သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

ပိေတာက္ေတြ ပြင့္ျပန္ၿပီ ဘင္ဆင္ေရ… ■

“သူ႔ရဲ႕ဘယ္ဘက္ ပါးေဖာင္းေဖာင္ေလးေပၚမွာ သူ႔အလွကို ပိုျဖည့္စြက္ေပးတဲ့ မွည့္ေသးေသးေလးတလုံး ရွိတယ္။ ၾကင္နာတတ္တဲ့ အသည္းႏွလုံးရွိၿပီး ႏိုက္တင္ေဂးငွက္လို သာယာတဲ့အသံနဲ႔ ေတးဆိုတတ္တဲ့ ေရဒီယို အဆိုေတာ္တစ္ေယာက္။ ဖလင္ေကာ္ျပားေပၚကေန ၾကည့္သူကို ၾကည္ႏူးမႈအျပည့္ ေပးႏိုင္စြမ္းခဲ့တဲ့သူ။ ျပည္သူ႔အက်ိဳး၊ လူသားေတြအက်ိဳးကို သယ္ပိုးရင္း ဘဝကို အက်ိဳးရွိစြာ အသုံးခ်ခဲ့တဲ့ ႏွလုံးလွသူတစ္ေယာက္….။”

ပါစတာရဲ႕ ခ်ီးမြမ္းခန္းနဲ႔ ဆုေတာင္းသံဟာ တိမ္ဝင္သြားတယ္။ သခ်ႋဳင္းတစ္​ခုလုံး တိတ္ဆိတ္လို႔။ ပန္းေခြေတြေပၚမွာေတာ့ “Louisa Charmaire Benson Craig (69) တဲ့ …။ တကယ္ေတာ့ သူ႔ဘဝကို “ၾကမ္းတမ္းတဲ့ ႏူးညံ့မႈ” လို႔ ေျပာရင္ ပိုသင့္ေလ်ာ္ေလမလားပဲ …။

သူ႔ကို ၁၉၄၁ ခုႏွစ္ မတ္လ ၁ဝ ရက္ေန႔မွာ ေမြးခဲ့တာ။ အေဖက ဂ်ဴးလူမ်ိဳး စြန္႔ဦးတီထြင္ စီးပြာေရးသမား ေစာဘင္ဆင္။ မိခင္က ကရင္လူမ်ိဳး ေနာ္ခ်စ္ခင္။ သူ႔ကိုေတာ့ Louiser Benson လို႔ ကင္ပြန္းတပ္ခဲ့တယ္။ ျမန္မာေတြနဲ႔ ကရင္ေတြကေတာ့ သူ႔ကို ေနာ္လီဇာဘင္ဆင္လို႔ပဲ သိၾကတာပါ။ တခ်ိန္ကေတာ့ ျမန္မာျပည္သူေတြရဲ႕ ၾသဘာသံေတြဟာ သူ႔အပါးမွာ ျပန္႔လြင့္လို႔ အင္ၾကင္းဝတ္မႈံေတြ ဝဲပ်ံေနသလိုပါပဲ။ တခ်ိဳ႕ဆို သားသမီးနာမည္ေတာင္ ေနာ္လီဇာလို႔ ေပးလိုက္ေသးရဲ႕။ ဒီအထိ စြဲလမ္းခဲ့ၾကတာ။

သူ႔ရဲ႕ ပထမဆုံး ေအာင္ျမင္မႈေျခလွမ္းက ၁၉၅၆ ခုႏွစ္မွာ စခဲ့တာ။ အဲဒီႏွစ္က အသက္ ၁၅ ႏွစ္သာ ရွိေသးတဲ့ ဘင္ဆင္ဟာ မယ္ဗမာ ရခဲ့တယ္။ ဒီကစၿပီး သူ႔အလွ သူ႔ဂုဏ္သတင္းဟာ ျမန္မာလူထုၾကားမွာ ေနာ္လီဇာဘင္ဆင္ အျဖစ္ ထင္ေပၚလာခဲ့တာ။ ပထမဆုံး မယ္ဗမာက ေဒၚလီခ်ိဳ (Dolly Cho)။ ၁၉၄၇ ခုႏွစ္ေပ့ါ။ စုစုေပါင္း “မယ္ဗမာ” တရားဝင္ ၁၆ ဦးပဲ ရွိတဲ့အထဲမွာ ေနာ္လီဇာဘင္ဆင္ ပါခဲ့တယ္။ ၁၉၅၈ ခုႏွစ္မွာ မယ္ထပ္ရေတာ့ ၂ ႀကိမ္ ရခဲ့တာေပါ့။ အထက္တန္းေအာင္ေတာ့ ရန္ကုန္တကၠသိုလ္ တက္ခဲ့တယ္။ ရန္ကုန္တကၠသိုလ္က ဘြဲ႕ရၿပီးတဲ့ေနာက္ အေမရိကန္ ေဘာ့စတြန္တကၠသိုလ္မွာ တက္ခဲ့တယ္။ အဲဒီကအျပန္မွာေတာ့ ရန္ကုန္တကၠသိုလ္မွာ နည္းျပဆရာမ အျဖစ္ အလုပ္ဝင္ခဲ့တာ ၁၉၆၄ ခုႏွစ္ကေပါ့။

ဒီၾကားထဲ ႏိုင္ငံျခားမွာ ပညာသင္ေနတဲ့ သူ႔အစ္ကိုအတြက္ ေငြေၾကးလိုအပ္ေနတာမုိ႔ စံေတာ္သစ္ ႐ုပ္ရွင္ကုမၸဏီ ကမ္းလွမ္းခ်က္ကုိ လက္ခံၿပီး “ဝဏၰေက်ာ္ထင္ဦးမင္းဒင္” ဇာတ္ကားကို ေခါင္းေဆာင္မင္းသမီးအျဖစ္ ႐ုိက္ခဲ့တယ္။ ဒုတိယကားကေတာ့ ေအဝမ္း႐ုပ္ရွင္ကုမၸဏီနဲ႔ “ပိေတာက္ေတြပြင့္ျပန္ၿပီ” ဇာတ္ကားပါ။ အလြန္လူႀကိဳက္မ်ားခဲ့တဲ့ ကားတစ္​ကားလို႔ ဆိုၾကတယ္။ ဝါသနာအရ စႏၵယားခ်စ္ေမာင္ ေတးဂီတနဲ႔ တြဲဖက္ၿပီး ၿပံဳးခ်စ္သူ၊ ဝတ္ရည္အႏြယ္ စတဲ့ သီခ်င္းေတြကုိလည္း ျမန္မာ့အသံမွာ သီဆိုခဲ့ေသးတယ္။ ဒါေတြက သူ႔ဘဝရဲ႕ ႏူးညံ့စြာျဖတ္သန္းခဲ့ရတဲ့ အပိုင္းေတြေပါ့။

၁၉၆၂ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ဖခင္ျဖစ္သူ ေစာဘင္ဆင္ဟာ ဗိုလ္ေနဝင္းရဲ႕ အက်ဥ္းသမားျဖစ္ခဲ့တယ္။ သူ ဗမာျပည္ျပန္ေရာက္ေတာ့ ခင္မင္ရင္းစြဲရွိတဲ့ ကစ္တီဘသန္း (ေခၚ) ဗိုလ္ေနဝင္းကေတာ္ ေဒၚခင္ေမသန္းနဲ႔ ဆက္ဆံခဲ့ရာက သူ႔ဘဝဟာ “ကႏၲာရဆူးေပၚက်တဲ့ ပြင့္ဖတ္ေလးတခု” ျဖစ္ခဲ့ရတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚလာျပန္တယ္။ ဒီမွာပဲ သူ႔ရဲ႕ ဘဝၾကမ္းအတြက္ ေျခဆင္းေတြ စခဲ့တာပါပဲ။ ၁၉၆၃ ခုႏွစ္မွာ ေစာဟံတာသာေမႊးနဲ႔အတူ လက္နက္ခ်ခဲ့တဲ့ ကရင္လက္နက္ကိုင္အဖြဲ႕ရဲ႕ ေခါင္းေဆာင္ ဗုိလ္မႉးလင္းထင္ (ေခၚ) ငန္းနက္နဲ႔ နီးစပ္ခဲ့တယ္။ ဗိုလ္လင္းထင္က ကရင္တပ္မဟာ ၅ က ဗိုလ္မႉးတစ္​ေယာက္လို႔ ဆိုပါတယ္။ ၁၉၆၄ ခု ေမ ၁၂ ရက္မွာ သူ႔ထက္ အသက္ ၁၆ ႏွစ္ႀကီးတဲ့ တပ္မႉးလင္းထင္နဲ႔ ေနာ္လီဇာဘင္ဆင္တို႔ တရား႐ုံးမွာ လက္ထပ္လိုက္ၾကတယ္။ လက္ထပ္ၿပီးတဲ့ေနာက္ ေယာင္ေနာက္ဆံထုံးပါ ဆိုသလို ေနာ္လီဇာဘင္ဆင္လည္း ေတာတြင္းလက္နက္ကိုင္ဘဝ ေရာက္ခဲ့ေတာ့တာပါပဲ။

ဒီကာလေတြဟာ သူ႔အတြက္ေတာ့ အၾကမ္းတမ္းဆုံးနဲ႔ အရက္စက္ဆုံး ကာလေတြကို ျဖတ္သန္းခဲ့ရတာပါ။ ဗိုလ္ေနဝင္းကလည္း ဗိုလ္လင္းထင္ကို ၿငိမ္းခ်မ္းေရး ကမ္းလွမ္းခဲ့တယ္။ ဒါေပမယ့္ သူတို႔က ဗိုလ္မႉးလင္းထင္ကို ကာကြယ္ေရးတပ္အေနနဲ႔ ညႇိႏိႈင္းေဆြးေႏြးတာပါ။ အခုေခတ္ ေျပာေနတဲ့ BGF လို တပ္မ်ိဳးေပါ့။ ဒါကိုေတာ့ ဗိုလ္လင္းထင္က လက္မခံခဲ့ဘူး။ ေနာက္တစ္​ႀကိမ္ ဗိုလ္ေနဝင္းနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ျပင္ဆင္ခ်ိန္မွာပဲ သထုံၿမိဳ႕က ဗိုလ္လင္းထင္ ေနအိမ္ကအထြက္မွာ စစ္ေထာက္လွမ္းေရးရဲ႕ လုပ္ႀကံသတ္ျဖတ္ျခင္း ခံလိုက္ရတယ္။ ဘာေတးလစ္တနာကေတာ့ အမည္မသိလူတစ္​စုလို႔ ဆိုပါတယ္။

၁ ႏွစ္ခန္႔သာ ေပါင္းသင္းလိုက္ရတဲ့ လင္ေတာ္ေမာင္ ေသၿပီးတဲ့ေနာက္ ေနာ္လီဇာဘင္ဆင္ဟာ တပ္မဟာ ၅ တပ္သားေတြကို ျပန္စုၿပီး မဲေဆာက္ဘက္မွာ တပ္ခ်ခဲ့တယ္။ ဗိုလ္ေနဝင္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ထပ္မံဖိတ္ၾကားေပမယ့္ မယုံၾကည္မႈေၾကာင့္ ျငင္းပယ္လိုက္ရျပန္ပါတယ္။ ေတာတြင္းမွာ က်င္လည္ေနရေပမယ့္ သူ႔ဘဝ လုံၿခံဳမႈကင္းမဲ့လာတဲ့အတြက္ ေနာက္ဆုံးမွာေတာ့ ၁၉၆၇ မွာ အေမရိကန္ႏိုင္ငံကို ထြက္ခြာလာခဲ့ပါေတာ့တယ္။ အေမရိကန္ေရာက္ၿပီးေနာက္ အေမရိကန္တကၠသိုလ္တက္စဥ္က အတန္းေဖာ္ Glem Campbell Craig လက္ထပ္ခဲ့တယ္။ သူ႔ဘဝတဆစ္ခ်ိဳးကို ေရာက္ခဲ့ျပန္ပါၿပီ။ Craig နဲ႔ ကေလး ၃ ေယာက္ ရခဲ့တယ္။

အေမရိကန္မွာ အေျခခ်ၿပီးတဲ့ေနာက္ ကိုလံဘီယာတကၠသိုလ္မွာ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးပညာ မဟာဘြဲ႕ကို ထပ္မံယူခဲ့ပါေသးတယ္။ ၁၉၉ဝ ေနာက္ပိုင္း ထိုင္းနယ္စပ္က ဒုကၡသည္ေတြကို အတတ္ႏိုင္ဆုံး ကူညီခဲ့တယ္။ ျမန္မာဒုကၡသည္ေတြ အေမရိကန္ႏိုင္ငံကို ေရႊ႕ေျပာင္းေနထိုင္ႏိုင္ေရးကို လုပ္ေဆာင္ခဲ့တယ္။ စစ္တပ္ရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ခ်ိဳးေဖာက္မႈေတြ၊ Yadana Gas Field ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအတြက္ တရားစြဲဆို ရင္ဆိုင္ရာမွာ အဓိကအခန္းက ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ေနာ္လီဇာဘင္ဆင္ဟာ Burma Forum နဲ႔ US Campaign for Burma ရဲ႕ တည္ေထာင္သူျဖစ္ခဲ့သလို အဖြဲ႕ဝင္တစ္​ေယာက္လည္း ျဖစ္ခဲ့ပါတယ္။

အဲဒီလို မယ္ဗမာလည္း ျဖစ္၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္လည္း ျဖစ္၊ အဆိုေတာ္လည္း ျဖစ္၊ ေတာ္လွန္ေရးေခါင္းေဆာင္လည္း ျဖစ္၊ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ စြမ္းအားရွိသမွ် အက်ိဳးေဆာင္ခဲ့တဲ့ ေနာ္လီဇာဘင္ဆင္ဟာ ၂ဝ၁ဝ ခုႏွစ္ထဲမွာေတာ့ ဦးေႏွာက္ကင္ဆာေဝဒနာ ခံစားရင္း ခရစ္ေတာ္ရဲ႕ အမိန္႔ေတာ္ကို ခံယူသြားခဲ့ပါၿပီ။ သမီးျဖစ္သူ Charmaire Craig ကလည္း Miss Burma ဆိုတဲ့ အမည္နဲ႔ စာအုပ္ထုတ္ၿပီး ေက်းဇူးဆပ္ခဲ့ဟန္ပါပဲ။ သူေလွ်ာက္လွမ္းခဲ့ရာ လမ္းေတြကလည္း အေကြ႕အေကာက္ မ်ားလြန္းလွပါတယ္။ သူ႔ဇာတ္လမ္းဟာ ၾကမ္းတမ္းတဲ့ ႏူးညံ့မႈျပဇာတ္တစ္ပုဒ္လိုပါပဲ။ ဘာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံသားတစ္​ေယာက္ အေနနဲ႔ကေတာ့ သူသ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္ထဲကလို “ပိေတာက္ေတြပြင့္ျပန္ၿပီ ဘင္ဆင္ေရ” လို႔ တမ္းတရင္း သမိုင္းမွတ္တမ္းတင္ ဂုဏ္ျပဳလိုက္ရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဆရာေ႒း

#Unicode Version#

ပိတောက်တွေ ပွင့်ပြန်ပြီ ဘင်ဆင်ရေ… ■

“သူ့ရဲ့ဘယ်ဘက် ပါးဖောင်းဖောင်လေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေးတလုံး ရှိတယ်။ ကြင်နာတတ်တဲ့ အသည်းနှလုံးရှိပြီး နိုက်တင်ဂေးငှက်လို သာယာတဲ့အသံနဲ့ တေးဆိုတတ်တဲ့ ရေဒီယို အဆိုတော်တစ်ယောက်။ ဖလင်ကော်ပြားပေါ်ကနေ ကြည့်သူကို ကြည်နူးမှုအပြည့် ပေးနိုင်စွမ်းခဲ့တဲ့သူ။ ပြည်သူ့အကျိုး၊ လူသားတွေအကျိုးကို သယ်ပိုးရင်း ဘဝကို အကျိုးရှိစွာ အသုံးချခဲ့တဲ့ နှလုံးလှသူတစ်ယောက်….။”

ပါစတာရဲ့ ချီးမွမ်းခန်းနဲ့ ဆုတောင်းသံဟာ တိမ်ဝင်သွားတယ်။ သင်္ချိုင်းတစ်ခုလုံး တိတ်ဆိတ်လို့။ ပန်းခွေတွေပေါ်မှာတော့ “Louisa Charmaire Benson Craig (69) တဲ့ …။ တကယ်တော့ သူ့ဘဝကို “ကြမ်းတမ်းတဲ့ နူးညံ့မှု” လို့ ပြောရင် ပိုသင့်လျော်လေမလားပဲ …။

သူ့ကို ၁၉၄၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှာ မွေးခဲ့တာ။ အဖေက ဂျူးလူမျိုး စွန့်ဦးတီထွင် စီးပွာရေးသမား စောဘင်ဆင်။ မိခင်က ကရင်လူမျိုး နော်ချစ်ခင်။ သူ့ကိုတော့ Louiser Benson လို့ ကင်ပွန်းတပ်ခဲ့တယ်။ မြန်မာတွေနဲ့ ကရင်တွေကတော့ သူ့ကို နော်လီဇာဘင်ဆင်လို့ပဲ သိကြတာပါ။ တချိန်ကတော့ မြန်မာပြည်သူတွေရဲ့ သြဘာသံတွေဟာ သူ့အပါးမှာ ပြန့်လွင့်လို့ အင်ကြင်းဝတ်မှုံတွေ ဝဲပျံနေသလိုပါပဲ။ တချို့ဆို သားသမီးနာမည်တောင် နော်လီဇာလို့ ပေးလိုက်သေးရဲ့။ ဒီအထိ စွဲလမ်းခဲ့ကြတာ။

သူ့ရဲ့ ပထမဆုံး အောင်မြင်မှုခြေလှမ်းက ၁၉၅၆ ခုနှစ်မှာ စခဲ့တာ။ အဲဒီနှစ်က အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ဘင်ဆင်ဟာ မယ်ဗမာ ရခဲ့တယ်။ ဒီကစပြီး သူ့အလှ သူ့ဂုဏ်သတင်းဟာ မြန်မာလူထုကြားမှာ နော်လီဇာဘင်ဆင် အဖြစ် ထင်ပေါ်လာခဲ့တာ။ ပထမဆုံး မယ်ဗမာက ဒေါ်လီချို (Dolly Cho)။ ၁၉၄၇ ခုနှစ်ပေ့ါ။ စုစုပေါင်း “မယ်ဗမာ” တရားဝင် ၁၆ ဦးပဲ ရှိတဲ့အထဲမှာ နော်လီဇာဘင်ဆင် ပါခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ မယ်ထပ်ရတော့ ၂ ကြိမ် ရခဲ့တာပေါ့။ အထက်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ် တက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် အမေရိကန် ဘော့စတွန်တက္ကသိုလ်မှာ တက်ခဲ့တယ်။ အဲဒီကအပြန်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ နည်းပြဆရာမ အဖြစ် အလုပ်ဝင်ခဲ့တာ ၁၉၆၄ ခုနှစ်ကပေါ့။

ဒီကြားထဲ နိုင်ငံခြားမှာ ပညာသင်နေတဲ့ သူ့အစ်ကိုအတွက် ငွေကြေးလိုအပ်နေတာမို့ စံတော်သစ် ရုပ်ရှင်ကုမ္ပဏီ ကမ်းလှမ်းချက်ကို လက်ခံပြီး “ဝဏ္ဏကျော်ထင်ဦးမင်းဒင်” ဇာတ်ကားကို ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ခဲ့တယ်။ ဒုတိယကားကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ “ပိတောက်တွေပွင့်ပြန်ပြီ” ဇာတ်ကားပါ။ အလွန်လူကြိုက်များခဲ့တဲ့ ကားတစ်ကားလို့ ဆိုကြတယ်။ ဝါသနာအရ စန္ဒယားချစ်မောင် တေးဂီတနဲ့ တွဲဖက်ပြီး ပြုံးချစ်သူ၊ ဝတ်ရည်အနွယ် စတဲ့ သီချင်းတွေကိုလည်း မြန်မာ့အသံမှာ သီဆိုခဲ့သေးတယ်။ ဒါတွေက သူ့ဘဝရဲ့ နူးညံ့စွာဖြတ်သန်းခဲ့ရတဲ့ အပိုင်းတွေပေါ့။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူ စောဘင်ဆင်ဟာ ဗိုလ်နေဝင်းရဲ့ အကျဉ်းသမားဖြစ်ခဲ့တယ်။ သူ ဗမာပြည်ပြန်ရောက်တော့ ခင်မင်ရင်းစွဲရှိတဲ့ ကစ်တီဘသန်း (ခေါ်) ဗိုလ်နေဝင်းကတော် ဒေါ်ခင်မေသန်းနဲ့ ဆက်ဆံခဲ့ရာက သူ့ဘဝဟာ “ကန္တာရဆူးပေါ်ကျတဲ့ ပွင့်ဖတ်လေးတခု” ဖြစ်ခဲ့ရတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာပြန်တယ်။ ဒီမှာပဲ သူ့ရဲ့ ဘဝကြမ်းအတွက် ခြေဆင်းတွေ စခဲ့တာပါပဲ။ ၁၉၆၃ ခုနှစ်မှာ စောဟံတာသာမွှေးနဲ့အတူ လက်နက်ချခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးလင်းထင် (ခေါ်) ငန်းနက်နဲ့ နီးစပ်ခဲ့တယ်။ ဗိုလ်လင်းထင်က ကရင်တပ်မဟာ ၅ က ဗိုလ်မှူးတစ်ယောက်လို့ ဆိုပါတယ်။ ၁၉၆၄ ခု မေ ၁၂ ရက်မှာ သူ့ထက် အသက် ၁၆ နှစ်ကြီးတဲ့ တပ်မှူးလင်းထင်နဲ့ နော်လီဇာဘင်ဆင်တို့ တရားရုံးမှာ လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပြီးတဲ့နောက် ယောင်နောက်ဆံထုံးပါ ဆိုသလို နော်လီဇာဘင်ဆင်လည်း တောတွင်းလက်နက်ကိုင်ဘဝ ရောက်ခဲ့တော့တာပါပဲ။

ဒီကာလတွေဟာ သူ့အတွက်တော့ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး ကာလတွေကို ဖြတ်သန်းခဲ့ရတာပါ။ ဗိုလ်နေဝင်းကလည်း ဗိုလ်လင်းထင်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် သူတို့က ဗိုလ်မှူးလင်းထင်ကို ကာကွယ်ရေးတပ်အနေနဲ့ ညှိနှိုင်းဆွေးနွေးတာပါ။ အခုခေတ် ပြောနေတဲ့ BGF လို တပ်မျိုးပေါ့။ ဒါကိုတော့ ဗိုလ်လင်းထင်က လက်မခံခဲ့ဘူး။ နောက်တစ်ကြိမ် ဗိုလ်နေဝင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ချိန်မှာပဲ သထုံမြို့က ဗိုလ်လင်းထင် နေအိမ်ကအထွက်မှာ စစ်ထောက်လှမ်းရေးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတယ်။ ဘာတေးလစ်တနာကတော့ အမည်မသိလူတစ်စုလို့ ဆိုပါတယ်။

၁ နှစ်ခန့်သာ ပေါင်းသင်းလိုက်ရတဲ့ လင်တော်မောင် သေပြီးတဲ့နောက် နော်လီဇာဘင်ဆင်ဟာ တပ်မဟာ ၅ တပ်သားတွေကို ပြန်စုပြီး မဲဆောက်ဘက်မှာ တပ်ချခဲ့တယ်။ ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ကြားပေမယ့် မယုံကြည်မှုကြောင့် ငြင်းပယ်လိုက်ရပြန်ပါတယ်။ တောတွင်းမှာ ကျင်လည်နေရပေမယ့် သူ့ဘဝ လုံခြုံမှုကင်းမဲ့လာတဲ့အတွက် နောက်ဆုံးမှာတော့ ၁၉၆၇ မှာ အမေရိကန်နိုင်ငံကို ထွက်ခွာလာခဲ့ပါတော့တယ်။ အမေရိကန်ရောက်ပြီးနောက် အမေရိကန်တက္ကသိုလ်တက်စဉ်က အတန်းဖော် Glem Campbell Craig လက်ထပ်ခဲ့တယ်။ သူ့ဘဝတဆစ်ချိုးကို ရောက်ခဲ့ပြန်ပါပြီ။ Craig နဲ့ ကလေး ၃ ယောက် ရခဲ့တယ်။

အမေရိကန်မှာ အခြေချပြီးတဲ့နောက် ကိုလံဘီယာတက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပညာ မဟာဘွဲ့ကို ထပ်မံယူခဲ့ပါသေးတယ်။ ၁၉၉ဝ နောက်ပိုင်း ထိုင်းနယ်စပ်က ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီခဲ့တယ်။ မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်နိုင်ရေးကို လုပ်ဆောင်ခဲ့တယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ Yadana Gas Field ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တရားစွဲဆို ရင်ဆိုင်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နော်လီဇာဘင်ဆင်ဟာ Burma Forum နဲ့ US Campaign for Burma ရဲ့ တည်ထောင်သူဖြစ်ခဲ့သလို အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီလို မယ်ဗမာလည်း ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်၊ အဆိုတော်လည်း ဖြစ်၊ တော်လှန်ရေးခေါင်းဆောင်လည်း ဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွမ်းအားရှိသမျှ အကျိုးဆောင်ခဲ့တဲ့ နော်လီဇာဘင်ဆင်ဟာ ၂ဝ၁ဝ ခုနှစ်ထဲမှာတော့ ဦးနှောက်ကင်ဆာဝေဒနာ ခံစားရင်း ခရစ်တော်ရဲ့ အမိန့်တော်ကို ခံယူသွားခဲ့ပါပြီ။ သမီးဖြစ်သူ Charmaire Craig ကလည်း Miss Burma ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ပြီး ကျေးဇူးဆပ်ခဲ့ဟန်ပါပဲ။ သူလျှောက်လှမ်းခဲ့ရာ လမ်းတွေကလည်း အကွေ့အကောက် များလွန်းလှပါတယ်။ သူ့ဇာတ်လမ်းဟာ ကြမ်းတမ်းတဲ့ နူးညံ့မှုပြဇာတ်တစ်ပုဒ်လိုပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ကတော့ သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ထဲကလို “ပိတောက်တွေပွင့်ပြန်ပြီ ဘင်ဆင်ရေ” လို့ တမ်းတရင်း သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဆရာဋ္ဌေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top