ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

သမီးကိုခ်စ္လြန္းတဲ့ ဖခင္တစ္ဦးဟာ သူရဲ႕သမီးကို အဓမၼက်င့္သြားတဲ့ မုဒိမ္းသမားကို လက္မရြံ႕လူသတ္သမား ငွားရမ္းၿပီး လက္စားျပန္ေခ်ခဲ့ေၾကာင္း သိရပါတယ္။ အဓမၼက်င့္ခံရတဲ့ (၁၅)ႏွစ္အရြယ္ သမီးျဖစ္သူဟာ ရွက္လြန္းလုိ႔ မိမိကိုယ္ကုိ ေသေၾကာင္း ႀကံစည္သြားခဲ့ပါတယ္။
Matarazzo ရဲ႕ နာေရးေၾကာ္ညာ

ဒီအတြက္ သမီးရွင္ျဖစ္တဲ့ဖခင္ဟာ ယူႀကဳံးမရျဖစ္ၿပီး၊ သမီးကို ေစာ္ကားသြားသူကို ဘယ္လုိတုန္႔ျပန္ရမလဲ အညႇိဳးအေတး ထားခဲ့ပါတယ္။ ေနာက္ေတာ့ လူသတ္သမား ငွားခဲ့တာပါ။ အသတ္ခံရသူကေတာ့ Guiseppe Matarazzo ျဖစ္ၿပီး မုဒိမ္းမႈေၾကာင့္ ေထာင္(၁၁)ႏွစ္က်ၿပီး လြတ္လာတာ မၾကာေသးပါဘူး။

Matarazzo အေနနဲ႔လည္း သူ႕ရဲ႕အမွားကို ေခၽြးနဲ႔ေပးဆပ္ခဲ့ေသာ္လည္း ေသဆုံးသူရဲ႕ဖခင္က သမီးတစ္ေယာက္ကို ဒီလုိလုပ္သြားတာ၊ သမီးတစ္ေယာက္ ဆုံး႐ႈံးရတာမုိ႔ ခြင့္မလႊတ္ႏုိင္ခဲ့ပါဘူး။ Matarazzo ဟာ ေသနတ္နဲ႔ ငါးခ်က္အထိ ပစ္သတ္တာကို ခံခဲ့ရပါတယ္။

Matarazzo ဟာ အီတလီႏုိင္ငံမွာ ဆယ္ေက်ာ္သက္အရြယ္ ေကာင္မေလးနွစ္ေယာက္အထိ အဓမၼက်င့္ခဲ့ရာ အခုလက္စားေခ်တဲ့ ဖခင္ျဖစ္သူရဲ႕သမီးလည္း တစ္ဦးအပါအဝင္ပါ။ သူမဟာ (၂၀၀၈)ခုႏွစ္မွာ သတ္ေသသြားခဲ့ပါတယ္။ Matarazzo ဟာ 3.56 မဂၢနမ္ပစၥတုိနဲ႔ ပစ္သတ္ခံခဲ့ရတာပါ။

ေလာေလာဆယ္ေတာ့ လူသတ္မႈသံသယနဲ႔ Generoso Nastam (၃၀)ႏွစ္နဲ႔ Giuseppe Massaro (၅၅)ႏွစ္တုိ႔ကို ဖမ္းဆီးထားပါတယ္။ ဒီအထဲမွာ ဘယ္သူက ေသဆုံးသူေကာင္မေလးရဲ႕ ဖခင္ျဖစ္တယ္၊ ဘယ္သူက ေၾကးစားလူသတ္သမားျဖစ္တယ္ဆုိတာ သတင္းမွာ ေဖာ္ျပမထားပါဘူး။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းသူရိန္ (MyanmarNote)

# Unicode Version ျဖင့္ ဖတ္ပါ #

သမီးကိုချစ်လွန်းတဲ့ ဖခင်တစ်ဦးဟာ သူရဲ့သမီးကို အဓမ္မကျင့်သွားတဲ့ မုဒိမ်းသမားကို လက်မရွံ့လူသတ်သမား ငှားရမ်းပြီး လက်စားပြန်ချေခဲ့ကြောင်း သိရပါတယ်။ အဓမ္မကျင့်ခံရတဲ့ (၁၅)နှစ်အရွယ် သမီးဖြစ်သူဟာ ရှက်လွန်းလို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သွားခဲ့ပါတယ်။
Matarazzo ရဲ့ နာရေးကြော်ညာ

ဒီအတွက် သမီးရှင်ဖြစ်တဲ့ဖခင်ဟာ ယူကြုံးမရဖြစ်ပြီး၊ သမီးကို စော်ကားသွားသူကို ဘယ်လိုတုန့်ပြန်ရမလဲ အညှိုးအတေး ထားခဲ့ပါတယ်။ နောက်တော့ လူသတ်သမား ငှားခဲ့တာပါ။ အသတ်ခံရသူကတော့ Guiseppe Matarazzo ဖြစ်ပြီး မုဒိမ်းမှုကြောင့် ထောင်(၁၁)နှစ်ကျပြီး လွတ်လာတာ မကြာသေးပါဘူး။

Matarazzo အနေနဲ့လည်း သူ့ရဲ့အမှားကို ချွေးနဲ့ပေးဆပ်ခဲ့သော်လည်း သေဆုံးသူရဲ့ဖခင်က သမီးတစ်ယောက်ကို ဒီလိုလုပ်သွားတာ၊ သမီးတစ်ယောက် ဆုံးရှုံးရတာမို့ ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ Matarazzo ဟာ သေနတ်နဲ့ ငါးချက်အထိ ပစ်သတ်တာကို ခံခဲ့ရပါတယ်။

Matarazzo ဟာ အီတလီနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်အထိ အဓမ္မကျင့်ခဲ့ရာ အခုလက်စားချေတဲ့ ဖခင်ဖြစ်သူရဲ့သမီးလည်း တစ်ဦးအပါအဝင်ပါ။ သူမဟာ (၂၀၀၈)ခုနှစ်မှာ သတ်သေသွားခဲ့ပါတယ်။ Matarazzo ဟာ 3.56 မဂ္ဂနမ်ပစ္စတိုနဲ့ ပစ်သတ်ခံခဲ့ရတာပါ။

လောလောဆယ်တော့ လူသတ်မှုသံသယနဲ့ Generoso Nastam (၃၀)နှစ်နဲ့ Giuseppe Massaro (၅၅)နှစ်တို့ကို ဖမ်းဆီးထားပါတယ်။ ဒီအထဲမှာ ဘယ်သူက သေဆုံးသူကောင်မလေးရဲ့ ဖခင်ဖြစ်တယ်၊ ဘယ်သူက ကြေးစားလူသတ်သမားဖြစ်တယ်ဆိုတာ သတင်းမှာ ဖော်ပြမထားပါဘူး။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသူရိန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top