အလွမယ္သင္းသင္းကေတာ့ ပရဟိတမင္းသားၾကီး ေဝဠဳေက်ာ္ကို တရားစြဲတဲ့ ကိစၥေတြကေတာ့ လက္ရွိခ်ိန္ထိကို ဂယက္ထေနပါေသးတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ တရားဝင္ တရားရင္ဆိုင္ေနရတာ ျဖစ္ျပီး ေဝဠဳေက်ာ္ကေတာ့ သိန္း ၅၀ နဲ႔ အာမခံရရွိထားေၾကာင္းလည္း သိရပါတယ္။ ႏွစ္ေယာက္လံုးကေတာ့ ဥပေဒနဲ႔ပဲ သြားျပီး အမွန္တရားက ေပၚေပါက္လာပါလိမ့္မယ္လို႔ ေျပာၾကားထားပါတယ္။ ယင္းကိစၥေတြနဲ႔ ပတ္သက္ျပီးလည္း ေဝဠဳေက်ာ္ရဲ့ ေရွ႔ေနျဖစ္သူ ဦးဖိုးျဖဴကေတာ့ တရားမွ်တမႈရွိေစဖို႔ ေဝဠဳေက်ာ္နဲ႔ သူ႔ရဲ့ပရိသတ္ေတြဖက္က လိုက္ပါေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားသြား ခဲ့ပါတယ္။

ေဝဠဳေက်ာ္ရဲ့ ေရွ႔ေနျဖစ္သူ ဦးဖိုးျဖဴကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးတြင္ “ကိုေဝဠဳအေနနဲ႔ ဒီလိုပုဒ္မမ်ိဳးနဲ႔ အစြဲခံရတယ္။ ကာမလိမ္လည္ပါတယ္ဆိုတဲ့ပုဒ္မနဲ႔ အစြဲခံရတယ္။ ဒီလိုအမႈကို ေရွ႔ေနတေယာက္အေနနဲ႔ လိုက္ပါေဆာင္ရြက္ေပးတယ္ေပါ့။ ဒါပါပဲ။ အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္လို႔ ကိုေဝဠဳေက်ာ္ကို တရားရံုးက အာမခံေပးလိုက္ပါတယ္။ သူ႔မိဘႏွစ္ပါးကလည္း သူတု႔ိရဲ့ ပစၥည္းေတြနဲ႔ကို ခံဝင္ထားရွိျပီးေတာ့ အာမခံရယူသြားပါျပီဗ်ာ။ သိန္း ၅၀ နဲ႔ အာမခံရရွိသြားတာပါ။ ကြ်န္ေတာ့္အေနနဲ႔ လိုက္ပါ ေဆာင္ရြက္ရာမွာေတာ့ ေကာင္းျမတ္တဲ့ရည္ရြယ္ခ်က္ရွိပါတယ္ဗ်ာ။

ဘာလို႔လဲဆိုေတာ့ လူ႔ေလာကမွာ အသက္ ၁၀၀ မေနရ အမႈ ၁၀၀ ၾကံဳရတဲ့ အျဖစ္မ်ိဳးေတြ ၾကံဳၾကရပါတယ္။ ဒီလိုမ်ိဳးၾကံဳလာတဲ့အခ်ိန္မွာ လူေတြကို အားမငယ္ေစခ်င္ဘူး။ လူေတြကို အားရွိေစခ်င္တယ္။ လူ႔ဘဝမွာ ေကာင္းတာဆိုးတာ လိုခ်င္တာ မလိုခ်င္တာ ႏွစ္သက္တာ မႏွစ္သက္တာ ၾကံဳကိုၾကံဳရတတ္တယ္။ ဒီလိုၾကံဳရတိုင္း လူေတြဟာ ေခါင္းေမာ့ျပီးေတာ့ အနိမ့္ဆံုးေအာက္ထစ္ အမွန္တရားအတြက္ အနိမ့္ဆံုးေအာက္ထစ္ တရားမွ်တမႈအတြက္ သတၱိအားမာန္မႈမ်ိဳး ရွိေစႏိုင္ဖို႔အတြက္ ကြ်န္ေတာ္ဟာ ကိုေဝဠဳအတြက္နဲ႔ ကိုေဝဠဳရဲ့ ပရိသတ္ေတြအတြက္ လိုက္ပါေဆာင္ရြက္ေပးတာ ျဖစ္ပါတယ္။ ဒါေၾကာင့္အမွန္တရားဟာ တရားခြင္မွာ ေပၚကိုေပၚေပါက္ရမယ္။

ဒီအမွန္တရားအတြက္ တရားမွ်တမႈဟာ ကိုေဝဠဳနဲ႔ ကိုေဝဠဳပရိသတ္ေတြအတြက္ မလြဲမေသြရရွိရလိမ့္မယ္လို႔ ကြ်န္ေတာ္ေမွ်ာ္လင့္ရပါတယ္ဗ်ာ။ ကြ်န္ေတာ့္အေနနဲ႔ေတာ့ အစြမ္းကုန္ၾကိဳးစားေပးသြားမွာပါ။ လူတေယာက္ရဲ့ ဂုဏ္သိကၡာအတြက္ သူ႔ဘဝမွာ ရွိေနႏိုင္တဲ့ အတတ္အက်အနိမ့္အျမင့္ေတြတိုင္းမွာ အမွန္တရားနဲ႔ တရားမွ်တမႈအတြက္ အေကာင္းဆံုး ၾကိဳးစားေပးသြားမွာပါဗ်ာ။ ကြ်န္ေတာ္က အထက္တန္းေရွ႔ေန ကိုဖိုးျဖဴပါ။ ေနာက္ရံုးခ်ိန္းကေတာ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကို ထပ္ျပီးေတာ့ ခ်ိန္းထားပါတယ္ဗ်ာ” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

အလှမယ်သင်းသင်းကတော့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို တရားစွဲတဲ့ ကိစ္စတွေကတော့ လက်ရှိချိန်ထိကို ဂယက်ထနေပါသေးတယ်။ သူတို့နှစ်ယောက်ကတော့ တရားဝင် တရားရင်ဆိုင်နေရတာ ဖြစ်ပြီး ဝေဠုကျော်ကတော့ သိန်း ၅၀ နဲ့ အာမခံရရှိထားကြောင်းလည်း သိရပါတယ်။ နှစ်ယောက်လုံးကတော့ ဥပဒေနဲ့ပဲ သွားပြီး အမှန်တရားက ပေါ်ပေါက်လာပါလိမ့်မယ်လို့ ပြောကြားထားပါတယ်။ ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ ဦးဖိုးဖြူကတော့ တရားမျှတမှုရှိစေဖို့ ဝေဠုကျော်နဲ့ သူ့ရဲ့ပရိသတ်တွေဖက်က လိုက်ပါဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ ဦးဖိုးဖြူကတော့ Sunday Journal နဲ့ အင်တာဗျူးတွင် “ကိုဝေဠုအနေနဲ့ ဒီလိုပုဒ်မမျိုးနဲ့ အစွဲခံရတယ်။ ကာမလိမ်လည်ပါတယ်ဆိုတဲ့ပုဒ်မနဲ့ အစွဲခံရတယ်။ ဒီလိုအမှုကို ရှေ့နေတယောက်အနေနဲ့ လိုက်ပါဆောင်ရွက်ပေးတယ်ပေါ့။ ဒါပါပဲ။ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်လို့ ကိုဝေဠုကျော်ကို တရားရုံးက အာမခံပေးလိုက်ပါတယ်။ သူ့မိဘနှစ်ပါးကလည်း သူတု့ိရဲ့ ပစ္စည်းတွေနဲ့ကို ခံဝင်ထားရှိပြီးတော့ အာမခံရယူသွားပါပြီဗျာ။ သိန်း ၅၀ နဲ့ အာမခံရရှိသွားတာပါ။ ကျွန်တော့်အနေနဲ့ လိုက်ပါ ဆောင်ရွက်ရာမှာတော့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်ရှိပါတယ်ဗျာ။

ဘာလို့လဲဆိုတော့ လူ့လောကမှာ အသက် ၁၀၀ မနေရ အမှု ၁၀၀ ကြုံရတဲ့ အဖြစ်မျိုးတွေ ကြုံကြရပါတယ်။ ဒီလိုမျိုးကြုံလာတဲ့အချိန်မှာ လူတွေကို အားမငယ်စေချင်ဘူး။ လူတွေကို အားရှိစေချင်တယ်။ လူ့ဘဝမှာ ကောင်းတာဆိုးတာ လိုချင်တာ မလိုချင်တာ နှစ်သက်တာ မနှစ်သက်တာ ကြုံကိုကြုံရတတ်တယ်။ ဒီလိုကြုံရတိုင်း လူတွေဟာ ခေါင်းမော့ပြီးတော့ အနိမ့်ဆုံးအောက်ထစ် အမှန်တရားအတွက် အနိမ့်ဆုံးအောက်ထစ် တရားမျှတမှုအတွက် သတ္တိအားမာန်မှုမျိုး ရှိစေနိုင်ဖို့အတွက် ကျွန်တော်ဟာ ကိုဝေဠုအတွက်နဲ့ ကိုဝေဠုရဲ့ ပရိသတ်တွေအတွက် လိုက်ပါဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်အမှန်တရားဟာ တရားခွင်မှာ ပေါ်ကိုပေါ်ပေါက်ရမယ်။

ဒီအမှန်တရားအတွက် တရားမျှတမှုဟာ ကိုဝေဠုနဲ့ ကိုဝေဠုပရိသတ်တွေအတွက် မလွဲမသွေရရှိရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ရပါတယ်ဗျာ။ ကျွန်တော့်အနေနဲ့တော့ အစွမ်းကုန်ကြိုးစားပေးသွားမှာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ရှိနေနိုင်တဲ့ အတတ်အကျအနိမ့်အမြင့်တွေတိုင်းမှာ အမှန်တရားနဲ့ တရားမျှတမှုအတွက် အကောင်းဆုံး ကြိုးစားပေးသွားမှာပါဗျာ။ ကျွန်တော်က အထက်တန်းရှေ့နေ ကိုဖိုးဖြူပါ။ နောက်ရုံးချိန်းကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ထပ်ပြီးတော့ ချိန်းထားပါတယ်ဗျာ” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top