ေဟာလိဝုဒ္႐ုပ္ရွင္ ေလာကအေၾကာင္း ေျပာရင္ မပါမျဖစ္တာကေတာ့ စတန႔္သမားေတြပါ။ မင္းသား မင္းသမီးေတြဟာ မေသခ်ာတဲ့ စတန႔္အခန္းေတြမွာ ကိုယ္တိုင္ သ႐ုပ္ေဆာင္ဖို႔အထိ မစြန႔္စားလိုၾကပါဘူး။ ဒီအတြက္လည္း သူတို႔ကို အျပစ္ေျပာလို႔ မရျပန္ပါဘူး။

သူတို႔ဟာ သူတို႔ရဲ႕ အသက္ရွင္ေနထိုင္မႈကို ေသခ်ာမႈ ရွိေအာင္ေတာ့ စတန္သမားေတြကို သုံးရတာပါပဲ။ စြန႔္စားရတာကို ႀကိဳက္တဲ့ စတန႔္သမားေတြတခ်ိဳ႕ဟာ သ႐ုပ္ေဆာင္ေတြနဲ႔ အႁမႊာေတြလို႔ ထင္ရေလာက္ေအာင္ကို တူတဲ့သူေတြ ရွိေနပါတယ္။

(၁) Margot Robbie နဲ႔ Ingrid Kleinig (Suicide Squad)


Margot ကို ခပ္ၾကမ္းၾကမ္းဇာတ္႐ုပ္ေတြမွာ သ႐ုပ္ေဆာင္တဲ့ မင္းသမီးလို႔ ပရိသတ္ေတြက တင္စားၾကပါတယ္။ သူမရဲ႕ စတန႔္သမားျဖစ္တဲ့ Ingrid ကလည္း သူမကို အရွိန္ျမင့္ေပးတဲ့ သူတေယာက္လို႔ ဆိုႏိုင္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ႐ုပ္ရည္နဲ႔ ခႏၶာကိုယ္ဖြဲ႕စည္းပုံျခင္းလည္း ေတာ္ေတာ္ေလး တူတဲ့သူႏွစ္ဦး ျဖစ္ပါတယ္။

(၂) Chris Hemsworth နဲ႔ Bobby Holland Hanton (Thor)


မင္းသား Chris Hemsworth နဲ႔ တူဖို႔ဆိုတာ ေတာ္ေတာ္မျဖစ္ႏိုင္တဲ့ ကိစၥပါ။ ဒါေပမဲ့ စတန႔္သမားျဖစ္တဲ့ Bobby ကေတာ့ Chris Hemsworth နဲ႔ ခႏၶာကိုယ္ဖြဲ႕စည္းပုံျခင္း အရမ္းတူတဲ့ သူျဖစ္ပါတယ္။ စတန႔္သမား Bobby က “Chris က အစကတည္းက ခႏၶာကိုယ္ႀကီးတဲ့သူေလ။ က်ေနာ္က သူ႔ကို မီေအာင္ တေန႔ကို ႏွစ္ေခါက္ ေလ့က်င့္ေရးဆင္း ရတယ္” လို႔ ဆိုပါတယ္။

(၃) Dwayne Johnson နဲ႔ Tanoai Reed (Faster)


The Rock လို႔ လူသိမ်ားတဲ့ နဘန္းသမားႀကီးမွာ ဘာလို႔ စတန႔္သမားရွိေနတာလဲလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။ ဒါေပမဲ့ ဒီစတန႔္သမားဟာ The Rock ရဲ႕ စတန႔္သမားအျဖစ္ သ႐ုပ္ေဆာင္ေပးတာ ၁၆ ႏွစ္ေက်ာ္ခဲ့ပါၿပီ။ သူတို႔ ႏွစ္ဦးဟာ လုပ္ေဖာ္ကိုင္ဖက္ ဆိုတာထက္ ညီအစ္ကိုေတြလိုေတာင္ ျဖစ္ေနၿပီလို႔ The Rock က ဆိုပါတယ္။ မၾကာေသးခင္ကလည္း The Rock က သူ႔ရဲ႕ စတန႔္သမားကို ကားတစီး လက္ေဆာင္ဝယ္ေပးခဲ့ပါေသးတယ္။

(၄) Gal Gadot နဲ႔ Caitlin Dechelle (Wonder Woman)


Wonder Woman ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Gal Gadot ဟာ ကိုယ္တိုင္လည္း ကိုယ္ခံပညာကို ကြၽမ္းက်င္သူ ျဖစ္ပါတယ္။ ဒါေပမဲ့ သူမရဲ႕ စတန႔္သမားနဲ႔ သူမဟာ ပိုၿပီး ျပည့္စုံတဲ့ တိုက္ခိုက္ခန္းေတြကို သ႐ုပ္ေဆာင္တဲ့ ေနရာမွာ အတြဲညီလြန္းလွတယ္လို႔ လူတိုင္းက ခ်ီးမြမ္းေလ့ ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ဟောလိဝုဒ်ရုပ်ရှင် လောကအကြောင်း ပြောရင် မပါမဖြစ်တာကတော့ စတန့်သမားတွေပါ။ မင်းသား မင်းသမီးတွေဟာ မသေချာတဲ့ စတန့်အခန်းတွေမှာ ကိုယ်တိုင် သရုပ်ဆောင်ဖို့အထိ မစွန့်စားလိုကြပါဘူး။ ဒီအတွက်လည်း သူတို့ကို အပြစ်ပြောလို့ မရပြန်ပါဘူး။

သူတို့ဟာ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုကို သေချာမှု ရှိအောင်တော့ စတန်သမားတွေကို သုံးရတာပါပဲ။ စွန့်စားရတာကို ကြိုက်တဲ့ စတန့်သမားတွေတချို့ဟာ သရုပ်ဆောင်တွေနဲ့ အမြွှာတွေလို့ ထင်ရလောက်အောင်ကို တူတဲ့သူတွေ ရှိနေပါတယ်။

(၁) Margot Robbie နဲ့ Ingrid Kleinig (Suicide Squad)

Margot ကို ခပ်ကြမ်းကြမ်းဇာတ်ရုပ်တွေမှာ သရုပ်ဆောင်တဲ့ မင်းသမီးလို့ ပရိသတ်တွေက တင်စားကြပါတယ်။ သူမရဲ့ စတန့်သမားဖြစ်တဲ့ Ingrid ကလည်း သူမကို အရှိန်မြင့်ပေးတဲ့ သူတယောက်လို့ ဆိုနိုင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်းလည်း တော်တော်လေး တူတဲ့သူနှစ်ဦး ဖြစ်ပါတယ်။

(၂) Chris Hemsworth နဲ့ Bobby Holland Hanton (Thor)


မင်းသား Chris Hemsworth နဲ့ တူဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ စတန့်သမားဖြစ်တဲ့ Bobby ကတော့ Chris Hemsworth နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်း အရမ်းတူတဲ့ သူဖြစ်ပါတယ်။ စတန့်သမား Bobby က “Chris က အစကတည်းက ခန္ဓာကိုယ်ကြီးတဲ့သူလေ။ ကျနော်က သူ့ကို မီအောင် တနေ့ကို နှစ်ခေါက် လေ့ကျင့်ရေးဆင်း ရတယ်” လို့ ဆိုပါတယ်။

(၃) Dwayne Johnson နဲ့ Tanoai Reed (Faster)

The Rock လို့ လူသိများတဲ့ နဘန်းသမားကြီးမှာ ဘာလို့ စတန့်သမားရှိနေတာလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမဲ့ ဒီစတန့်သမားဟာ The Rock ရဲ့ စတန့်သမားအဖြစ် သရုပ်ဆောင်ပေးတာ ၁၆ နှစ်ကျော်ခဲ့ပါပြီ။ သူတို့ နှစ်ဦးဟာ လုပ်ဖော်ကိုင်ဖက် ဆိုတာထက် ညီအစ်ကိုတွေလိုတောင် ဖြစ်နေပြီလို့ The Rock က ဆိုပါတယ်။ မကြာသေးခင်ကလည်း The Rock က သူ့ရဲ့ စတန့်သမားကို ကားတစီး လက်ဆောင်ဝယ်ပေးခဲ့ပါသေးတယ်။

(၄) Gal Gadot နဲ့ Caitlin Dechelle (Wonder Woman)

Wonder Woman နေရာမှာ သရုပ်ဆောင်တဲ့ Gal Gadot ဟာ ကိုယ်တိုင်လည်း ကိုယ်ခံပညာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမရဲ့ စတန့်သမားနဲ့ သူမဟာ ပိုပြီး ပြည့်စုံတဲ့ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်တဲ့ နေရာမှာ အတွဲညီလွန်းလှတယ်လို့ လူတိုင်းက ချီးမွမ်းလေ့ ရှိကြပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top