စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

မေကြးတုိင္းေဒသႀကီး မေကြးျမိဳ႕အေရွ႕ေျမာက္ မုိင္ ( ၃၀ )ခန္႔အကြာတြင္ မေကြး နတ္ေမာက္ ေရနံေခ်ာင္းဟူေသာျမိဳ႕သုံးျမိဳ႕တုိ႔၏အလယ္( ဖုိခေနာင့္ဆုိင္)ထူးထူးဆန္းဆန္း ရြာတည္ထားေသာ ရြာေလးတစ္ရြာရွိ၏ အိမ္ေျခ ၁၈၀ ခန္႔ရွိေသာထုိရြာေလးကား ” သက္ရင္းေတာရြာေလးပင္”ျဖစ္၏ရြာ၏အေရွ႕ေတာင္ဘက္မနီးမေဝးတြင္ကား အေလာင္းစည္သူမင္းႀကီးတည္ထားခဲ႔ေသာ သမုိင္းဝင္ဆုေတာင္းျပည့္” သက္ေတာ္ရွည္သုိက္ဘုန္း”ဘုရားႀကီးသပၸါယ္စြာတည္တည္ရွိေလ၏ရြာ၏ေတာင္ဘက္တြင္ ေစတီမ်ား အရိပ္အာဝါသ ေကာင္းလွေသာ မန္းက်ည္းပင္ႀကီးမ်ားႏွင့္ သာယာသပ္ရပ္စြာ ထုိရြာသူ/ရြာသားတုိ႔၏ သဒၶါတရားကုိ ထင္ဟပ္ျပသေနေသာ သက္ရင္းေတာေက်ာင္းတုိက္ႀကီး ထီးထီးမားမားတည္ရွိေလသည္။

ရပ္ရြာမ်ား၌ ကုိရင္ငယ္ေလးမ်ားရွားပါးခ်ိန္တြင္ ပင္ထုိေက်ာင္းတုိက္ႀကီးမွာေတာ့ႏွစ္ေတြ ဘယ္လုိေဟာင္းေဟာင္း ရာသီေတြ ဘယ္လုိေျပာင္းေျပာင္း ကုိရင္ေလးမ်ားအပါး ၂၀ / ၂၅ ပါးေလာက္ကေတာ့ အျမဲသီးတင္းသုံးကာ ပညာသင္ေလ့ရွိ၏ေရွ႕ေခတ္ဘုန္းႀကီးေက်ာင္းပညာေရးစနစ္၏ေကာင္းေမြမ်ားပင္ျဖစ္၏ သက္ရင္း ေတာေက်ာင္းတုိက္ႀကီး၏ ပဓာနနာယကဆရာေတာ္ႀကီးကေတာ့ သက္ေတာ္ ၇၅ ဝါေတာ္ ၅၅ ဝါရွိ ဘဒၵႏၲဥတၱမမဟာေထရ္ဆရာေတာ္ျမတ္ႀကီးျဖစ္၏ဆရာေတာ္ဘုရားႀကီးသည္ သက္ေတာ္ ၂၄ ႏွစ္ခန္႔ေလာက္အရြယ္ထဲကတုိင္ရပ္ရြာသာသနာအတြက္ သည္းခံျခင္း စိတ္ရွည္ျခင္း ဇြဲလုံ႔လရွိျခင္းတုိ႔ျဖင့္ဆင္းရဲခ်ိဳ႕တဲ႔ရွာေသာ ရပ္ရြာသူ/ရပ္ရြာသားတုိ႔၏ ကေလးငယ္မ်ားကုိ အစားလည္းေကြ်း ပညာလည္း ေပးကာ စြမ္းစြမ္းတမံ ယခုအခ်ိန္ထိ သာသနာျပဳေနေသာ ဆရာေတာ္ႀကီးျဖစ္ေလ၏။

သာသနာေတာ္ရဲ႕အေပၚ ဆရာေတာ္ဘုရားႀကီးရဲ႕ခံယူခ်က္ ရပ္ရြာနဲ႔တပည့္မ်ားအေပၚေစတနာ ေမတၱာႀကီးမားခ်က္ကေတာ့ မုိးေပၚကႀကယ္ေရတြက္မလြယ္ မဟာသမုဒၵရာ နက္ရွိဳင္းသည့္ပမာပင္ ဆရာေတာ္ဘုရားႀကီး၏ သီလဂုဏ္ သမာဓိဂုဏ္ ပညာဂုဏ္တုိ႔ေႀကာင့္ နတ္ျပည္က ပင္လာေရာက္ပင့္ေသာ္လည္း ရပ္ရြာ သာသနာအတြက ္ျငင္းပယ္ေတာ္မွဴ ခဲ႔ေလသည္။

၁၃၇၂ ခု နတ္ေတာ္လ၏ညတစ္ည နံနက္နာရီျပန္ ၂ ခ်က္တီးအခ်ိန္တြင္ဆရာေတာ္ဘုရားသည္ ေခါင္းကုိက္ေဝဒနာခံစားေနရသည္ တပည့္မ်ားကုိမႏွိဳးေတာ့ပဲတစ္ပါးတည္း သည္းခံေတာ္မွဴေနစဥ္ ေက်ာင္း၏ ေျမာက္ဘက္ရွိ ေစတီႏွစ္ဆူေပၚကေနနတ္သားတစ္ပါးသည္ နတ္ပန္းရထားျဖင့္ ဆရာေတာ္ႀကီးကုိ လာေရာက္ပင့္ေဆာင္ေလသည္ သုိ႔ေသာ္ဆရာေတာ္ႀကီးသည္ ေက်ာင္း၏ သာသနိကအေဆာက္အုံမ်ား ေဆာက္လုပ္စရာရွိေသးသည္ဟု ဆုိကာ ျငင္းပယ္ေတာ္မွဴခဲ႔ေလသည္ အံ႔ဖြယ္ ဆရာေတာ္ တစ္ပါးပင္ျဖစ္သည္။

၁၃၈၀ ျပည့္ယခုႏွစ္တြင္လည္း ဆရာေတာ္ဘုရား၏ အံ႔ဘြယ္မွာ ဆရာေတာ္ႀကီးသည္က်မ္းမာေရး မေကာင္းသျဖင့္ရန္ကုန္ျမိဳ႕ရွိ ဆာကူရာေဆးရုံႀကီးတြင္ တက္ေရာက္ကုသ ခံယူေတာ္မွဴစဥ္ ေရာဂါအေျခအေန မသက္သာသျဖင့္ေဆးရုံရွိ ဆရာဝန္ႀကီးမ်ားက လက္ေလ်ာ့ေသာေႀကာင့္ ရြာသုိ႔ပင့္ေဆာင္ခဲ႔ေလသည္ နယုန္လဆန္း ၃ ရက္ ည ၉ နာရီအခ်ိန္ကေန သတိေမ့ေလ်ာ့ေနကာ ေနာက္ေန႔ညေနအထိ သတိမရေတာ့ေသာ ဆရာေတာ္ႀကီးအား အသက္ကယ္ေဆးထုိးကာနယုန္လဆန္း ၄ ရက္ ညေန ၃ နာရီခန္႔တြင္ အေရးေပၚလူနာတင္ကားျဖင့္ ရြာသုိ႔ ပင့္ေဆာင္ခဲ႔ေလသည္ ရြာသုိ႔မေရာက္ခင္ မေကြးျမိဳ႕အထြက္ေလးမွာ သတိျပန္လည္ရေတာ္မွဴျပီး ရြာသုိ႔ေရာက္ေသာအခါ ည ၁၂ နာရီအခ်ိန္တြင္ေက်ာင္းေပၚတြင္ လွည္းဘီးခန္႔ေငြဖလားႀကီးထဲ၌ ဝင္းထိန္ေနေသာ ေရႊပန္းခုိင္ႀကီးသုံးခုိင္ အထပ္လုိက္ စုိက္ထားသည္ကုိ အိမ္မက္ျမင္မက္သည္ဟု မိန္႔ေတာ္မွဴပါသည္။

ဆရာဝန္ႀကီးမ်ား လက္ေလ်ာ့ခဲ႔ေသာ ဆရာေတာ္ႀကီး တပည့္ပရိတ္သတ္မ်ား ဝမ္းနည္းမ်က္ရည ္ေျမခခဲ႔ရေသာဆရာေတာ္ ႀကီးသည္ ယခုအခါမွာေတာ့ အေကာင္းပကတိကဲ႔သုိ႔ အံ႔ဖြယ္က်မ္းမာေတာ္မွဴကာ သာသနာဆက္လက္ ျပဳေတာ္မွဴေနပါသည္။

ဝမ္းနည္းခဲ႔ရေသာ တပည့္မ်ားစြာတုိ႔သည္ ေက်းဇူးရွင္ဆရာေတာ္ဘုရားအား ယခုႏွစ္ ဒီဇင္ဘာ ၂၉ / ၃၀ နတ္ေတာ္လဆန္း ၇ ရက္ ၈ ရက္ေန႔တြင္ကား ေက်းဇူးရွင္ ဆရာေတာ္ဘုရားအား ဝမ္းသာေသာမ်က္ရည္မ်ားျဖင့္ သက္ေတာ္၇၅ ႏွစ္ျပည့္ ေမြးေန႔ စိန္ရတုသဘင္ကုိ ေပ်ာ္ရႊင္စြာ ဆင္ႏႊဲပူေဇာ္ႀကမည္ ျဖစ္ပါသည္။

နတ္ျပည္မ ွပင့္ေဆာင္ေသာ္လည္း ျငင္းပယ္ခဲ႔သည္ဆရာေတာ္ ေသမင္းထံမ ွျပန္ႀကြလာေသာဆရာေတာ္ဘုရားႀကီးအား ဖူးေမွ်ာ္ႀကည္ညဳိရင္း စိန္ရတုပြဲသဘင္တြင္ ေပ်ာ္ရႊင္စြာဆင္ႏႊဲရင္း တတ္အားသမွ် လာေရာက္လွဴဒါန္း ပူေဇာ္ႏုိင္ပါေႀကာင္း အသိေပးရင္း စာစီကာပူေဇာ္၍ ႏွိဳးေဆာ္လုိက္ပါတယ္ ”။

ဆရာေတာ္ဘုရားႀကီး၏ ဂုဏ္ေတာ္မ်ားကုိ အစဥ္ေအာက္ေမ့လွ်က္

တပည့္ – အရွင္နာယက ( ကုကၠိဳစု ) သာသနဓဇဓမၼာစရိယ

ဖိုးသူေတာ္(www.phothutaw.com)
Credit:ပရိယတၱိသာသနပါလဓမၼာစရိယ သက္ရင္းေတာေက်းရြာ သက္ရင္းေတာေက်ာင္းတုိက္

#Unicode Version#
မကွေးတိုင်းဒေသကြီး မကွေးမြို့အရှေ့မြောက် မိုင် ( ၃၀ )ခန့်အကွာတွင် မကွေး နတ်မောက် ရေနံချောင်းဟူသောမြို့သုံးမြို့တို့၏အလယ်( ဖိုခနောင့်ဆိုင်)ထူးထူးဆန်းဆန်း ရွာတည်ထားသော ရွာလေးတစ်ရွာရှိ၏ အိမ်ခြေ ၁၈၀ ခန့်ရှိသောထိုရွာလေးကား ” သက်ရင်းတောရွာလေးပင်”ဖြစ်၏ရွာ၏အရှေ့တောင်ဘက်မနီးမဝေးတွင်ကား အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော သမိုင်းဝင်ဆုတောင်းပြည့်” သက်တော်ရှည်သိုက်ဘုန်း”ဘုရားကြီးသပ္ပါယ်စွာတည်တည်ရှိလေ၏ရွာ၏တောင်ဘက်တွင် စေတီများ အရိပ်အာဝါသ ကောင်းလှသော မန်းကျည်းပင်ကြီးများနှင့် သာယာသပ်ရပ်စွာ ထိုရွာသူ/ရွာသားတို့၏ သဒ္ဓါတရားကို ထင်ဟပ်ပြသနေသော သက်ရင်းတောကျောင်းတိုက်ကြီး ထီးထီးမားမားတည်ရှိလေသည်။

ရပ်ရွာများ၌ ကိုရင်ငယ်လေးများရှားပါးချိန်တွင် ပင်ထိုကျောင်းတိုက်ကြီးမှာတော့နှစ်တွေ ဘယ်လိုဟောင်းဟောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း ကိုရင်လေးများအပါး ၂၀ / ၂၅ ပါးလောက်ကတော့ အမြဲသီးတင်းသုံးကာ ပညာသင်လေ့ရှိ၏ရှေ့ခေတ်ဘုန်းကြီးကျောင်းပညာရေးစနစ်၏ကောင်းမွေများပင်ဖြစ်၏ သက်ရင်း တောကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီးကတော့ သက်တော် ၇၅ ဝါတော် ၅၅ ဝါရှိ ဘဒ္ဒန္တဥတ္တမမဟာထေရ်ဆရာတော်မြတ်ကြီးဖြစ်၏ဆရာတော်ဘုရားကြီးသည် သက်တော် ၂၄ နှစ်ခန့်လောက်အရွယ်ထဲကတိုင်ရပ်ရွာသာသနာအတွက် သည်းခံခြင်း စိတ်ရှည်ခြင်း ဇွဲလုံ့လရှိခြင်းတို့ဖြင့်ဆင်းရဲချို့တဲ့ရှာသော ရပ်ရွာသူ/ရပ်ရွာသားတို့၏ ကလေးငယ်များကို အစားလည်းကျွေး ပညာလည်း ပေးကာ စွမ်းစွမ်းတမံ ယခုအချိန်ထိ သာသနာပြုနေသော ဆရာတော်ကြီးဖြစ်လေ၏။

သာသနာတော်ရဲ့အပေါ် ဆရာတော်ဘုရားကြီးရဲ့ခံယူချက် ရပ်ရွာနဲ့တပည့်များအပေါ်စေတနာ မေတ္တာကြီးမားချက်ကတော့ မိုးပေါ်ကကြယ်ရေတွက်မလွယ် မဟာသမုဒ္ဒရာ နက်ရှိုင်းသည့်ပမာပင် ဆရာတော်ဘုရားကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကြောင့် နတ်ပြည်က ပင်လာရောက်ပင့်သော်လည်း ရပ်ရွာ သာသနာအတွက ်ငြင်းပယ်တော်မှူ ခဲ့လေသည်။

၁၃၇၂ ခု နတ်တော်လ၏ညတစ်ည နံနက်နာရီပြန် ၂ ချက်တီးအချိန်တွင်ဆရာတော်ဘုရားသည် ခေါင်းကိုက်ဝေဒနာခံစားနေရသည် တပည့်များကိုမနှိုးတော့ပဲတစ်ပါးတည်း သည်းခံတော်မှူနေစဉ် ကျောင်း၏ မြောက်ဘက်ရှိ စေတီနှစ်ဆူပေါ်ကနေနတ်သားတစ်ပါးသည် နတ်ပန်းရထားဖြင့် ဆရာတော်ကြီးကို လာရောက်ပင့်ဆောင်လေသည် သို့သော်ဆရာတော်ကြီးသည် ကျောင်း၏ သာသနိကအဆောက်အုံများ ဆောက်လုပ်စရာရှိသေးသည်ဟု ဆိုကာ ငြင်းပယ်တော်မှူခဲ့လေသည် အံ့ဖွယ် ဆရာတော် တစ်ပါးပင်ဖြစ်သည်။

၁၃၈၀ ပြည့်ယခုနှစ်တွင်လည်း ဆရာတော်ဘုရား၏ အံ့ဘွယ်မှာ ဆရာတော်ကြီးသည်ကျမ်းမာရေး မကောင်းသဖြင့်ရန်ကုန်မြို့ရှိ ဆာကူရာဆေးရုံကြီးတွင် တက်ရောက်ကုသ ခံယူတော်မှူစဉ် ရောဂါအခြေအနေ မသက်သာသဖြင့်ဆေးရုံရှိ ဆရာဝန်ကြီးများက လက်လျော့သောကြောင့် ရွာသို့ပင့်ဆောင်ခဲ့လေသည် နယုန်လဆန်း ၃ ရက် ည ၉ နာရီအချိန်ကနေ သတိမေ့လျော့နေကာ နောက်နေ့ညနေအထိ သတိမရတော့သော ဆရာတော်ကြီးအား အသက်ကယ်ဆေးထိုးကာနယုန်လဆန်း ၄ ရက် ညနေ ၃ နာရီခန့်တွင် အရေးပေါ်လူနာတင်ကားဖြင့် ရွာသို့ ပင့်ဆောင်ခဲ့လေသည် ရွာသို့မရောက်ခင် မကွေးမြို့အထွက်လေးမှာ သတိပြန်လည်ရတော်မှူပြီး ရွာသို့ရောက်သောအခါ ည ၁၂ နာရီအချိန်တွင်ကျောင်းပေါ်တွင် လှည်းဘီးခန့်ငွေဖလားကြီးထဲ၌ ဝင်းထိန်နေသော ရွှေပန်းခိုင်ကြီးသုံးခိုင် အထပ်လိုက် စိုက်ထားသည်ကို အိမ်မက်မြင်မက်သည်ဟု မိန့်တော်မှူပါသည်။

ဆရာဝန်ကြီးများ လက်လျော့ခဲ့သော ဆရာတော်ကြီး တပည့်ပရိတ်သတ်များ ဝမ်းနည်းမျက်ရည ်မြေခခဲ့ရသောဆရာတော် ကြီးသည် ယခုအခါမှာတော့ အကောင်းပကတိကဲ့သို့ အံ့ဖွယ်ကျမ်းမာတော်မှူကာ သာသနာဆက်လက် ပြုတော်မှူနေပါသည်။

ဝမ်းနည်းခဲ့ရသော တပည့်များစွာတို့သည် ကျေးဇူးရှင်ဆရာတော်ဘုရားအား ယခုနှစ် ဒီဇင်ဘာ ၂၉ / ၃၀ နတ်တော်လဆန်း ၇ ရက် ၈ ရက်နေ့တွင်ကား ကျေးဇူးရှင် ဆရာတော်ဘုရားအား ဝမ်းသာသောမျက်ရည်များဖြင့် သက်တော်၇၅ နှစ်ပြည့် မွေးနေ့ စိန်ရတုသဘင်ကို ပျော်ရွှင်စွာ ဆင်နွှဲပူဇော်ကြမည် ဖြစ်ပါသည်။

နတ်ပြည်မ ှပင့်ဆောင်သော်လည်း ငြင်းပယ်ခဲ့သည်ဆရာတော် သေမင်းထံမ ှပြန်ကြွလာသောဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုရင်း စိန်ရတုပွဲသဘင်တွင် ပျော်ရွှင်စွာဆင်နွှဲရင်း တတ်အားသမျှ လာရောက်လှူဒါန်း ပူဇော်နိုင်ပါကြောင်း အသိပေးရင်း စာစီကာပူဇော်၍ နှိုးဆော်လိုက်ပါတယ် ”။

ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်များကို အစဉ်အောက်မေ့လျှက်

တပည့် – အရှင်နာယက ( ကုက္ကိုစု ) သာသနဓဇဓမ္မာစရိယ

ဖိုးသူတော်(www.phothutaw.com)
Credit:ပရိယတ္တိသာသနပါလဓမ္မာစရိယ သက်ရင်းတောကျေးရွာ သက်ရင်းတောကျောင်းတိုက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top