ထီေပါက္ဖို႔ဆိုတာ အရမ္းကို ျဖစ္ခဲလွပါတယ္။ လူတိုင္း ကံစမ္းၿပီး ထီထိုးက်ေပမယ့္ တကယ္တမ္း ထီေပါက္ဖို႔က မလြယ္လွပါဘူး။ ေငြကုန္ေၾကးက်ခံၿပီး ထီအမ်ားႀကီးထိုးလည္း ေပါက္ခ်င္မွ ေပါက္သလို တခ်ိဳ႕ဆိုလည္း ထီ လက္မွတ္ (၅)ေစာင္ေလာက္ ထိုးၿပီး ေပါက္သြားတာမ်ိဳးေတြ ရွိပါတယ္။ ထီေပါက္ခဲ့ရင္ေတာင္မွ ရတဲ့ ဆုေၾကး အနည္းအမ်ားကလည္း ကိုယ့္ရဲ႕ ကုသိုလ္ကံနဲ႔ ဆိုင္ပါေသးတယ္။

ထိုင္းႏိုင္ငံက အန္းေသာင္း ျပည္နယ္မွာ ေနထိုင္တဲ့ အသက္(၅၃)ႏွစ္အရြယ္ အမ်ိဳးသမီး ဆူ၀နာ (Suwana) ရဲ႕ ကုသိုလ္ကံကေတာ့ ထူးျခားလြန္းလွပါတယ္။ ဆူ၀နာဟာ (၂၀၁၇)ခုႏွစ္တုန္းက ထီလက္မွတ္တစ္ေစာင္တည္း ထိုးၿပီး မေမွ်ာ္လင့္ပဲနဲ႔ ထီေပါက္ခဲ့ကာ ထိုင္းဘတ္ သန္း(၃၀) (အေမရိကန္ေဒၚလာ ၉ သိန္းခြဲ၀န္းက်င္) ရရွိခဲ့ပါတယ္။ ကုသိုလ္ကံေကာင္းတဲ့ ဆူ၀နာဟာ သူမ ထီေပါက္လို႔ရရွိခဲ့တဲ့ ေငြေတြထဲက ဘတ္(၂)သန္း (အေမရိကန္ေဒၚလာ ၆ ေသာင္း၀န္းက်င္) အကုန္ခံၿပီး ေစတီတစ္ဆူ တည္ခဲ့ပါတယ္။ ဒါ့အျပင္လည္း ထိုင္းႏိုင္ငံ နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြက ေစတီေတြ၊ ဘုရားေတြမွာ အခါအခြင့္သင့္တိုင္း လွဴဒါန္းမွဴေတြ ျပဳလုပ္ခဲ့ပါတယ္။

(၂၀၁၈)ခုႏွစ္ ဒီဇင္ဘာလရဲ႕ ေနာက္ဆံုးအပတ္မွာေတာ့ ဆူ၀နာဟာ ထီထိုးျဖစ္ခဲ့ပါတယ္။ ထီထိုးျဖစ္ခဲ့ပံုကလည္း ထီလက္မွတ္ေရာင္းသမားတစ္ေယာက္ဆီကေန (၂၀၁၉) ဇန္န၀ါရီ(၁)ရက္ေန႔ ထီမဖြင့္ခင္ ေရာင္းဖို႔ က်န္ေနေသးတဲ့ ေနာက္ဆံုး ထီလက္မွတ္ (၇) ေစာင္ကို အားနာနာနဲ႔ ၀ယ္ယူခဲ့တာပါ။

ေစတနာေကာင္းလို႔ ကံအက်ိဳးေပးေကာင္းတ့ဲ ဆူ၀နာဟာ ဒီတစ္ႀကိမ္မွာလည္း ထပ္မံၿပီး ထီေပါက္ခဲ့ပါတယ္။ သူမ ၀ယ္ယူခဲ့တဲ့ လက္မွတ္(၇)ေစာင္ထဲက တစ္ေစာင္ဟာ ထိုင္ဘတ္ (၁၂)သန္း (အေမရိကန္ေဒၚလာ ၄ သိန္း၀န္းက်င္ခန္႔) ေပါက္ခဲ့တာပါ။ ဆူ၀နာကေတာ့ ထီ(၂)ႀကိမ္ ေပါက္ခဲ့ေပမယ့္လည္း ေမာက္မာသြားတာမ်ိဳး၊ မာနႀကီးသြားတာမ်ိဳး မရွိဘဲ တတ္ႏိုင္သေလာက္ အလွဴအတန္းေတြ ထပ္ၿပီးလုပ္ဦးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese Asia

# Unicode Version ျဖင့္ဖတ္ပါ #

ထီပေါက်ဖို့ဆိုတာ အရမ်းကို ဖြစ်ခဲလှပါတယ်။ လူတိုင်း ကံစမ်းပြီး ထီထိုးကျပေမယ့် တကယ်တမ်း ထီပေါက်ဖို့က မလွယ်လှပါဘူး။ ငွေကုန်ကြေးကျခံပြီး ထီအများကြီးထိုးလည်း ပေါက်ချင်မှ ပေါက်သလို တချို့ဆိုလည်း ထီ လက်မှတ် (၅)စောင်လောက် ထိုးပြီး ပေါက်သွားတာမျိုးတွေ ရှိပါတယ်။ ထီပေါက်ခဲ့ရင်တောင်မှ ရတဲ့ ဆုကြေး အနည်းအများကလည်း ကိုယ့်ရဲ့ ကုသိုလ်ကံနဲ့ ဆိုင်ပါသေးတယ်။

ထိုင်းနိုင်ငံက အန်းသောင်း ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၅၃)နှစ်အရွယ် အမျိုးသမီး ဆူဝနာ (Suwana) ရဲ့ ကုသိုလ်ကံကတော့ ထူးခြားလွန်းလှပါတယ်။ ဆူဝနာဟာ (၂၀၁၇)ခုနှစ်တုန်းက ထီလက်မှတ်တစ်စောင်တည်း ထိုးပြီး မမျှော်လင့်ပဲနဲ့ ထီပေါက်ခဲ့ကာ ထိုင်းဘတ် သန်း(၃၀) (အမေရိကန်ဒေါ်လာ ၉ သိန်းခွဲဝန်းကျင်) ရရှိခဲ့ပါတယ်။ ကုသိုလ်ကံကောင်းတဲ့ ဆူဝနာဟာ သူမ ထီပေါက်လို့ရရှိခဲ့တဲ့ ငွေတွေထဲက ဘတ်(၂)သန်း (အမေရိကန်ဒေါ်လာ ၆ သောင်းဝန်းကျင်) အကုန်ခံပြီး စေတီတစ်ဆူ တည်ခဲ့ပါတယ်။ ဒါ့အပြင်လည်း ထိုင်းနိုင်ငံ နဲ့ အိမ်နီးချင်းနိုင်ငံတွေက စေတီတွေ၊ ဘုရားတွေမှာ အခါအခွင့်သင့်တိုင်း လှူဒါန်းမှူတွေ ပြုလုပ်ခဲ့ပါတယ်။

(၂၀၁၈)ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်မှာတော့ ဆူဝနာဟာ ထီထိုးဖြစ်ခဲ့ပါတယ်။ ထီထိုးဖြစ်ခဲ့ပုံကလည်း ထီလက်မှတ်ရောင်းသမားတစ်ယောက်ဆီကနေ (၂၀၁၉) ဇန်နဝါရီ(၁)ရက်နေ့ ထီမဖွင့်ခင် ရောင်းဖို့ ကျန်နေသေးတဲ့ နောက်ဆုံး ထီလက်မှတ် (၇) စောင်ကို အားနာနာနဲ့ ဝယ်ယူခဲ့တာပါ။

စေတနာကောင်းလို့ ကံအကျိုးပေးကောင်းတဲ့ ဆူဝနာဟာ ဒီတစ်ကြိမ်မှာလည်း ထပ်မံပြီး ထီပေါက်ခဲ့ပါတယ်။ သူမ ဝယ်ယူခဲ့တဲ့ လက်မှတ်(၇)စောင်ထဲက တစ်စောင်ဟာ ထိုင်ဘတ် (၁၂)သန်း (အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်ခန့်) ပေါက်ခဲ့တာပါ။ ဆူဝနာကတော့ ထီ(၂)ကြိမ် ပေါက်ခဲ့ပေမယ့်လည်း မောက်မာသွားတာမျိုး၊ မာနကြီးသွားတာမျိုး မရှိဘဲ တတ်နိုင်သလောက် အလှူအတန်းတွေ ထပ်ပြီးလုပ်ဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top