စာေရးသူတို႔ ေန႔စဥ္ဘဝမွာ အသုံးျပဳေနတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြကို နည္းလမ္း အမ်ိဳးမ်ိဳးနဲ႔ အသုံးျပဳၾကပါတယ္။ အဲ့လို အသုံးျပဳတဲ့ေနရာမွာ လူေတာ္ေတာ္မ်ားမ်ားက သတိမထားမိဘဲ မွားယြင္းစြာျပဳလုပ္ေလ့ ရွိၾကပါတယ္။

ဥပမာ – သံဗူးနဲ႔ ျပဳလုပ္ထားတဲ့ ေဖ်ာ္ရည္ေတြကို ေသာက္တဲ့အခါ ေဖာက္တဲ့ေနရာမွာ ရွိတဲ့ အဖုံးမွာ အကြင္းေလးတခု ပါတာဟာ ပိုက္ထည့္ေသာက္ဖို႔ ျဖစ္ပါတယ္။ ဒါကိုေတာ့ လူတိုင္းသိၿပီး ျဖစ္မွာပါ။ ဒီတခါမွာ ဒီလို အေသးအမႊားပစၥည္းေလးေတြကို နည္းလမ္းမွန္မွန္ အသုံးျပဳႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္

(၁) Choco Pie


Choco Pie လို႔ ေခၚတဲ့ မုန႔္ေလးကို ေက်ာင္းတက္တဲ့ အ႐ြယ္ကတည္းက ဝယ္စားဖူးၾကမွာပါ။ အဲဒီမုန႔္ကို စားနည္း အမွန္ကေတာ့ မိုက္ခ႐ိုေဝ့ဖ္ထဲ ထည့္ၿပီး ေႏႊးရတာပဲ ျဖစ္ပါတယ္။ ဒါမွသာ မုန႔္အထဲမွာ ပါတဲ့ Marshmallo ေတြဟာ အရည္ေပ်ာ္သလို ျဖစ္ၿပီး ႏူးႏူးညံ့ညံ့နဲ႔ စားလို႔ ေကာင္းလာမွာ ျဖစ္ပါတယ္။ Choco Pie ကို ႐ိုး႐ိုးစားတာထက္ ေႏႊးၿပီးစားတာက သုံးဆ ပိုမိုေကာင္းမြန္တယ္လို႔ သိရပါတယ္။

(၂) မႈိေဆးနည္း


မႈိေတြဟာ ေျမႀကီးနားမွာ ကပ္ၿပီး ေပါက္တာျဖစ္လို႔ အၿမဲ ေျမႀကီးေတြနဲ႔ လူးေနတတ္ပါတယ္။ ဒါေၾကာင့္ ေရကို ေသခ်ာေဆးေလ့ ရွိတာပါ။ ဒါေပမဲ့ မႈိကို ေရနဲ႔ ေဆးတာဟာ မႈိကိုပ်က္စီးေစပါတယ္။ နည္းလမ္းေကာင္းတခုကေတာ့ အဝတ္စတခုကို ေရစြတ္ၿပီး မႈိကိုသုတ္ေပးဖို႔ပါပဲ။ ဒီလိုနည္းနဲ႔ သန႔္ရွင္းေရးလုပ္ေပးျခင္းအားျဖင့္ မႈိဟာ မူလ အနံ႔အရသာအတိုင္းရွိေနမွာ ေသခ်ာပါတယ္။

(၃) ငွက္ေပ်ာသီး မပုပ္ေအာင္ ထိန္းသိမ္းနည္း


ငွက္ေပ်ာသီးကို ေရခဲေသတၱာထဲမွာထားရင္ ပုပ္သြားတာကို ႀကဳံဖူးပါသလား။ ဒီလို ျဖစ္လို႔ အျပင္မွာ ထားျပန္ရင္လည္း ငွက္ေပ်ာသီးေတြက အမွည့္လြန္သြားတတ္ပါတယ္။ ဒီလိုေတြ မျဖစ္ရေအာင္ ကာကြယ္ရမယ့္ နည္းလမ္းကေတာ့ ငွက္ေပ်ာသီးအခိုင္ဖက္မွာ ရွိတဲ့ ေနရာကို ပလက္စတစ္နဲ႔ ထုတ္ထားၿပီး ေရခဲေသတၱာထဲ ထည့္ဖို႔ပါ။

ဒါဆိုရင္ ျပန္ထုတ္စားတဲ့ အခ်ိန္မွာ ငွက္ေပ်ာသီးဟာ သင္ထည့္ထားသလို ပုံစံအတိုင္းပဲ ျဖစ္ေနမွာ ေသခ်ာပါတယ္။ ငွက္ေပ်ာသီးကို သတင္းစာ စကၠဴနဲ႔ ထုတ္ပိုးၿပီး ေရခဲေသတၱာထဲ ထည့္တဲ့ နည္းလမ္းကိုလည္း အသုံးျပဳႏိုင္ပါတယ္။

(၄) ဒယ္အိုးေဆးျခင္း


ခ်ိဳး(ဂ်ိဳး) ကပ္ေနတဲ့ ဒယ္အိုးကို ေဆးရတဲ့ ဒုကၡက မေသးဘူးဆိုတာ အိမ္ရွင္မေတြ အသိဆုံးျဖစ္မွာပါ။ ဒီလို ျပႆနာက ကင္းေဝးခ်င္တယ္ဆိုရင္ ညစ္ေပေနတဲ့ ဒယ္အိုးထဲကို ေရထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ထားလိုက္ပါ။ ေရပြက္လာရင္ ရွာလကာရည္ အနည္းငယ္ေရာၿပီး ထားလိုက္မယ္ဆိုရင္ ခ်ိဳး(ဂ်ိဳး)ေတြ အားလုံးကြာက်ၿပီး ေဆးရျပဳရ လြယ္ကူသြားတာကို ေတြ႕ရပါလိမ့္မယ္။

(၅) ေရခဲမုန္႔စားနည္း


ေရခဲမုန္႔ကို ဆိုင္မွာ မစားဘဲ ဘူးလိုက္ အိမ္မွာ ဝယ္စားတဲ့အခါ တဘူးလုံးကို တခါထဲ ကုန္ေအာင္စားဖို႔ ဆိုတာ ခက္ပါတယ္။ စားၿပီးသားကို ေရခဲေသတၱာထဲ ျပန္ထည့္ရင္လည္း အရသာက ဝယ္ခါစေလာက္ မေကာင္းေတာ့ပါဘူး။ ဒီလို မျဖစ္ရေလေအာင္ ဝယ္လာတဲ့ ေရခဲမုန႔္ကို အလ်ားလိုက္ လွီးၿပီး စားဖို႔ အႀကံေပးခ်င္ပါတယ္။

သင္စားႏိုင္သေလာက္ စားၿပီးလို႔ က်န္တဲ့ ေရခဲမုန႔္ကို ပလက္စတစ္နဲ႔ ျပန္ပိတ္ၿပီး ေရခဲေသတၱာထဲ ျပန္ထည့္ထားရင္မူလအရသာကိုပဲ ျပန္ရမွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

စာရေးသူတို့ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို နည်းလမ်း အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အဲ့လို အသုံးပြုတဲ့နေရာမှာ လူတော်တော်များများက သတိမထားမိဘဲ မှားယွင်းစွာပြုလုပ်လေ့ ရှိကြပါတယ်။

ဥပမာ – သံဗူးနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်တဲ့အခါ ဖောက်တဲ့နေရာမှာ ရှိတဲ့ အဖုံးမှာ အကွင်းလေးတခု ပါတာဟာ ပိုက်ထည့်သောက်ဖို့ ဖြစ်ပါတယ်။ ဒါကိုတော့ လူတိုင်းသိပြီး ဖြစ်မှာပါ။ ဒီတခါမှာ ဒီလို အသေးအမွှားပစ္စည်းလေးတွေကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်

(၁) Choco Pie

Choco Pie လို့ ခေါ်တဲ့ မုန့်လေးကို ကျောင်းတက်တဲ့ အရွယ်ကတည်းက ဝယ်စားဖူးကြမှာပါ။ အဲဒီမုန့်ကို စားနည်း အမှန်ကတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး နွှေးရတာပဲ ဖြစ်ပါတယ်။ ဒါမှသာ မုန့်အထဲမှာ ပါတဲ့ Marshmallo တွေဟာ အရည်ပျော်သလို ဖြစ်ပြီး နူးနူးညံ့ညံ့နဲ့ စားလို့ ကောင်းလာမှာ ဖြစ်ပါတယ်။ Choco Pie ကို ရိုးရိုးစားတာထက် နွှေးပြီးစားတာက သုံးဆ ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

(၂) မှိုဆေးနည်း

မှိုတွေဟာ မြေကြီးနားမှာ ကပ်ပြီး ပေါက်တာဖြစ်လို့ အမြဲ မြေကြီးတွေနဲ့ လူးနေတတ်ပါတယ်။ ဒါကြောင့် ရေကို သေချာဆေးလေ့ ရှိတာပါ။ ဒါပေမဲ့ မှိုကို ရေနဲ့ ဆေးတာဟာ မှိုကိုပျက်စီးစေပါတယ်။ နည်းလမ်းကောင်းတခုကတော့ အဝတ်စတခုကို ရေစွတ်ပြီး မှိုကိုသုတ်ပေးဖို့ပါပဲ။ ဒီလိုနည်းနဲ့ သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် မှိုဟာ မူလ အနံ့အရသာအတိုင် းရှိနေမှာ သေချာပါတယ်။

(၃) ငှက်ပျောသီး မပုပ်အောင် ထိန်းသိမ်းနည်း

ငှက်ပျောသီးကို ရေခဲသေတ္တာထဲမှာထားရင် ပုပ်သွားတာကို ကြုံဖူးပါသလား။ ဒီလို ဖြစ်လို့ အပြင်မှာ ထားပြန်ရင်လည်း ငှက်ပျောသီးတွေက အမှည့်လွန်သွားတတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် ကာကွယ်ရမယ့် နည်းလမ်းကတော့ ငှက်ပျောသီးအခိုင်ဖက်မှာ ရှိတဲ့ နေရာကို ပလက်စတစ်နဲ့ ထုတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ဖို့ပါ။

ဒါဆိုရင် ပြန်ထုတ်စားတဲ့ အချိန်မှာ ငှက်ပျောသီးဟာ သင်ထည့်ထားသလို ပုံစံအတိုင်းပဲ ဖြစ်နေမှာ သေချာပါတယ်။ ငှက်ပျောသီးကို သတင်းစာ စက္ကူနဲ့ ထုတ်ပိုးပြီး ရေခဲသေတ္တာထဲ ထည့်တဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။

(၄) ဒယ်အိုးဆေးခြင်း

ချိုး(ဂျိုး) ကပ်နေတဲ့ ဒယ်အိုးကို ဆေးရတဲ့ ဒုက္ခက မသေးဘူးဆိုတာ အိမ်ရှင်မတွေ အသိဆုံးဖြစ်မှာပါ။ ဒီလို ပြဿနာက ကင်းဝေးချင်တယ်ဆိုရင် ညစ်ပေနေတဲ့ ဒယ်အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ရေပွက်လာရင် ရှာလကာရည် အနည်းငယ်ရောပြီး ထားလိုက်မယ်ဆိုရင် ချိုး(ဂျိုး)တွေ အားလုံးကွာကျပြီး ဆေးရပြုရ လွယ်ကူသွားတာကို တွေ့ရပါလိမ့်မယ်။

(၅) ရေခဲမုန့်စားနည်း

ရေခဲမုန့်ကို ဆိုင်မှာ မစားဘဲ ဘူးလိုက် အိမ်မှာ ဝယ်စားတဲ့အခါ တဘူးလုံးကို တခါထဲ ကုန်အောင်စားဖို့ ဆိုတာ ခက်ပါတယ်။ စားပြီးသားကို ရေခဲသေတ္တာထဲ ပြန်ထည့်ရင်လည်း အရသာက ဝယ်ခါစလောက် မကောင်းတော့ပါဘူး။ ဒီလို မဖြစ်ရလေအောင် ဝယ်လာတဲ့ ရေခဲမုန့်ကို အလျားလိုက် လှီးပြီး စားဖို့ အကြံပေးချင်ပါတယ်။

သင်စားနိုင်သလောက် စားပြီးလို့ ကျန်တဲ့ ရေခဲမုန့်ကို ပလက်စတစ်နဲ့ ပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ထားရင်မူလအရသာကိုပဲ ပြန်ရမှာ သေချာပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top