မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိမည့် အခွင့်အရေးနှင့် ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ
×











#Unicode Version#
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၈-၁၂-၂၀၁၉)ရက် နံနက် (၀၉ း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် ဖြစ်ထွန်း နေပြီး၊ကျန်ဘင်္ဂလားပင် လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းသတင်း။ (၈-၁-၂၀၁၉)ရက် နံနက်(၀၆း၃၀)နာရီအချိန် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်ပိုင်းတွင် ဖစ်ပေါ်နေသော မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်းက အရှေ့မြောက်ဖက်သို့ ရွေ့လျှားလာရင်း အားလျော့လာ ကာ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းမြောက်ပို င်း ကမ်း ခြေကိုဖြတ်သန်းရင်း ဆက်လက်အားလျော့သွားမည်ဟုခန့်မှန်းရပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၂) ပေခန့် မှ (၅)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်၊ တို့မှာ 8°C မှ 13°C ခန့်၊ ရှမ်းပြည်နယ် ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသ ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် 14°C မှ 18°C၊ကျန်ဒေသတွေမှာ 19°C မှ 23°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အသင့်အတင့် အဆင့် တွင်ရှိနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး မှာ အလွန်မြင့်မား အဆင့် တွင်ရှိနိုင်ကာ၊ကျန်ဒေသ တွေမှာ မြင့်မား အဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။ တပြည်လုံးတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်ရာမှ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ကချင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကွက်ကျား၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးရွာပါမယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ နေရာကွက်ကျား မိုးရွာ နိုင်ပါတယ်။



ဖိုးသူတော်(www.phothutaw.com)

Credit: ဒေါက်တာထွန်းလွင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top