အသားမာတက္ျခင္းကုိ tylomas သုိ႔ keratoma ဟုလည္း ေခၚေ၀ၚျပီး အေရျပားဟာ ထိခိုက္မွဳေတြကုိ ကာကြယ္ေပးဖုိ႔အတြက္ ပုိျပီးသိပ္သည္းထူထဲလာတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။ အသားမာမ်ားဟာ မနာက်င္ေပမယ္႔ ကသိကေအာင္႔ ခံစားရတတ္ပါတယ္။ ေအာက္ပါအခ်က္ေတြကေတာ႔ အသားမာတက္ျခင္းကုိဘယ္လုိကုိင္တြယ္မလဲဆုိတာပါပဲ။
အညႊန္းမလုိဘဲ ၀ယ္ယူႏိုင္ေသာ ေဆးဖတ္မ်ား

အသားမာတက္ျခင္းကုိ ေျဖရွင္းဖုိ႔ ထိေရာက္တဲ့ နည္းလမ္းတခုကေတာ႔ ဆရာ၀န္ညႊန္းစာမလုိတဲ့ ေဆးဖတ္ေတြ ၀ယ္ကပ္ဖုိ႔ပါပဲ။ အသားမာတက္ေနတဲ့ ေနရာေတြကုိကပ္ေပးရမွာ ျဖစ္ပါတယ္။ ဒါေပမယ္႔ အသားမာဖယ္တဲ့ အဲဒီေဆးရည္ေတြ၊ ေဆးဖတ္ေတြကုိ သတိေတာ႔ထားရပါမယ္။ သူတုိ႔ေတြဆီမွာ ပါ၀င္တဲ့ Salicylic အက္ဆစ္ဟာပုံမွန္အေရျပားကုိ ထိခိုက္ေစႏိုင္ပါတယ္။ ဆီးခ်ဳိရွိရင္၊ ေသြးလည္ပတ္မွဳ မေကာင္းရင္ ဒီနည္းမသုံးခင္ ဆရာ၀န္နဲ႔ အရင္တိုင္ပင္ဖုိ႔ လုိပါတယ္။ ဒါမွမဟုတ္ရင္ ဒီေဆးဖတ္ေတြကပ္ျခင္းဟာ သင္႔အေရျပားကုိ ပုိဆုိးသြားေစႏိုင္ပါတယ္။
အေရျပားကုိစုိစြတ္ေအာင္ထားပါ

အသားမာတက္ျခင္းဟာ အေရျပားေျခာက္ေသြ႔ျခင္းေၾကာင္႔ ျဖစ္ပြားတာမုိ႔ အေရျပားရဲ့ အစုိဓာတ္ကုိ ထိန္းသိမ္းေပးျခင္းဟာ အေရးၾကီးပါတယ္။ ပထမဆုံးလုပ္သင္႔တာကသင္႔ေျခဖ၀ါးကုိ ေရေႏြးေႏြးနဲ႔ စိမ္ေပးျပီးဆပ္ျပာေရနဲ႔ ေဆးေၾကာေပးဖုိ႔ပါပဲ။ ေရအစားchamomile လက္ဖက္ရည္ကုိသုံးျခင္းဟာ အေရျပားရဲ့ အက္ဆစ္ဓာတ္ေျပာင္းလဲမွဳကုိခဏတာမွ် ေျပာင္းလဲေစပါတယ္။ ျပီးရင္ ဆပ္ျပာနဲ႔ ေရကုိသုံးျပီးေဆးေၾကာႏိုင္ပါတယ္။ ေနာက္တဆင္႔ကေတာ႔ ေျခဖ၀ါးကုိ ႏူးညံ့ေနေအာင္ အေရျပားရဲ့ အစုိဓာတ္ကုိ ထိန္းသိမ္းေပးဖုိ႔ပါပဲ။ ေရခ်ဳိးျပီး lotion ေတြ လိမ္းေပးျခင္းဟာ အေထာက္အကူျပဳပါတယ္။ အသားမာတက္တဲ့ေနရာကုိ လိမ္းေပးရတဲ့ ခရင္မ္ေတြ ရွိပါတယ္။
ထူေသာအေရျပားကုိပါးေစျခင္း

အသားမာတက္လုိ႔ ထူေနတဲ့အေရျပားကုိ ပါးေပးျခင္း ျဖစ္ပါတယ္။ ေရခ်ဳိးစဥ္နဲ႔ ေရခ်ဳိးအျပီးမွာေခ်းတြန္းေက်ာက္၊ လက္သည္းတိုက္တံစည္း၊ ေရခ်ဳိးအ၀တ္စတာေတြနဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ ဒီလုိလုပ္ေပးရင္ မာေနတဲ့အေရျပားေတြကုိ ဖယ္ရွားေပးႏိုင္ပါတယ္။ ခၽြန္ထက္ျပတ္ရွေစတဲ့အရာကုိမသုံးဖုိ႔ သတိျပဳရပါမယ္။ ဆီးခ်ဳိရွိရင္ေတာ႔ ေခ်းတြန္းေက်ာက္ပြတ္ျခင္းဟာ ပုိး၀င္ႏိုင္တာမုိ႔ အသုံးမျပဳသင္႔ပါဘူး။
အက္စ္ပရင္သုံးျခင္း

အက္စ္ပရင္ဟာ အသားမာတက္ျခင္းကုိေျဖရွင္းတဲ့ နည္းလမ္းေကာင္းတခုျဖစ္ပါတယ္။ အက္စ္ပရင္ေဆးျပား ၅ျပား၆ျပားခန္႔ကုိ ပန္းသီးရွာလကာရည္၊ ေရတုိ႔နဲ႔ ဆတူေရာနယ္ျပီးရင္ အသားမာတက္တဲ့ေနရာကုိ ပြတ္ေပးရပါမယ္။ အာနိသင္ရွိေအာင္ ေဆးလိမ္းျပီး ၁၀မိနစ္အတြင္း ပတ္တီးစည္းထားေပးရပါမယ္။ ေခ်းတြန္းေက်ာက္နဲ႔ တိုက္လုိ႔ကြာလာႏိုင္တဲ့ အထိလိမ္းေပးရပါမယ္။ အက္စ္ပရင္ ဓာတ္မတည္႔ျခင္းရွိရင္ေတာ႔ မသုံးသင္႔ပါဘူး။

အသားမာတက္ျခင္းကုိအိမ္တြင္းကုထုံးေတြနဲ႔ ေျဖရွင္းႏိုင္ပါတယ္။ ဒါေပမယ္႔ ဒီပစၥည္းေတြနဲ႔ သိပ္မရင္းႏွီးရင္ ဆရာ၀န္နဲ႔ တိုင္ပင္သင္႔ပါတယ္။သင္႔အသားမာေတြဟာမခြဲတဲ့နည္းနဲ႔ ေပ်ာက္ဖုိ႔ခဲယဥ္းမယ္ဆုိရင္ ခြဲစိတ္ကုသမွဳ ခံယူသင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon

# Unicode Version # ျဖင့္ ဖတ္ပါ #

အသားမာတက်ခြင်းကို tylomas သို့ keratoma ဟုလည်း ခေါ်ဝေါ်ပြီး အရေပြားဟာ ထိခိုက်မှုတွေကို ကာကွယ်ပေးဖို့အတွက် ပိုပြီးသိပ်သည်းထူထဲလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အသားမာများဟာ မနာကျင်ပေမယ့် ကသိကအောင့် ခံစားရတတ်ပါတယ်။ အောက်ပါအချက်တွေကတော့ အသားမာတက်ခြင်းကိုဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။
အညွှန်းမလိုဘဲ ဝယ်ယူနိုင်သော ဆေးဖတ်များ

အသားမာတက်ခြင်းကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတခုကတော့ ဆရာဝန်ညွှန်းစာမလိုတဲ့ ဆေးဖတ်တွေ ဝယ်ကပ်ဖို့ပါပဲ။ အသားမာတက်နေတဲ့ နေရာတွေကိုကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသားမာဖယ်တဲ့ အဲဒီဆေးရည်တွေ၊ ဆေးဖတ်တွေကို သတိတော့ထားရပါမယ်။ သူတို့တွေဆီမှာ ပါဝင်တဲ့ Salicylic အက်ဆစ်ဟာပုံမှန်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိရင်၊ သွေးလည်ပတ်မှု မကောင်းရင် ဒီနည်းမသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဒီဆေးဖတ်တွေကပ်ခြင်းဟာ သင့်အရေပြားကို ပိုဆိုးသွားစေနိုင်ပါတယ်။
အရေပြားကိုစိုစွတ်အောင်ထားပါ

အသားမာတက်ခြင်းဟာ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပွားတာမို့ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်းဟာ အရေးကြီးပါတယ်။ ပထမဆုံးလုပ်သင့်တာကသင့်ခြေဖဝါးကို ရေနွေးနွေးနဲ့ စိမ်ပေးပြီးဆပ်ပြာရေနဲ့ ဆေးကြောပေးဖို့ပါပဲ။ ရေအစားchamomile လက်ဖက်ရည်ကိုသုံးခြင်းဟာ အရေပြားရဲ့ အက်ဆစ်ဓာတ်ပြောင်းလဲမှုကိုခဏတာမျှ ပြောင်းလဲစေပါတယ်။ ပြီးရင် ဆပ်ပြာနဲ့ ရေကိုသုံးပြီးဆေးကြောနိုင်ပါတယ်။ နောက်တဆင့်ကတော့ ခြေဖဝါးကို နူးညံ့နေအောင် အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ပါပဲ။ ရေချိုးပြီး lotion တွေ လိမ်းပေးခြင်းဟာ အထောက်အကူပြုပါတယ်။ အသားမာတက်တဲ့နေရာကို လိမ်းပေးရတဲ့ ခရင်မ်တွေ ရှိပါတယ်။
ထူသောအရေပြားကိုပါးစေခြင်း

အသားမာတက်လို့ ထူနေတဲ့အရေပြားကို ပါးပေးခြင်း ဖြစ်ပါတယ်။ ရေချိုးစဉ်နဲ့ ရေချိုးအပြီးမှာချေးတွန်းကျောက်၊ လက်သည်းတိုက်တံစည်း၊ ရေချိုးအဝတ်စတာတွေနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးရင် မာနေတဲ့အရေပြားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွန်ထက်ပြတ်ရှစေတဲ့အရာကိုမသုံးဖို့ သတိပြုရပါမယ်။ ဆီးချိုရှိရင်တော့ ချေးတွန်းကျောက်ပွတ်ခြင်းဟာ ပိုးဝင်နိုင်တာမို့ အသုံးမပြုသင့်ပါဘူး။
အက်စ်ပရင်သုံးခြင်း

အက်စ်ပရင်ဟာ အသားမာတက်ခြင်းကိုဖြေရှင်းတဲ့ နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ အက်စ်ပရင်ဆေးပြား ၅ပြား၆ပြားခန့်ကို ပန်းသီးရှာလကာရည်၊ ရေတို့နဲ့ ဆတူရောနယ်ပြီးရင် အသားမာတက်တဲ့နေရာကို ပွတ်ပေးရပါမယ်။ အာနိသင်ရှိအောင် ဆေးလိမ်းပြီး ၁၀မိနစ်အတွင်း ပတ်တီးစည်းထားပေးရပါမယ်။ ချေးတွန်းကျောက်နဲ့ တိုက်လို့ကွာလာနိုင်တဲ့ အထိလိမ်းပေးရပါမယ်။ အက်စ်ပရင် ဓာတ်မတည့်ခြင်းရှိရင်တော့ မသုံးသင့်ပါဘူး။

အသားမာတက်ခြင်းကိုအိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေနဲ့ သိပ်မရင်းနှီးရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။သင့်အသားမာတွေဟာမခွဲတဲ့နည်းနဲ့ ပျောက်ဖို့ခဲယဉ်းမယ်ဆိုရင် ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top