စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×





Credit: Myint Myat

# Unicode Version ဖြင့် ဖတ်ပါ #

သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲထားတဲ့ မော်ဒယ်သင်းသင်းကတော့ ဝေဖန်မှုတွေများစွာရှိနေပေမယ့်လည်း သူမယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ သင်းသင်းက သူမကို အချိန်ပြည့်တိုက်ခိုက်နေတဲ့ သူတွေကို ထိထိမိမိနဲ့ ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။ မိန်းမသားတစ်ဦးပေမယ့် ရဲရင့်မှုအပြည့်ရှိတဲ့ သင်းသင်းရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို လေးစားစရာပါပဲနော်။

သင်းသင်းကတော့ “ကျမနဲ့ စီးပွားဖက် လင်လုဖက် မဟုတ်ပဲ ကျမကို အချိန်ပြည့်တိုက်ခိုက်နေကြသူများ အရမ်းသနားမိတယ်…ဘာလို့လဲဆိုတော့ ကျမကိုဘယ်လောက်တိုက်ခိုက်ဘယ်လောက်ပဲ ဝေဖန်နေပါစေ ..ဥပက္ခာတရားလက်ကိုင်ထားပီး ကျော်လွှားနေလိုက်တယ်လေ… သိလားလို့ အာ့တာလေးပြောပြတာ” ဆိုပြီး ပညာသားပါပါနဲ့ ထိထိမိမိတုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

မိန်းမသားတစ်ဦးရဲ့အခွင့်အရေးတွေအကြောင်းနဲ့ ပြည့်တန်ဆာတောင်မှ သူတို့မကြည်ဖြူရင် တရားစွဲလို့ရတယ်ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြထားတဲ့ သင်းသင်းကတော့ သူမနစ်နာခဲ့တဲ့အကြောင်းကို ရဲရဲဝံ့ဝံ့ထုတ်ပြောပြီး တစ်ယောက်တည်း ရပ်တည်နေတဲ့ သင်းသင်းကတော့ တကယ့်ကို အာဂမိန်းကလေးပါပဲ။ သင်းသင်းကတော့ လတ်တလောမှာ ပွဲတွေဆက်တိုက်တက်ဖြစ်နေပြီး အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဝေဖန်နေသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တဲ့ သင်းသင်းရဲ့စိတ်ဓါတ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Thin Thin’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top