ေရေအးေအးနဲ႔ခ်ိဳးလိုက္ပါ။ေကာင္းမြန္စြာအိပ္စက္ျခင္းရဲ႕ အက်ိဳးေက်းဇူးအေနနဲ႔ က်န္းမာေရး၊ ေပ်ာ္႐ႊင္ျခင္းနဲ႔ အလုပ္ပိုလုပ္ႏိုင္ျခင္းေတြ ရ႐ွိႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အိပ္ေရးဝဖို႔ အေရးႀကီးတာေပါ့။ ဒါေပမဲ့လည္း တစ္ခါတစ္ရံမွာ အိပ္ခ်ိန္ ၈ နာရီမျပည့္တာမ်ိဳးေတြ ႐ွိတတ္ပါတယ္။ တစ္ေန႔ကို ၄ နာရီေလာက္ (ဒါမွမဟုတ္ ဒီ့ထက္ပိုနည္းၿပီး) ႐ံုးကိုလာရတဲ့ ေန႔ေတြမွာ အလုပ္လုပ္ရတာ ထိုင္းမႈိင္းေနရပါတယ္။အိပ္ေရးမဝတဲ့ေန႔ေတြမွာ ခြန္အားေတြျပည့္ေနဖုိ႔ နည္းလမ္းအခ်ိဳ႕ေတာ့ ႐ွိပါတယ္္။

၁။ အိပ္ရာထၿပီး ေလ့က်င့္ခန္းလုပ္

အိပ္ေရးမဝေသးေပမဲ့လည္း အလုပ္လုပ္စရာ႐ွိရင္ အိပ္ရာက ရေအာင္ထပါ။ ၿပီးေတာ့ ေခၽြးထြက္လာေအာင္ ေလ့က်င့္ခန္းေလးနည္းနည္းေလာက္လုပ္လိုက္ေပါ့။ ဒါဆုိရင္ လူက လန္းသြားပါလိမ့္မယ္။

၂။ ေရေအးေအး

ေလ့က်င့္ခန္းလုပ္ၿပီးရင္ ေရေအးေအးနဲ႔ခ်ိဳးလိုက္ပါ။ ခြန္အားေတြ ျပည့္သြားသလို ခံစားရမွာျဖစ္ပါတယ္။

၃။ ကဖင္း

ေကာင္းေကာင္းမအိပ္ခဲ့ျခင္းေၾကာင့္ ေန႔လယ္ဘက္ဆို လူကငိုက္လာေရာေလ။ ဒီအခ်ိန္မွာ ေကာ္ဖီ ၊ လက္ဖက္ရည္၊ ေရေႏြးၾကမ္းတုိ႔လို႔ ကဖင္းဓာတ္ကို အကူအညီယူရပါမယ္။ ကဖင္းဓာတ္က အာရံုေၾကာေတြကို ႏိုးၾကားေစႏိုင္လို႔ပါ။

၄။ အေရးႀကီးတာကို မနက္ပိုင္းမွာလုပ္

တစ္ေန႔တာလုပ္ရမယ့္အရာေတြထဲက အေရးႀကီးဆံုးကို မနက္ခင္းမွာလုပ္လိုက္ပါ။ ေလ့က်င့္ခန္းလုပ္ထား၊ ေရခ်ိဳးထားလို႔ လန္းေနတုန္းေလးလုပ္ရတာ ေကာင္းပါတယ္။ ညေနဆုိရင္ စြမ္းအားေတြက က်သြားေလာက္ပါၿပီ။

၅။ က်န္းမာေစတဲ့အစားအစာ

ကာဗိုဟိုက္ၿဒိတ္ (ကစီဓာတ္)က စြမ္းအင္ပမာဏကို တိုးပြားေစလို႔ ကစီဓာတ္ပါတဲ့ ထမင္း၊ အာလူး၊ ကန္စြန္းဥတုိ႔ စားေပးပါ။ ၿပီးေတာ့ ဘယ္ရီသီးေတြ၊ ဥအမ်ိဳးမ်ိဳး၊ အခြံမာအသီး၊ လတ္ဆတ္တဲ့ငါးေတြလည္း စားေပးရပါမယ္။ ဒီလိုအခ်ိန္မွာ က်န္းမာေရးနဲ႔မညီညြတ္တာေတြ စားမိရင္ ပိုဆိုးသြားပါလိမ့္မယ္။ ေရလည္းမ်ားမ်ားေသာက္ပါဦး။

၆။ လမ္းေလွ်ာက္

မခံမရပ္ႏိုင္ေအာင္ ငိုက္က်ေနၿပီဆုိရင္ ၁၅ မိနစ္ေလာက္ လမ္းထေလွ်ာက္လိုက္ပါ။ ေနေရာင္႐ွိတဲ့ ေနရာကိုေလွ်ာက္ေပးရမွာ ျဖစ္ပါတယ္။

၇။ တစ္ေမွးအိပ္

အိပ္ေရးမဝဘဲ အလုပ္ေတြလုပ္ရေတာ့ လူကအရမ္းကို ပင္ပန္းလာပါတယ္။ ဒီလိုဆုိရင္ နာရီ၀က္ေလာက္ တစ္ေမွးေမွးလိုက္တာ အေကာင္းဆံုးပါပဲ။

၈။ ႐ံုးဆင္းခ်ိန္

ဒီလိုေန႔မ်ိဳးက အခ်ိန္ပိုဆင္းလို႔ သင့္ေလ်ာ္တဲ့ေန႔ မဟုတ္ပါဘူး။ အခ်ိန္ပိုဆင္းတာကို ေ႐ွာင္လို႔ရမယ္ဆုိရင္ အလုပ္ဆင္းခ်ိန္ေရာက္တာနဲ႔ အလုပ္ဆင္းၿပီး အိမ္ျပန္နားလိုက္ပါ။ ေနာက္တစ္ေန႔ေရာက္ေတာ့ အလုပ္ေတြပိုလုပ္ႏိုင္တာေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ရေအေးအေးနဲ့ချိုးလိုက်ပါ။ကောင်းမွန်စွာအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ ကျန်းမာရေး၊ ပျော်ရွှင်ခြင်းနဲ့ အလုပ်ပိုလုပ်နိုင်ခြင်းတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အိပ်ရေးဝဖို့ အရေးကြီးတာပေါ့။ ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ အိပ်ချိန် ၈ နာရီမပြည့်တာမျိုးတွေ ရှိတတ်ပါတယ်။ တစ်နေ့ကို ၄ နာရီလောက် (ဒါမှမဟုတ် ဒီ့ထက်ပိုနည်းပြီး) ရုံးကိုလာရတဲ့ နေ့တွေမှာ အလုပ်လုပ်ရတာ ထိုင်းမှိုင်းနေရပါတယ်။အိပ်ရေးမဝတဲ့နေ့တွေမှာ ခွန်အားတွေပြည့်နေဖို့ နည်းလမ်းအချို့တော့ ရှိပါတယ်။

၁။ အိပ်ရာထပြီး လေ့ကျင့်ခန်းလုပ်

အိပ်ရေးမဝသေးပေမဲ့လည်း အလုပ်လုပ်စရာရှိရင် အိပ်ရာက ရအောင်ထပါ။ ပြီးတော့ ချွေးထွက်လာအောင် လေ့ကျင့်ခန်းလေးနည်းနည်းလောက်လုပ်လိုက်ပေါ့။ ဒါဆိုရင် လူက လန်းသွားပါလိမ့်မယ်။

၂။ ရေအေးအေး

လေ့ကျင့်ခန်းလုပ်ပြီးရင် ရေအေးအေးနဲ့ချိုးလိုက်ပါ။ ခွန်အားတွေ ပြည့်သွားသလို ခံစားရမှာဖြစ်ပါတယ်။

၃။ ကဖင်း

ကောင်းကောင်းမအိပ်ခဲ့ခြင်းကြောင့် နေ့လယ်ဘက်ဆို လူကငိုက်လာရောလေ။ ဒီအချိန်မှာ ကော်ဖီ ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းတို့လို့ ကဖင်းဓာတ်ကို အကူအညီယူရပါမယ်။ ကဖင်းဓာတ်က အာရုံကြောတွေကို နိုးကြားစေနိုင်လို့ပါ။

၄။ အရေးကြီးတာကို မနက်ပိုင်းမှာလုပ်

တစ်နေ့တာလုပ်ရမယ့်အရာတွေထဲက အရေးကြီးဆုံးကို မနက်ခင်းမှာလုပ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ထား၊ ရေချိုးထားလို့ လန်းနေတုန်းလေးလုပ်ရတာ ကောင်းပါတယ်။ ညနေဆိုရင် စွမ်းအားတွေက ကျသွားလောက်ပါပြီ။

၅။ ကျန်းမာစေတဲ့အစားအစာ

ကာဗိုဟိုက်ဒြိတ် (ကစီဓာတ်)က စွမ်းအင်ပမာဏကို တိုးပွားစေလို့ ကစီဓာတ်ပါတဲ့ ထမင်း၊ အာလူး၊ ကန်စွန်းဥတို့ စားပေးပါ။ ပြီးတော့ ဘယ်ရီသီးတွေ၊ ဥအမျိုးမျိုး၊ အခွံမာအသီး၊ လတ်ဆတ်တဲ့ငါးတွေလည်း စားပေးရပါမယ်။ ဒီလိုအချိန်မှာ ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားမိရင် ပိုဆိုးသွားပါလိမ့်မယ်။ ရေလည်းများများသောက်ပါဦး။

၆။ လမ်းလျှောက်

မခံမရပ်နိုင်အောင် ငိုက်ကျနေပြီဆိုရင် ၁၅ မိနစ်လောက် လမ်းထလျှောက်လိုက်ပါ။ နေရောင်ရှိတဲ့ နေရာကိုလျှောက်ပေးရမှာ ဖြစ်ပါတယ်။

၇။ တစ်မှေးအိပ်

အိပ်ရေးမဝဘဲ အလုပ်တွေလုပ်ရတော့ လူကအရမ်းကို ပင်ပန်းလာပါတယ်။ ဒီလိုဆိုရင် နာရီဝက်လောက် တစ်မှေးမှေးလိုက်တာ အကောင်းဆုံးပါပဲ။

၈။ ရုံးဆင်းချိန်

ဒီလိုနေ့မျိုးက အချိန်ပိုဆင်းလို့ သင့်လျော်တဲ့နေ့ မဟုတ်ပါဘူး။ အချိန်ပိုဆင်းတာကို ရှောင်လို့ရမယ်ဆိုရင် အလုပ်ဆင်းချိန်ရောက်တာနဲ့ အလုပ်ဆင်းပြီး အိမ်ပြန်နားလိုက်ပါ။ နောက်တစ်နေ့ရောက်တော့ အလုပ်တွေပိုလုပ်နိုင်တာပေါ့။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top