သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

အမိုက္စား ခႏၶာကိုယ္နဲ႔ ပရိသတ္ေတြ အားေပးမႈကို ရရွိထားတဲ့ ေမာ္ဒယ္ စူးရွထက္ကေတာ့ သူ႔အေနနဲ႔ လွခ်င္တာေၾကာင့္ ခြဲစိတ္မႈေတြ လုပ္ထားတယ္လို႔ ဝန္ခံေျပာဆုိခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ကိုေဝဖန္ေနတဲ့ ပရိသတ္အခ်ိဳ႔နဲ႔ Troll ေနၾကတဲ့သူေတြကိုေတာ့ သူ႔အေနနဲ႔ ေျဖရွင္းသြားပါတယ္။ စူးရွထက္ကေတာ့ ျပီးခဲ့တဲ့ ၂၀၁၈က အဆိုေတာ္ အစၥဏီနဲ႔ ျဖစ္ထားတဲ့ အၽမႈကိစၥေတြေၾကာင့္လည္း လူေတြရဲ့ အာရံုစိုက္ျခင္းကို ပိုျပီးေတာ့ ခံလာရတာလည္း ျဖစ္ပါတယ္။

စူးရွထက္ကေတာ့ MC7 နဲ႔ အင္တာဗ်ဴးမွာေတာ့ “အႏုပညာအလုပ္လုပ္တယ္ဆိုတာကေတာ့ ပရိသတ္ေတြဆိုတာ ေဝဖန္မွာပဲ။ ၾကိဳက္တဲ့သူရွိတယ္။ ခ်စ္တဲ့သူရွိတယ္။ မုန္းတဲ့သူရွိတယ္။ ဒါကိုကိုယ္က လုိက္ျပီးေတာ့ ခံစားေနလို႔ မျဖစ္ဘူး။ ဒါေၾကာင့္ အႏုပညာအလုပ္လုပ္ေတာ့မယ္ဆို ကိုယ့္ကိုကုိယ္ ယံုၾကည္မႈအျပည့္နဲ႔ ေဝဖန္တာေတြ တိုက္ခိုက္တာေတြ အရာရာ အားလံုးကို လက္ခံႏိုင္ရပါမယ္”

“ညီမပံုေတြတက္လာလို႔ Troll ၾကတယ္ဆိုတာ တေယာက္ထဲ Troll တာ မဟုတ္ဘူးေလ။ လူတိုင္း Troll ၾကတာပဲေလ။ တခါတေလ ကိုယ့္ပံုကို လူေတြတင္ေနတာကေတာ့ မုန္းတယ္လို႔ေတာ့ မထင္ပါဘူး။ ကိုယ့္ေၾကာင့္နဲ႔ လူေတြ ေပ်ာ္ရႊင္ေနတာကိုပဲ စိတ္ခ်မ္းသာပါတယ္”

“ညီမက မလွဘူး။ ညီမျပင္ခ်င္တယ္။ ရင္သားခြဲထားတယ္။ မ်က္ရစ္ခြဲထားတယ္လိ႔ု ေျပာတယ္။ ေနာက္လုပ္မယ့္ဟာေတြကိုလည္း ညီမမလိမ္ပဲနဲ႔ ေျပာမွာပါရွင့္။ ေျပာတာေတြက ေျပာၾကပါေစ။ သူတို႔က ေျပာစရာက ဒါပဲရွိတာကို။ ေနာက္တခါက်ရင္လည္း ေျပာစရာေတြ အမ်ားၾကီးရွိေအာင္ ထပ္လုပ္ေပးဦးမယ္လို႔”

“ညီမတေယာက္ထဲ မဟုတ္ပါဘူး။ အႏုပညာရွင္တိုင္းကို ေျပာေနတာပဲ။ သက္သက္ၾကီး လူတေယာက္က အေကာင့္တုေပါင္း ေသာင္းေျခာက္ေထာင္ေလာက္ ဖြင့္ျပီး ကိုယ့္ကို ထိုင္ဆဲေနတာ။ ဆဲပါေစေပါ့”

“အခုခ်ိန္မွာေတာ့ ကိုယ့္ဘာကိုယ္ေတာ့ သေဘာက်ပါတယ္။ သူမ်ားက်မက်ေတာ့မသိဘူးေပါ့။ တေယာက္နဲ႔တေယာက္ ခံစားခ်က္ျခင္းမတူဘူးေလ။ အႏုပညာလႈပ္ရွားမႈကေတာ့ ဓါတ္ပံုေလးေတြ ရိုက္မယ္။ MTV ေလးေတြရိုက္မယ္။ ဇာတ္လမ္းတိုေလးေတြ ရိုက္ခ်င္ပါတယ္”

“ပရိသတ္ေတြကိုလည္း အျမဲစိတ္ခ်မ္းသာပါေစ။ မိဘကိုလည္း အျမဲတမ္း ေကြ်းႏိုင္ေမြးႏိုင္တဲ့ သားသမီးေတြ ျဖစ္ၾကပါေစလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

အမိုက်စား ခန္ဓာကိုယ်နဲ့ ပရိသတ်တွေ အားပေးမှုကို ရရှိထားတဲ့ မော်ဒယ် စူးရှထက်ကတော့ သူ့အနေနဲ့ လှချင်တာကြောင့် ခွဲစိတ်မှုတွေ လုပ်ထားတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကိုဝေဖန်နေတဲ့ ပရိသတ်အချို့နဲ့ Troll နေကြတဲ့သူတွေကိုတော့ သူ့အနေနဲ့ ဖြေရှင်းသွားပါတယ်။ စူးရှထက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈က အဆိုတော် အစ္စဏီနဲ့ ဖြစ်ထားတဲ့ အျမှုကိစ္စတွေကြောင့်လည်း လူတွေရဲ့ အာရုံစိုက်ခြင်းကို ပိုပြီးတော့ ခံလာရတာလည်း ဖြစ်ပါတယ်။

စူးရှထက်ကတော့ MC7 နဲ့ အင်တာဗျူးမှာတော့ “အနုပညာအလုပ်လုပ်တယ်ဆိုတာကတော့ ပရိသတ်တွေဆိုတာ ဝေဖန်မှာပဲ။ ကြိုက်တဲ့သူရှိတယ်။ ချစ်တဲ့သူရှိတယ်။ မုန်းတဲ့သူရှိတယ်။ ဒါကိုကိုယ်က လိုက်ပြီးတော့ ခံစားနေလို့ မဖြစ်ဘူး။ ဒါကြောင့် အနုပညာအလုပ်လုပ်တော့မယ်ဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝေဖန်တာတွေ တိုက်ခိုက်တာတွေ အရာရာ အားလုံးကို လက်ခံနိုင်ရပါမယ်”

“ညီမပုံတွေတက်လာလို့ Troll ကြတယ်ဆိုတာ တယောက်ထဲ Troll တာ မဟုတ်ဘူးလေ။ လူတိုင်း Troll ကြတာပဲလေ။ တခါတလေ ကိုယ့်ပုံကို လူတွေတင်နေတာကတော့ မုန်းတယ်လို့တော့ မထင်ပါဘူး။ ကိုယ့်ကြောင့်နဲ့ လူတွေ ပျော်ရွှင်နေတာကိုပဲ စိတ်ချမ်းသာပါတယ်”

“ညီမက မလှဘူး။ ညီမပြင်ချင်တယ်။ ရင်သားခွဲထားတယ်။ မျက်ရစ်ခွဲထားတယ်လိ့ု ပြောတယ်။ နောက်လုပ်မယ့်ဟာတွေကိုလည်း ညီမမလိမ်ပဲနဲ့ ပြောမှာပါရှင့်။ ပြောတာတွေက ပြောကြပါစေ။ သူတို့က ပြောစရာက ဒါပဲရှိတာကို။ နောက်တခါကျရင်လည်း ပြောစရာတွေ အများကြီးရှိအောင် ထပ်လုပ်ပေးဦးမယ်လို့”

“ညီမတယောက်ထဲ မဟုတ်ပါဘူး။ အနုပညာရှင်တိုင်းကို ပြောနေတာပဲ။ သက်သက်ကြီး လူတယောက်က အကောင့်တုပေါင်း သောင်းခြောက်ထောင်လောက် ဖွင့်ပြီး ကိုယ့်ကို ထိုင်ဆဲနေတာ။ ဆဲပါစေပေါ့”

“အခုချိန်မှာတော့ ကိုယ့်ဘာကိုယ်တော့ သဘောကျပါတယ်။ သူများကျမကျတော့မသိဘူးပေါ့။ တယောက်နဲ့တယောက် ခံစားချက်ခြင်းမတူဘူးလေ။ အနုပညာလှုပ်ရှားမှုကတော့ ဓါတ်ပုံလေးတွေ ရိုက်မယ်။ MTV လေးတွေရိုက်မယ်။ ဇာတ်လမ်းတိုလေးတွေ ရိုက်ချင်ပါတယ်”

“ပရိသတ်တွေကိုလည်း အမြဲစိတ်ချမ်းသာပါစေ။ မိဘကိုလည်း အမြဲတမ်း ကျွေးနိုင်မွေးနိုင်တဲ့ သားသမီးတွေ ဖြစ်ကြပါစေလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top