တ႐ုတ္ႏုိင္ငံက အမ်ဳိးသားတစ္ဦးဟာ မိန္းမနဲ႔ စကားမ်ားလုိ႔ အိမ္ေပၚက ဆင္းလာခဲ့ၿပီးတဲ့ေနာက္ပုိင္း ေလဆိပ္မွာ ၁၀ ႏွစ္နီးပါး ေနထုိင္ခဲ့ပါတယ္။ ေ၀က်င္းေကြ႕လုိ႔ အမည္ရတဲ့ အသက္ ၅၃ ႏွစ္အရြယ္ အမ်ဳိးသားဟာ ၂၀၀၈ ခုႏွစ္မွာ အလုပ္လက္မဲ့ျဖစ္ခဲ့ၿပီးေနာက္ အိမ္မွာ အရက္ေသာက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး စကားမ်ားခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ေ၀က်င္းေကြ႕ဟာ အိမ္ေပၚကဆင္းသြားၿပီး ေဘဂ်င္းၿမိဳ႕ အျပည္ျပည္ဆုိင္ရာေလဆိပ္မွာ ေနထုိင္ခဲ့ပါတယ္။ သူဟာ အိမ္ကယူလာတဲ့ လွ်ပ္စစ္ေပါင္းအုိးကုိ တြန္းလွည္းေပၚတင္ၿပီး ေရႊ႕လ်ားမီးဖုိေခ်ာင္ပုံစံနဲ႔ ခ်က္ျပဳတ္စားေသာက္ခဲ့ပါတယ္။ သူဟာ အစုိးရရဲ႕ ေထာက္ပံ့ေငြေၾကာင့္ စား၀တ္ေနေရးအတြက္ စိတ္ပူစရာမလုိတဲ့ အေျခအေနျဖစ္ခဲ့တာလုိ႔ ေဒးလီးေမးလ္က ေဖာ္ျပပါတယ္။ ေလဆိပ္မွာ အခ်ိန္အၾကာဆုံးေနခဲ့လုိ႔ နာမည္ ေက်ာ္ၾကားခဲ့သူကေတာ့ အီရန္ႏုိင္ငံသား နက္ဆာရီျဖစ္ၿပီး ျပင္သစ္က ျပည္၀င္ခြင့္မေပး၊ ၿဗိတိန္က ျပည္၀င္ခြင့္မေပးတဲ့ အေျခအေန ေၾကာင့္ ပါရီၿမိဳ႕ ေလဆိပ္မွာ ၁၄ ႏွစ္ၾကာ ေနထုိင္ခဲ့ရပါတယ္။ မင္းသားႀကီး တြမ္ဟင့္ ႐ုိက္ကူးထားတဲ့ The Terminal ဇာတ္ကားက ဒီျဖစ္ရပ္ကုိ အေျခခံထားတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိန်းမနဲ့ စကားများလို့ အိမ်ပေါ်က ဆင်းလာခဲ့ပြီးတဲ့နောက်ပိုင်း လေဆိပ်မှာ ၁၀ နှစ်နီးပါး နေထိုင်ခဲ့ပါတယ်။ ဝေကျင်းကွေ့လို့ အမည်ရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၈ ခုနှစ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီးနောက် အိမ်မှာ အရက်သောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများခဲ့ပါတယ်။

ဒီနောက်မှာတော့ ဝေကျင်းကွေ့ဟာ အိမ်ပေါ်ကဆင်းသွားပြီး ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နေထိုင်ခဲ့ပါတယ်။
သူဟာ အိမ်ကယူလာတဲ့ လျှပ်စစ်ပေါင်းအိုးကို တွန်းလှည်းပေါ်တင်ပြီး ရွှေ့လျားမီးဖိုချောင်ပုံစံနဲ့ ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ သူဟာ အစိုးရရဲ့ ထောက်ပံ့ငွေကြောင့် စားဝတ်နေရေးအတွက်
စိတ်ပူစရာမလိုတဲ့ အခြေအနေဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ လေဆိပ်မှာ အချိန်အကြာဆုံးနေခဲ့လို့ နာမည် ကျော်ကြားခဲ့သူကတော့ အီရန်နိုင်ငံသား နက်ဆာရီဖြစ်ပြီး ပြင်သစ်က ပြည်ဝင်ခွင့်မပေး၊ ဗြိတိန်က ပြည်ဝင်ခွင့်မပေးတဲ့ အခြေအနေ ကြောင့် ပါရီမြို့ လေဆိပ်မှာ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ မင်းသားကြီး တွမ်ဟင့် ရိုက်ကူးထားတဲ့ The Terminal ဇာတ်ကားက ဒီဖြစ်ရပ်ကို အခြေခံထားတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top