ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


တစ္ပတ္ကို သုံးႀကိမ္ေလာက္ လမ္းေလၽွာက္ျခင္း ဒါမွမဟုတ္ စက္ဘီးစီးျခင္း ျပဳလုပ္ေပးတာက ႏွလုံးေသြးလႊတ္ေၾကာကိုေကာင္းမြန္ေစၿပီး စဥ္းစားေတြးေခၚႏိုင္စြမ္းကို တိုးျမင့္လာေစသလို ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို အခ်ိန္ၾကာရွည္ခံႏိုင္ေစတယ္လို႔ ေဆးပညာရွင္ေတြက ဆိုပါတယ္။ အယ္ဇိုင္းမားေရာဂါနဲ႔ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြကို ေလၽွာ႔ခ်ဖို႔ ေနထိုင္မႈပုံစံ ေျပာင္းရမယ္ဆိုတဲ့အခ်က္ကိုလည္း ေဆးပညာရွင္ေတာ္ေတာ္မ်ားမ်ားက သတိေပးႏႈိးေဆာ္ေလ့ရွိပါတယ္။

စိတ္ဓာတ္က်ျခင္းနဲ႔ ႏွလုံးက်န္းမာေရးေပၚမွာ အစာအာဟာရနဲ႔ ေလ့က်င့္ခန္းလုပ္ျခင္းရဲ႕ သက္ေရာက္ပုံကို ေဒါက္တာ ဘလူမန္သယ္ (Blumenthal) က ေလ့လာခဲ့ပါတယ္။ ဒီေလ့လာမႈမွာ ေသြးတိုး ဒါမွမဟုတ္ ႏွလုံးႂကြက္သားဆိုင္ရာေရာဂါရွိသူ အေယာက္ ၁၆၀ ပါဝင္ခဲ့ပါတယ္။ ဒီအေယာက္ ၁၆၀ က ေလ့က်င့္ခန္းဆိုတာနဲ႔ ေဝလာေဝးၿပီး အာ႐ုံစူးစိုက္ႏိုင္စြမ္းမွာ အခက္အခဲရွိေနသူေတြ ျဖစ္ပါတယ္။

ပါဝင္သူေတြကို အဖြဲ႕ ၄ ဖြဲ႕ခြဲၿပီး ၆ လၾကာ ေလ့လာခဲ့ပါတယ္။ ပထမအဖြဲ႔ကေတာ့ ေသြးတိုးကို အစားအေသာက္နဲ႔ ခ်ပါတယ္။ ဆား၊ အဆီမ်ားတဲ့အစားအစာနဲ႔ အခ်ိဳေတြကို ျဖတ္ၿပီး ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံနဲ႔ ေျပာင္းႏွံေတြကိုပဲ စားေစပါတယ္။ ဒီအုပ္စုကို အစားအေသာက္အတြက္ပဲ လမ္းၫႊန္ေပးၿပီး ထိုင္ရာကမထတမ္း အက်င့္ေတြကို ေဖ်ာက္ဖို႔ေတာ့ မတိုက္တြန္းခဲ့ပါဘူး။

ဒုတိယအုပ္စုကိုေတာ့ အစားအေသာက္ေျပာင္းလဲဖို႔ မတိုက္တြန္းဘဲ ေလ့က်င့္ခန္းကိုသာ အေလးေပးခဲ့ပါတယ္။ ပထမ ၃ လမွာေတာ့ ဒီအဖြဲ႔ကို ၁၀ မိနစ္ၾကာ ေသြးပူေလ့က်င့္ခန္းလုပ္ခိုင္းၿပီး လမ္းေလၽွာက္ျခင္းနဲ႔ စက္ဘီးစီးျခင္းကိုေတာ့ ၃၅ မိနစ္ၾကာ လုပ္ခိုင္းခဲ့ပါတယ္။ ေနာက္ ၃ လၾကာမွာေတာ့ အိမ္မွာပဲ ေလ့က်င့္ခန္းလုပ္ခိုင္းခဲ့ပါတယ္။

တတိယအုပ္စုကေတာ့ ႏွစ္မ်ိဳးစလုံး လုပ္ရပါတယ္။ တစ္ပတ္ကို ၃ ႀကိမ္ ေလ့က်င့္ခန္းလုပ္ၿပီး အစားအေသာက္နဲ႔လည္း ေသြးတိုးခ်ပါတယ္။ စတုတၳအုပ္စုကိုေတာ့ က်န္းမာေရးအသိပညာေပးသူတစ္ေယာက္နဲ႔ မိနစ္ ၃၀ ၾကာ ဖုန္းေျပာၿပီး ႏွလုံးႂကြက္သားေရာဂါျဖစ္ႏိုင္ေခ် ေလ်ာ့ခ်နည္းေတြကို လမ္းၫႊန္ခိုင္းပါတယ္။

၆ လ ၾကာၿပီးတဲ့ေနာက္ ရလဒ္ေတြမွာေတာ့ ေလ့က်င့္ခန္းခ်ည္းပဲ လုပ္သူေတြက ေလ့က်င့္ခန္းမရွိသူေတြထက္ ပိုၿပီးလုပ္ကိုင္ႏိုင္မႈစြမ္းရည္ တိုးတက္တာေတြ႔ရပါတယ္။ ေလ့က်င့္ခန္းမပါဘဲ အစားအစာကိုသာ အဓိကထားသူေတြမွာ တိုးတက္မႈနည္းတယ္ဆိုေပမဲ့ နည္းနည္းပဲ ကြာျခားတာ ျဖစ္ပါတယ္။ အစားအစာနဲ႔ ေလ့က်င့္ခန္း ၂ မ်ိဳးစလုံး ဂ႐ုစိုက္သူေတြမွာေတာ့ အက်ိဳးေက်းဇူးအမ်ားဆုံး ျဖစ္ၿပီး ဦးေႏွာက္ယိုယြင္းပ်က္စီးမႈေတြလည္း နည္းပါးတယ္လို႔ သိရပါတယ္။

အစားအစာနဲ႔ ေလ့က်င့္ခန္းကို အေလးထားသူေတြမွာ ေနထိုင္မႈပုံစံေတြပါေျပာင္းသြားတာေၾကာင့္ ေသြးလည္ပတ္မႈေကာင္းၿပီး အာ႐ုံေၾကာဆိုင္ရာပါ ေကာင္းမြန္သြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာတဲ့ဘဝေနထိုင္မႈပုံစံရေအာင္ ႀကိဳးစားထိန္းသိမ္းဖို႔ ခုကေန စၿပီး ႀကိဳးစားမယ္ဆိုရင္ ေနာက္မက်ေသးပါဘူး။ အထူးသျဖင့္ ခုလိုေဆာင္းတြင္းမွာ ခ်မ္းခ်မ္းစီးစီးနဲ႔ ေကြးမေနဘဲ မနက္ခင္းတိုင္း လမ္းေလၽွာက္ထြက္ဖို႔ သတိရေပးပါလို႔ တိုက္တြန္းလိုက္ပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

တစ်ပတ်ကို သုံးကြိမ်လောက် လမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်း ပြုလုပ်ပေးတာက နှလုံးသွေးလွှတ်ကြောကိုကောင်းမွန်စေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးမြင့်လာစေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်ကြာရှည်ခံနိုင်စေတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို လျှော့ချဖို့ နေထိုင်မှုပုံစံ ပြောင်းရမယ်ဆိုတဲ့အချက်ကိုလည်း ဆေးပညာရှင်တော်တော်များများက သတိပေးနှိုးဆော်လေ့ရှိပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ နှလုံးကျန်းမာရေးပေါ်မှာ အစာအာဟာရနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ သက်ရောက်ပုံကို ဒေါက်တာ ဘလူမန်သယ် (Blumenthal) က လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ သွေးတိုး ဒါမှမဟုတ် နှလုံးကြွက်သားဆိုင်ရာရောဂါရှိသူ အယောက် ၁၆၀ ပါဝင်ခဲ့ပါတယ်။ ဒီအယောက် ၁၆၀ က လေ့ကျင့်ခန်းဆိုတာနဲ့ ဝေလာဝေးပြီး အာရုံစူးစိုက်နိုင်စွမ်းမှာ အခက်အခဲရှိနေသူတွေ ဖြစ်ပါတယ်။

ပါဝင်သူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး ၆ လကြာ လေ့လာခဲ့ပါတယ်။ ပထမအဖွဲ့ကတော့ သွေးတိုးကို အစားအသောက်နဲ့ ချပါတယ်။ ဆား၊ အဆီများတဲ့အစားအစာနဲ့ အချိုတွေကို ဖြတ်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပြောင်းနှံတွေကိုပဲ စားစေပါတယ်။ ဒီအုပ်စုကို အစားအသောက်အတွက်ပဲ လမ်းညွှန်ပေးပြီး ထိုင်ရာကမထတမ်း အကျင့်တွေကို ဖျောက်ဖို့တော့ မတိုက်တွန်းခဲ့ပါဘူး။

ဒုတိယအုပ်စုကိုတော့ အစားအသောက်ပြောင်းလဲဖို့ မတိုက်တွန်းဘဲ လေ့ကျင့်ခန်းကိုသာ အလေးပေးခဲ့ပါတယ်။ ပထမ ၃ လမှာတော့ ဒီအဖွဲ့ကို ၁၀ မိနစ်ကြာ သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းပြီး လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကိုတော့ ၃၅ မိနစ်ကြာ လုပ်ခိုင်းခဲ့ပါတယ်။ နောက် ၃ လကြာမှာတော့ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ခိုင်းခဲ့ပါတယ်။

တတိယအုပ်စုကတော့ နှစ်မျိုးစလုံး လုပ်ရပါတယ်။ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်နဲ့လည်း သွေးတိုးချပါတယ်။ စတုတ္ထအုပ်စုကိုတော့ ကျန်းမာရေးအသိပညာပေးသူတစ်ယောက်နဲ့ မိနစ် ၃၀ ကြာ ဖုန်းပြောပြီး နှလုံးကြွက်သားရောဂါဖြစ်နိုင်ချေ လျော့ချနည်းတွေကို လမ်းညွှန်ခိုင်းပါတယ်။

၆ လ ကြာပြီးတဲ့နောက် ရလဒ်တွေမှာတော့ လေ့ကျင့်ခန်းချည်းပဲ လုပ်သူတွေက လေ့ကျင့်ခန်းမရှိသူတွေထက် ပိုပြီးလုပ်ကိုင်နိုင်မှုစွမ်းရည် တိုးတက်တာတွေ့ရပါတယ်။ လေ့ကျင့်ခန်းမပါဘဲ အစားအစာကိုသာ အဓိကထားသူတွေမှာ တိုးတက်မှုနည်းတယ်ဆိုပေမဲ့ နည်းနည်းပဲ ကွာခြားတာ ဖြစ်ပါတယ်။ အစားအစာနဲ့ လေ့ကျင့်ခန်း ၂ မျိုးစလုံး ဂရုစိုက်သူတွေမှာတော့ အကျိုးကျေးဇူးအများဆုံး ဖြစ်ပြီး ဦးနှောက်ယိုယွင်းပျက်စီးမှုတွေလည်း နည်းပါးတယ်လို့ သိရပါတယ်။

အစားအစာနဲ့ လေ့ကျင့်ခန်းကို အလေးထားသူတွေမှာ နေထိုင်မှုပုံစံတွေပါပြောင်းသွားတာကြောင့် သွေးလည်ပတ်မှုကောင်းပြီး အာရုံကြောဆိုင်ရာပါ ကောင်းမွန်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံရအောင် ကြိုးစားထိန်းသိမ်းဖို့ ခုကနေ စပြီး ကြိုးစားမယ်ဆိုရင် နောက်မကျသေးပါဘူး။ အထူးသဖြင့် ခုလိုဆောင်းတွင်းမှာ ချမ်းချမ်းစီးစီးနဲ့ ကွေးမနေဘဲ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ဖို့ သတိရပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top