ပရိသတ္ေတြရဲ႕ အားေပးမႈကုိ ရ႐ွိေနတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ႏုိင္လူကေတာ့ အခုလက္႐ွိအခ်ိန္မွာ အႏုပညာအလုပ္ေတြကုိ ဆက္တုိက္လုပ္လာေပမယ့္လည္း အျမဲတမ္း ေဝဖန္ခံေနရတဲ့ ၿခိမ့္ေကကုိ ေခၚ ဘနားနားနဲ႔ ပတ္သက္ၿပီးေတာ့ ဘနားနားက အႏုပညာကုိ ဘာမွမသိဘူး ဘာမွ နားမလည္ဘူးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ႏုိင္လူ “ေလာကနတ္ video ထုတ္လုပ္ေရးက မမီးမီးေပါ့ေနာ္ ဘနားနားကုိ အဲ့ Company ကေျမေတာင္ေျမႇာက္ေပးတာေပါ့ေနာ္။ အဲ့လုိအစီအစဥ္ေလးေတြလည္း႐ွိပါတယ္။ သူ႔ရဲ႕ စိတ္ကေလးကက်ေတာ့ သူျဖစ္ခ်င္တယ္။ ဒါေပမဲ့ သူဘာမွ မသိဘူး သူနားမလည္ဘူး။ အဲ့လုိမ်ိဳးေလးနဲ႔ပဲ သူက ပရိသတ္ေတြရဲ႕ မုန္းတီးခ်င္းကုိ ခံရတယ္။ ဘယ္လုိပဲေျပာေျပာ ဘယ္ေနရာကိုပဲ သြားသြား ဘနားနားကုိ သိလားဆုိရင္ လူတုိင္းသိၾကတယ္။ သ႐ုပ္ေဆာင္အသစ္ကုိ လူတစ္ေယာက္သိဖုိ႔က မလြယ္ဘူး။ ဒါေပမဲ့ ဘနားနားကုိသိလားဆုိရင္ လူတုိင္းက သိတယ္လုိ႔ပဲ လက္ခံၾကတယ္။ ဒါကလည္း ျမန္မာအုိင္ေဒါရဲ႕ ေက်းဇူးတရားေၾကာင့္ေပါ့။ အဲ့တာေၾကာင့္ သူ႔ကုိလည္း ေျပာျပတယ္။ အန္ကယ္ဦးသိန္းတန္တုိ႔ကုိလည္း ဘယ္ေတာ့မွ ေက်းဇူးမေမ့နဲ႔ သူ႔ကုိေတာ့ အႏုပညာ႐ွင္တစ္ေယာက္ျဖစ္လာေအာင္ အုိက္တင္ကုိ မၾကဳိးစားနဲ႔ ဒီအတုိင္းပဲေန ဒီတုိင္းေနရင္ လက္ခံမယ္လုိ႔။

သူအႏုပညာနဲ႔ ပတ္သက္ၿပီး သိသြားခဲ့ရင္ သူ႔ကုိ ပရိသတ္က တစ္မ်ိဳး မၾကဳိက္ေတာ့မွာဆုိးလုိ႔။ မသိတာကုိဘဲ ပရိသတ္က ၾကဳိက္တာေလ သူဘာမွ မသိတဲ့ သူ႔ရဲ႕လုပ္ေဆာင္မႈကုိပဲ ပရိသတ္က ႀကိဳက္တာ အဲ့တာေၾကာင့္ မသိသလုိပဲ ေနလုိ႔။ တစ္သက္လုံး အဲ့တုိင္းပဲ ေနလုိ႔။ ကေလးက ႐ုိးသားပါတယ္။ သူကေတာ့ လူငယ္ဆုိတာကေတာ့ ဘယ္သူပဲ ျဖစ္ျဖစ္ လူငယ္တုိင္း လူငယ္တုိင္းကေတာ့ အႏုပညာနဲ႔ ပတ္သက္လာရင္ အကုန္လုံးက အိမ္မက္ကုိယ္စီ႐ွိၾကတယ္။ ကို္ယ္ျဖစ္ခ်င္တယ္ ကုိယ္လုပ္ခ်င္တယ္ တစ္ခ်ိဳ႕ၾကေတာ့ လမ္းေၾကာင္းေလးေတြ လြဲေနတယ္ တစ္ခ်ိဳ႕ၾကေတာ့လည္း လြဲေနတဲ့ လမ္းေၾကာင္းကုိ မတ္ေပးမယ့္သူ မ႐ွိဘူး။ အဲ့အခါၾကေတာ့ အိမ္မက္ေတြက ေလထဲမွာပဲ လြင့္ေပ်ာက္သြားခဲ့ရတယ့္ လူငယ္ေတြလည္း အမ်ားႀကီးပဲ ႐ွိခဲ့ရပါတယ္။

အစ္ကုိတုိ႔ကၾကေတာ့ ကုိယ္ခ်င္းအရမ္းစာတယ္ အစ္ကုိဆုိ ဘယ္သူ႔ပဲ ျဖစ္ျဖစ္ သ႐ုပ္ေဆာင္အသစ္ေတြနဲ႔ ေတြ႔တဲ့ အခါက်ရင္ အျမဲတမ္းေပါ့ေနာ္ ဘာေလးမ်ား ကူညီေပးႏုိင္မလဲ အႏုပညာပုိင္းအရ အုိက္တင္ေလးမ်ား သင္ေပးလုိ႔ရမလား ဆရာႀကီးလုပ္တဲ့ ပုံစံမ်ိဳး မဟုတ္ပါဘူး သူတုိ႔ေတြကုိ ျဖစ္ေစခ်င္တဲ့ ဆႏၵ သူတုိ႔ကုိ ေကာင္းေစခ်င္တဲ့ ေစတနာေလးတစ္ခုနဲ႔ ေျပာေတာ့ အကုန္လုံးက လက္ခံပါတယ္။ ဘနားနားဆုိလည္း အိမ္မွာပဲ အတူတူ ေခၚထားတာ မမီးမီးတုိ႔ဆီမွာ သူ႔ကုိ ေခၚထားတယ္။ အခုသာေကတမွာ ေခၚထားတယ္ သူနဲ႔ ပတ္သက္ၿပီးေတာ့ စားဝတ္ေနေရးကအစ အကုန္လုံးကုိ မမီးမီးက တာဝန္ယူၿပီးေတာ့ သူအိမ္မွာပဲ ထားၿပီးေတာ့ သူနဲ႔ ပတ္သက္တဲ့ အႏုပညာေလးေတြ၊ လက္လွမ္းမွီသေလာက္ သူ႔ကုိ ကူညီေစာင္ရြက္ေပးမယ္။ သူ႔ကုိ ေျမေတာင္ ေျမႇာက္ေပးဖုိ႔ အစီအစဥ္ေတြ ႐ွိပါတယ္။

အခုၿပီးခဲ့တဲ့ ကားမွာလည္း သူပါတယ္။ ငါ့ကုိ ျပန္ေသာက္တဲ့ အရက္မွာဆုိရင္ သူက ကုိယ့္ရဲ႕ သားမက္ေနရာကေပါ့။ သူကုိပရိသတ္က ထင္တာ ဟာသပုံစံမ်ိဴးေပါ့ေနာ္ အဲ့ကားမွာက သူ႔ကုိ ဗီလိန္ဆန္ဆန္ေလး ကာ႐ုိက္တာတစ္ခုေပါ့။ သမီးက ကုိယ္ဝန္႐ွိသြားတဲ့ အခါက်ေတာ့ မယူႏုိင္ေတာ့ဘူး။ အဲ့လုိမ်ိဳးေလး အဆန္းေတာ့ လုပ္ထားတယ္။ အခုေခ်ာင္းသာမွာ သြား႐ုိက္မယ့္ ကားေလးကေတာ့ ဒရမ္မာေပါ့ သမာ႐ုိးက် ဇာတ္လမ္းေတြနဲ႔ေတာ့ နည္းနည္းေလးေတာ့ ခြဲထြက္သြားတာေပါ့ေလ။ အဲ့အေပၚမွာ ပရိသတ္က သူ႔ကုိ ဘယ္လုိေလးမ်ား သနားသြားမလဲေပါ့။ သနားသြားမယ့္ ကာ႐ုိက္တာေလးေတြ ေပးမွ သူ႔ကုိ ပရိသတ္က ျပန္သနားမွာ။ ေနာက္မုိ႔ဆုိရင္ ဝုိင္းဆဲေနၾကတာေလ။ အဲ့တာေၾကာင့္ ဆဲတဲ့ သူေတြကုိလည္း ေမတၱာပုိ႔ေပးလုိ႔ သူ႔ကကို ေျပာျပတယ္။ ေလာကႀကီးမွာ ခ်စ္ျခင္းနဲ႔ မုန္းျခင္းပဲ ႐ွိတယ္။ မုန္းၿပီးသြားရင္ေတာ့ ခ်စ္တဲ့ အလွည့္ကုိ ျပန္ေရာက္လာမွာပဲေလ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ အခုလက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာပေမယ့်လည်း အမြဲတမ်း ဝေဖန်ခံနေရတဲ့ ခြိမ့်ကေကို ခေါ် ဘနားနားနဲ့ ပတ်သက်ပြီးတော့ ဘနားနားက အနုပညာကို ဘာမှမသိဘူး ဘာမှ နားမလည်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နိုင်လူ “လောကနတ် video ထုတ်လုပ်ရေးက မမီးမီးပေါ့နော် ဘနားနားကို အဲ့ Company ကမြေတောင်မြှောက်ပေးတာပေါ့နော်။ အဲ့လိုအစီအစဉ်လေးတွေလည်းရှိပါတယ်။ သူ့ရဲ့ စိတ်ကလေးကကျတော့ သူဖြစ်ချင်တယ်။ ဒါပေမဲ့ သူဘာမှ မသိဘူး သူနားမလည်ဘူး။ အဲ့လိုမျိုးလေးနဲ့ပဲ သူက ပရိသတ်တွေရဲ့ မုန်းတီးချင်းကို ခံရတယ်။ ဘယ်လိုပဲပြောပြော ဘယ်နေရာကိုပဲ သွားသွား ဘနားနားကို သိလားဆိုရင် လူတိုင်းသိကြတယ်။ သရုပ်ဆောင်အသစ်ကို လူတစ်ယောက်သိဖို့က မလွယ်ဘူး။ ဒါပေမဲ့ ဘနားနားကိုသိလားဆိုရင် လူတိုင်းက သိတယ်လို့ပဲ လက်ခံကြတယ်။ ဒါကလည်း မြန်မာအိုင်ဒေါရဲ့ ကျေးဇူးတရားကြောင့်ပေါ့။ အဲ့တာကြောင့် သူ့ကိုလည်း ပြောပြတယ်။ အန်ကယ်ဦးသိန်းတန်တို့ကိုလည်း ဘယ်တော့မှ ကျေးဇူးမမေ့နဲ့ သူ့ကိုတော့ အနုပညာရှင်တစ်ယောက်ဖြစ်လာအောင် အိုက်တင်ကို မကြိုးစားနဲ့ ဒီအတိုင်းပဲနေ ဒီတိုင်းနေရင် လက်ခံမယ်လို့။

သူအနုပညာနဲ့ ပတ်သက်ပြီး သိသွားခဲ့ရင် သူ့ကို ပရိသတ်က တစ်မျိုး မကြိုက်တော့မှာဆိုးလို့။ မသိတာကိုဘဲ ပရိသတ်က ကြိုက်တာလေ သူဘာမှ မသိတဲ့ သူ့ရဲ့လုပ်ဆောင်မှုကိုပဲ ပရိသတ်က ကြိုက်တာ အဲ့တာကြောင့် မသိသလိုပဲ နေလို့။ တစ်သက်လုံး အဲ့တိုင်းပဲ နေလို့။ ကလေးက ရိုးသားပါတယ်။ သူကတော့ လူငယ်ဆိုတာကတော့ ဘယ်သူပဲ ဖြစ်ဖြစ် လူငယ်တိုင်း လူငယ်တိုင်းကတော့ အနုပညာနဲ့ ပတ်သက်လာရင် အကုန်လုံးက အိမ်မက်ကိုယ်စီရှိကြတယ်။ ကိုယ်ဖြစ်ချင်တယ် ကိုယ်လုပ်ချင်တယ် တစ်ချို့ကြတော့ လမ်းကြောင်းလေးတွေ လွဲနေတယ် တစ်ချို့ကြတော့လည်း လွဲနေတဲ့ လမ်းကြောင်းကို မတ်ပေးမယ့်သူ မရှိဘူး။ အဲ့အခါကြတော့ အိမ်မက်တွေက လေထဲမှာပဲ လွင့်ပျောက်သွားခဲ့ရတယ့် လူငယ်တွေလည်း အများကြီးပဲ ရှိခဲ့ရပါတယ်။

အစ်ကိုတို့ကကြတော့ ကိုယ်ချင်းအရမ်းစာတယ် အစ်ကိုဆို ဘယ်သူ့ပဲ ဖြစ်ဖြစ် သရုပ်ဆောင်အသစ်တွေနဲ့ တွေ့တဲ့ အခါကျရင် အမြဲတမ်းပေါ့နော် ဘာလေးများ ကူညီပေးနိုင်မလဲ အနုပညာပိုင်းအရ အိုက်တင်လေးများ သင်ပေးလို့ရမလား ဆရာကြီးလုပ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး သူတို့တွေကို ဖြစ်စေချင်တဲ့ ဆန္ဒ သူတို့ကို ကောင်းစေချင်တဲ့ စေတနာလေးတစ်ခုနဲ့ ပြောတော့ အကုန်လုံးက လက်ခံပါတယ်။ ဘနားနားဆိုလည်း အိမ်မှာပဲ အတူတူ ခေါ်ထားတာ မမီးမီးတို့ဆီမှာ သူ့ကို ခေါ်ထားတယ်။ အခုသာကေတမှာ ခေါ်ထားတယ် သူနဲ့ ပတ်သက်ပြီးတော့ စားဝတ်နေရေးကအစ အကုန်လုံးကို မမီးမီးက တာဝန်ယူပြီးတော့ သူအိမ်မှာပဲ ထားပြီးတော့ သူနဲ့ ပတ်သက်တဲ့ အနုပညာလေးတွေ၊ လက်လှမ်းမှီသလောက် သူ့ကို ကူညီစောင်ရွက်ပေးမယ်။ သူ့ကို မြေတောင် မြှောက်ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။

အခုပြီးခဲ့တဲ့ ကားမှာလည်း သူပါတယ်။ ငါ့ကို ပြန်သောက်တဲ့ အရက်မှာဆိုရင် သူက ကိုယ့်ရဲ့ သားမက်နေရာကပေါ့။ သူကိုပရိသတ်က ထင်တာ ဟာသပုံစံမျိူးပေါ့နော် အဲ့ကားမှာက သူ့ကို ဗီလိန်ဆန်ဆန်လေး ကာရိုက်တာတစ်ခုပေါ့။ သမီးက ကိုယ်ဝန်ရှိသွားတဲ့ အခါကျတော့ မယူနိုင်တော့ဘူး။ အဲ့လိုမျိုးလေး အဆန်းတော့ လုပ်ထားတယ်။ အခုချောင်းသာမှာ သွားရိုက်မယ့် ကားလေးကတော့ ဒရမ်မာပေါ့ သမာရိုးကျ ဇာတ်လမ်းတွေနဲ့တော့ နည်းနည်းလေးတော့ ခွဲထွက်သွားတာပေါ့လေ။ အဲ့အပေါ်မှာ ပရိသတ်က သူ့ကို ဘယ်လိုလေးများ သနားသွားမလဲပေါ့။ သနားသွားမယ့် ကာရိုက်တာလေးတွေ ပေးမှ သူ့ကို ပရိသတ်က ပြန်သနားမှာ။ နောက်မို့ဆိုရင် ဝိုင်းဆဲနေကြတာလေ။ အဲ့တာကြောင့် ဆဲတဲ့ သူတွေကိုလည်း မေတ္တာပို့ပေးလို့ သူ့ကကို ပြောပြတယ်။ လောကကြီးမှာ ချစ်ခြင်းနဲ့ မုန်းခြင်းပဲ ရှိတယ်။ မုန်းပြီးသွားရင်တော့ ချစ်တဲ့ အလှည့်ကို ပြန်ရောက်လာမှာပဲလေ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top