စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ရခုိင္ျပည္နယ္ ဂြၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴးအပါအဝင္ အေပါင္းပါ ၄ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ဂြၿမိဳ႕မ ရဲစခန္းမွ သိရသည္။

အမႈဖြင့္ခံရသူမ်ားမွာ ဂြၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးမင္းမင္းေဇာ္၊ လက္ေထာက္ဦးစီးမွဴး ဦးေမာင္ေမာင္လြင္၊ ေျမတိုင္း(၄)ဦးေက်ာ္ႏိုင္ထြန္းႏွင့္ ၿမိဳ႕နယ္ဦးစီးမွဴး(အၿငိမ္းစား) ဦးဦးေက်ာ္ဝင္းတို႔ျဖစ္သည္။

"စစ္ေဆးတာကေတာ့ အဂတိေကာ္မရွင္က သူတုိ႔ဘာသာသူတုိ႔ စစ္ေဆးတယ္။ သူတုိ႔ဘာသာသူတုိ႔ တရားလို လုပ္တယ္။ က်ေနာ္တုိ႔ဆီမွာ FIR ဖြင့္တာတစ္ခုပဲရွိတယ္။ ေနာက္ၿပီး ဒီမွာလည္း မထားဘူး။ သူတုိ႔ အားလံုး FIR ဖြင့္ၿပီးေတာ့ ရမန္ယူၿပီးတဲ့အခါမွာ သံတြဲကုိ မေန႔ကတည္းက ယူသြားပါတယ္။ သံတဲြတရား႐ုံး ေခၚၿပီး အဲဒီမွာ ရမန္ထပ္ယူၿပီးေတာ့ သူတုိ႔ လုိအပ္တဲ့ေနရာမွာ သူတုိ႔ထားမွာေပါ့ "ဟု ဂြၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေအးထြန္းက နိရဥၥရာသတင္းဌာနသို႔ ဇန္နဝါရီလ ၁ဝ ရက္ေန႔က အတည္ျပဳေျပာသည္။

အမႈဖြင့္ခံရသူ ၄ ဦးအနက္ ၿမိဳ႕နယ္ဦးစီးမွဴး ဦးမင္းမင္းေဇာ္၊ လက္ေထာက္ဦးစီးမွဴး ဦးေမာင္ေမာင္လြင္ႏွင့္ ေျမတိုင္း(၄)ဦးေက်ာ္ႏိုင္ထြန္းတုိ႔သည္ ဂြၿမိဳ႕နယ္၊ ကမ္းသာယာေက်းရြာမွ ကြင္းအမွတ္(၂၈၆)၊ သာေခြးခ်ိဳင္ကြင္း ဦးပိုင္အမွတ္(N-3)၊ ဧရိယာ ၂ ဒသမ ၄၃ ဧကႏွင့္ပတ္သက္၍ ေျမစာရင္းပုံစံ(၁ဝ၅)ႏွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇)တို႔ကုိ အသစ္ထုတ္ေပးရာတြင္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္ရြက္ခဲ့ျခင္းမရွိသည့္အျပင္ ေျမကြက္ပိုင္ရွင္မ်ားထံမွ က်ပ္သိန္း ၆၃ဝ ကို အဂတိ လုိက္စားခဲ့သည္ ဟုလည္း ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္၏ ဇန္နဝါရီလ ၉ ရက္ေန႔က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အမႈဖြင့္ခံရသူေနာက္တစ္ဦးျဖစ္သည့္ ၿမိဳ႕နယ္ဦးစီးမွဴး(အၿငိမ္းစား) ဦးဦးေက်ာ္ဝင္းသည္လည္း အဆုိပါျဖစ္စဥ္ထဲတြင္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ အတြင္းေရးမွဴးအေနျဖင့္ လက္မွတ္ ေရးထိုးေပးခဲ့ၿပီး ၿမိဳ႕နယ္ဦးစီးမွဴး ဦးမင္းမင္းေဇာ္ႏွင့္ သူ၏လက္ေအာက္ ဝန္ထမ္းမ်ား အဂတိ လိုက္စားမႈ က်ဴးလြန္ရာတြင္ အားေပးကူညီခဲ့သည္ကုိ စစ္ေဆးေပၚေပါက္ခဲ့သည္ဟုလည္း ထုတ္ျပန္ခ်က္က ဆုိသည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ သူတုိ႔ ၄ ဦးစလံုးအား ဇန္နဝါရီလ ၈ ရက္ေန႔က ဂြၿမိဳ႕မရဲစခန္းတြင္ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ျပီး ၿမိဳ႕နယ္ဦးစီးမွဴး(အၿငိမ္းစား) ဦးဦးေက်ာ္ဝင္းကုိလည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ ျဖင့္ အမႈဖြင့္ထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ရခုိင္ျပည္နယ္တြင္ အစိုးရဌာနမွ အရာရွိမ်ားကုိ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူျခင္းသည္ ယခုအၾကိမ္သည္ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:မာန္ယုေက်ာ္ (ေရႊဝေျမ)
Narinjara
https://www.facebook.com/Narinjara

#Unicode Version#


ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးအပါအဝင် အပေါင်းပါ ၄ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဂွမြို့မ ရဲစခန်းမှ သိရသည်။

အမှုဖွင့်ခံရသူများမှာ ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း(၄)ဦးကျော်နိုင်ထွန်းနှင့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းတို့ဖြစ်သည်။

"စစ်ဆေးတာကတော့ အဂတိကော်မရှင်က သူတို့ဘာသာသူတို့ စစ်ဆေးတယ်။ သူတို့ဘာသာသူတို့ တရားလို လုပ်တယ်။ ကျနော်တို့ဆီမှာ FIR ဖွင့်တာတစ်ခုပဲရှိတယ်။ နောက်ပြီး ဒီမှာလည်း မထားဘူး။ သူတို့ အားလုံး FIR ဖွင့်ပြီးတော့ ရမန်ယူပြီးတဲ့အခါမှာ သံတွဲကို မနေ့ကတည်းက ယူသွားပါတယ်။ သံတွဲတရားရုံး ခေါ်ပြီး အဲဒီမှာ ရမန်ထပ်ယူပြီးတော့ သူတို့ လိုအပ်တဲ့နေရာမှာ သူတို့ထားမှာပေါ့ "ဟု ဂွမြို့မရဲစခန်းမှူး ဒုရဲမှူး အေးထွန်းက နိရဉ္စရာသတင်းဌာနသို့ ဇန်နဝါရီလ ၁ဝ ရက်နေ့က အတည်ပြုပြောသည်။

အမှုဖွင့်ခံရသူ ၄ ဦးအနက် မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း(၄)ဦးကျော်နိုင်ထွန်းတို့သည် ဂွမြို့နယ်၊ ကမ်းသာယာကျေးရွာမှ ကွင်းအမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ ဧရိယာ ၂ ဒသမ ၄၃ ဧကနှင့်ပတ်သက်၍ မြေစာရင်းပုံစံ(၁ဝ၅)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့ကို အသစ်ထုတ်ပေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် မြေကွက်ပိုင်ရှင်များထံမှ ကျပ်သိန်း ၆၃ဝ ကို အဂတိ လိုက်စားခဲ့သည် ဟုလည်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုဖွင့်ခံရသူနောက်တစ်ဦးဖြစ်သည့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းသည်လည်း အဆိုပါဖြစ်စဉ်ထဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးအနေဖြင့် လက်မှတ် ရေးထိုးပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်နှင့် သူ၏လက်အောက် ဝန်ထမ်းများ အဂတိ လိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် သူတို့ ၄ ဦးစလုံးအား ဇန်နဝါရီလ ၈ ရက်နေ့က ဂွမြို့မရဲစခန်းတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ပြီး မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရဌာနမှ အရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top