ့အဓိကအားသားချက်ကတော့ ဈေးနှုန်းချိုသာခြင်းသာတဲ့အပြင် အရည်အသွေးကောင်းမွန်တာပါပဲ။

ပင်လယ်ရေညှိကရရှိတဲ့ထုတ်ကုန်နဲ့ သဘာဝအဆီအနှစ်နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သူ့အနံ့လေးကတော့ အံ့မခန်းမွေးပျံ့လွန်းလှပါတယ်။

Sweet Secret Powder လေးကို လိမ်းမယ်ဆိုရင် နေရောင်ကာကွယ်ပေးပြီး အသားအရည်ကို စိုပြေဝင်းမွတ်စေရုံမက နေလောင်ဒဏ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ အသားအရည်နီမြန်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ပုံမှန်စွဲသုံးမယ်ဆိုရင် အသားအရည်ကို ပိုမိုနူးညံ့စေမှာ အမှန်ပါပဲ။ သဘာဝအဆီအနှစ်တွေနဲ့ မွှေးရနံ့တွေကြောင့် တစ်နေ့တာလုံးစိတ်လက်ပေါ့ပါးပြီး ယုံကြည်ချက်ရှိရှိနေနိုင်မှာပါ။

ဒီလိုကောင်းကျိုးတွေ ရှိနေပြီဆိုမှတော့ ဘာကိုစောင့်နေဦးမှာလဲ၊ အမြန်ပြေးဝယ်ထားလိုက်ပါတော့။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top