အမ်ဳိးသမီးေတြမွာ အျဖစ္အမ်ားဆံုး ကင္ဆာေရာဂါတစ္ခု ျဖစ္တဲ့ ရင္သားကင္ဆာဆိုတာ အင္မတန္ ေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါတစ္ခု ျဖစ္ပါတယ္။ ဒီလုိကင္ဆာေရာဂါကို ေစာေစာစီးစီး သိရွိၿပီး ႀကိဳတင္ကာကြယ္တဲ့ နည္းကေတာ႔ အခုေျပာျပမယ့္ ရင္သားကိုတစ္ခုတည္း ဒါမွမဟုတ္ ႏွစ္ဖက္စလံုးကို ျဖတ္ထုတ္ပစ္တဲ့နည္းပဲ ျဖစ္ပါတယ္။

ရင္သားကိုျဖတ္ထုတ္တယ္ဆိုတာ ရုတ္တရက္ၾကားရရင္ေတာ႔ ေၾကာက္စရာႀကီးလုိ႔ထင္ရေပမဲ့ တကယ္တမ္းေတာ႔ ဒီေလာက္ႀကီးက်ယ္တဲ့ခဲြစိတ္မႈတစ္ခုမဟုတ္ပါဘူး။ ေနာက္ၿပီး ရင္သားကင္ဆာေရာဂါကို တကယ္ ထိထိေရာက္ေရာက္ ကာကြယ္ႏုိင္တဲ့ နည္းတစ္ခုလည္း ျဖစ္တာေၾကာင့္ အမ်ဳိးသမီးတိုင္း ဒီခဲြစိတ္မႈအေၾကာင္းကို သိထားသင့္ပါတယ္။

ဘာေၾကာင့္ ရင္သားကို ျဖတ္ထုတ္ပစ္ရတာလဲ

ကမာၻေက်ာ္ရုပ္ရွင္မင္းသမီး အင္ဂ်လီနာဂ်ဳီလီကို အားလံုး သိၾကမယ္ထင္ပါတယ္။ သူမဟာ ၂၀၁၃ ခုႏွစ္တုန္းက သူမရဲ႕ ရင္သား ႏွစ္ဖက္စလံုးကို ခဲြစိတ္ဖယ္ရွားပစ္ခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူမမွာ နဂိုကတည္းကကို ရင္သားကင္ဆာျဖစ္ေစတဲ့ မ်ဳိးရိုးဗီဇ (BRCA1 gene) ပါ၀င္ေနတာေၾကာင့္ ျဖစ္ပါတယ္။ ေျပာရရင္သူမဟာ ကင္ဆာေရာဂါမျဖစ္ခင္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ရင္သားေတြကို ျဖတ္ထုတ္ပစ္ဖို႔ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ရင္သားကင္ဆာျဖစ္ေနတာကို သိတဲ့အခ်ိန္မွာလည္းကင္ဆာရဲ႕ အဆင့္ေပၚမူတည္ၿပီး ခဲြစိတ္မႈ လုပ္ႏုိင္ပါတယ္။ ဥပမာ အေစာပိုင္း အဆင့္ ၁၊ ၂ ေလာက္ဆို ဒီလုိ ဖယ္ရွားဒါမ်ဳိး လုပ္ေလ့ရွိသလို အဆင့္ ၃ ျဖစ္ေနေပမဲ့ ကင္ဆာဆဲလ္ေတြ သိပ္မပ်ံ႕ေသးဘူးဆိုရင္လည္း လုပ္ႏိုင္ပါတယ္။

ဘာ အႏၱရာယ္ရွိသလဲ

ခဲြစိတ္မႈတိုင္းလိုလုိ ေဘးထြက္ဆိုးက်ဳိးေတာ့ ရွိတာခ်ည္းပါပဲ။ ဒီအေျခအေနမွာဆိုရင္-

    ခဲြစိ္တ္ရင္းေသြးထြက္လြန္တာ
    ပိုး၀င္သြားတာ
    ခဲြစိတ္ၿပီး ေဆးရွိန္ျပယ္တဲ့အခါ နာက်င္လာတာ
    အနာကေရာင္ရမ္းလာတာ
    ခဲြၿပီးတဲ့ေနရာမွာ အမာရြတ္က်န္ခဲ့တာ စတာေတြ ျဖစ္ႏုိင္ပါတယ္။

ခဲြစိတ္မႈဘယ္ႏွမ်ဳိး ရွိသလဲ

အဓိက ၃ မ်ဳိးရွိပါတယ္၊

    ရင္သားတစ္ခုလံုးကို ျဖတ္ထုတ္၊ ဖယ္ထုတ္ပစ္တဲ့ခဲြစိတ္နည္းရွိတယ္၊ ရင္သားကအဆီ၊ သားျမတ္အိမ္၊ ေခါင္း အကုန္ဖယ္ရွားပါတယ္။
    ရင္သားရဲ႕အဆီ၊ သားျမတ္အိမ္၊ ေခါင္းေတြအကုန္ဖယ္ေပမဲ့ ရင္သားရဲ႕ အေပၚယံ အေရျပားကို ခ်န္ခ့ဲတဲ့ ခဲြစိတ္နည္းရွိမယ္။ သို႔ေပမဲ့ ဒီနည္းက ကင္ဆာက်ိတ္ေတြအရမ္းႀကီးေနရင္ မသင့္ေတာ္ပါဘူး။
    သားျမတ္အိမ္ေခါင္းကိုပဲ ခ်ိန္ခဲ့ၿပီးက်န္တာေတြကို အကုန္ခဲြစိတ္ထုတ္ပစ္တဲ့ ခဲြစိတ္နည္းဆိုၿပီး ရွိပါတယ္။

ခဲြစိတ္မႈ

အရင္ဆံုးလူနာရဲ႕သေဘာကို ေမးပါတယ္။ ရင္သားကို ခဲြစိတ္ျဖတ္ထုတ္ရံုပဲလား၊ ရင္သားကိုၾကည့္လို႔ လွေအာင္ ျပန္တည္ေဆာက္ကုသတဲ့အထိေရာ လုပ္မွာလားဆိုတာေပၚမူတည္ၿပီး ၾကာျမင့္ခ်ိန္ ကြာသြားပါတယ္။ ရင္သားျပန္လည္တည္ေဆာက္တဲ့ ကိစၥမပါဘူး။ ျဖတ္ထုတ္ရံုပဲဆိုရင္ေတာ႔ ေဆးရံုမွာ သိပ္ၾကာၾကာေနရေလ့ မရွိပါဘူး။

ခဲြစိတ္မႈလုပ္ရင္ေတာ႔ ေမ့ေဆးေပးၿပီးလုပ္တာေၾကာင့္ ဘာမွသိလုိက္မွာ မဟုတ္ပါဘူး။ ကင္ဆာျဖစ္ေနသူေတြ ဆုိရင္ေတာ႔ သံသယရွိတဲ့ အစိတ္အပိုင္းေတြ အားလံုးကို ဖယ္ရွားပစ္ရမွာ ျဖစ္ပါတယ္။ ဖယ္ထုတ္လုိက္တဲ့ အစိတ္အပိုင္းေတြကိုလည္း ေရာဂါအေျခအေန သိရဖို႔ ဓာတ္ခဲြခန္းကို နမူနာပို႔ရပါတယ္။ ရင္သား ျပန္လည္တည္ေဆာက္ဖို႔ပါ လုပ္မယ္ဆုိရင္ေတာ႔ ပလတ္စတစ္ ဆာဂ်ရီပါတစ္ခါတည္း တဲြလုပ္ရပါတယ္။ တစ္ခုရွိတာက ကင္ဆာအေျခအေနကို သိပ္စိတ္မခ်ရဘူး၊ ခဲြၿပီးရင္ ဓာတ္ကင္တာပါ တစ္ခါတည္းလုပ္ရမယ္ဆုိရင္ေတာ့ ဒီလုိေရာဂါနဲ႔ ပတ္သတ္တာေတြ အားလံုးလုပ္ၿပီးမွ ရင္သား ျပန္လည္တည္ေဆာက္တဲ့ ခဲြစိတ္မႈကို လုပ္ရမွာ ျဖစ္ပါတယ္။

ခဲြစိတ္မႈၿပီးသြားရင္ေတာ႔ လူနာရဲ႕ ေသြးေပါင္ခ်ိန္၊ ေသြးခုန္ႏႈန္း၊ အသက္ရွဴႏႈန္း စတာေတြကို ေသခ်ာေစာင့္ၾကည့္ၿပီး ခဲြစိတ္ထားတဲ့ေနရာကိုလည္း ပတ္တီး မွန္မွန္ လဲေပးရပါတယ္။ ဒီလိုခဲြစိတ္မႈမ်ဳိးေတြက ေဆးရံုသိပ္ၾကာၾကာ တက္ရေလ့မရွိတာေၾကာင့္ ေဆးရံုဆင္းရင္ ကုိယ့္ဖာသာအိမ္မွာ ေစာင့္ၾကည့္ရမယ့္ အခ်က္ေတြကို ေျပာျပတဲ့အခါ ေသခ်ာမွတ္သားထားဖို႔ လိုအပ္ပါတယ္။ ဥပမာ ခဲြထားတဲ့ေနရာက ေရာင္ရမ္းလာလား? ပိုး၀င္ေနသလား? ျပည္တည္ေနသလား? စတာေတြ ၾကည့္ရႈရပါတယ္။

ဒါေတြကေတာ႔ ရင္သားကင္ဆာျဖစ္တဲ့အမ်ဳိးသမီးေတြမွာေရာ အင္ဂ်လီနာဂ်ဳိလီလုိ မျဖစ္ေသးတဲ့ အမ်ဳိးသမီးေတြပါ လုပ္ရေလ့ရွိတဲ့ ရင္သားကိုျဖတ္ထုတ္ပစ္တဲ့ ခဲြစိတ္မႈအေၾကာင္းပဲ ျဖစ္ပါတယ္။ ကင္ဆာေရာဂါျဖစ္ႏုိင္ေျခမ်ားတဲ့ အမ်ဳိးသမီးေတြမွာသာ လုပ္ဖို႔လိုအပ္ႏုိင္တာျဖစ္ၿပီး အမ်ဳိးသမီးတိုင္းလည္း မလိုအပ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္က်န္းမာေရးအတြက္ သိဖုိ႔လိုအပ္တဲ့ ခဲြစိတ္မႈ တစ္ခုျဖစ္တာေၾကာင့္ အခုလို ေဖာ္ျပလိုက္ရပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Barry

# Unicode Version ျဖင့္ ဖတ္ပါ #

အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခု ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အင်မတန် ကြောက်ဖို့ကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီလိုကင်ဆာရောဂါကို စောစောစီးစီး သိရှိပြီး ကြိုတင်ကာကွယ်တဲ့ နည်းကတော့ အခုပြောပြမယ့် ရင်သားကိုတစ်ခုတည်း ဒါမှမဟုတ် နှစ်ဖက်စလုံးကို ဖြတ်ထုတ်ပစ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ရင်သားကိုဖြတ်ထုတ်တယ်ဆိုတာ ရုတ်တရက်ကြားရရင်တော့ ကြောက်စရာကြီးလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ဒီလောက်ကြီးကျယ်တဲ့ခွဲစိတ်မှုတစ်ခုမဟုတ်ပါဘူး။ နောက်ပြီး ရင်သားကင်ဆာရောဂါကို တကယ် ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုလည်း ဖြစ်တာကြောင့် အမျိုးသမီးတိုင်း ဒီခွဲစိတ်မှုအကြောင်းကို သိထားသင့်ပါတယ်။

ဘာကြောင့် ရင်သားကို ဖြတ်ထုတ်ပစ်ရတာလဲ

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျီုလီကို အားလုံး သိကြမယ်ထင်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်တုန်းက သူမရဲ့ ရင်သား နှစ်ဖက်စလုံးကို ခွဲစိတ်ဖယ်ရှားပစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူမမှာ နဂိုကတည်းကကို ရင်သားကင်ဆာဖြစ်စေတဲ့ မျိုးရိုးဗီဇ (BRCA1 gene) ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ပြောရရင်သူမဟာ ကင်ဆာရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရင်သားတွေကို ဖြတ်ထုတ်ပစ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ရင်သားကင်ဆာဖြစ်နေတာကို သိတဲ့အချိန်မှာလည်းကင်ဆာရဲ့ အဆင့်ပေါ်မူတည်ပြီး ခွဲစိတ်မှု လုပ်နိုင်ပါတယ်။ ဥပမာ အစောပိုင်း အဆင့် ၁၊ ၂ လောက်ဆို ဒီလို ဖယ်ရှားဒါမျိုး လုပ်လေ့ရှိသလို အဆင့် ၃ ဖြစ်နေပေမဲ့ ကင်ဆာဆဲလ်တွေ သိပ်မပျံ့သေးဘူးဆိုရင်လည်း လုပ်နိုင်ပါတယ်။

ဘာ အန္တရာယ်ရှိသလဲ

ခွဲစိတ်မှုတိုင်းလိုလို ဘေးထွက်ဆိုးကျိုးတော့ ရှိတာချည်းပါပဲ။ ဒီအခြေအနေမှာဆိုရင်-

    ခွဲစိတ်ရင်းသွေးထွက်လွန်တာ
    ပိုးဝင်သွားတာ
    ခွဲစိတ်ပြီး ဆေးရှိန်ပြယ်တဲ့အခါ နာကျင်လာတာ
    အနာကရောင်ရမ်းလာတာ
    ခွဲပြီးတဲ့နေရာမှာ အမာရွတ်ကျန်ခဲ့တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ခွဲစိတ်မှုဘယ်နှမျိုး ရှိသလဲ

အဓိက ၃ မျိုးရှိပါတယ်၊

    ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်၊ ဖယ်ထုတ်ပစ်တဲ့ခွဲစိတ်နည်းရှိတယ်၊ ရင်သားကအဆီ၊ သားမြတ်အိမ်၊ ခေါင်း အကုန်ဖယ်ရှားပါတယ်။
    ရင်သားရဲ့အဆီ၊ သားမြတ်အိမ်၊ ခေါင်းတွေအကုန်ဖယ်ပေမဲ့ ရင်သားရဲ့ အပေါ်ယံ အရေပြားကို ချန်ခဲ့တဲ့ ခွဲစိတ်နည်းရှိမယ်။ သို့ပေမဲ့ ဒီနည်းက ကင်ဆာကျိတ်တွေအရမ်းကြီးနေရင် မသင့်တော်ပါဘူး။
    သားမြတ်အိမ်ခေါင်းကိုပဲ ချိန်ခဲ့ပြီးကျန်တာတွေကို အကုန်ခွဲစိတ်ထုတ်ပစ်တဲ့ ခွဲစိတ်နည်းဆိုပြီး ရှိပါတယ်။

ခွဲစိတ်မှု

အရင်ဆုံးလူနာရဲ့သဘောကို မေးပါတယ်။ ရင်သားကို ခွဲစိတ်ဖြတ်ထုတ်ရုံပဲလား၊ ရင်သားကိုကြည့်လို့ လှအောင် ပြန်တည်ဆောက်ကုသတဲ့အထိရော လုပ်မှာလားဆိုတာပေါ်မူတည်ပြီး ကြာမြင့်ချိန် ကွာသွားပါတယ်။ ရင်သားပြန်လည်တည်ဆောက်တဲ့ ကိစ္စမပါဘူး။ ဖြတ်ထုတ်ရုံပဲဆိုရင်တော့ ဆေးရုံမှာ သိပ်ကြာကြာနေရလေ့ မရှိပါဘူး။

ခွဲစိတ်မှုလုပ်ရင်တော့ မေ့ဆေးပေးပြီးလုပ်တာကြောင့် ဘာမှသိလိုက်မှာ မဟုတ်ပါဘူး။ ကင်ဆာဖြစ်နေသူတွေ ဆိုရင်တော့ သံသယရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ ဖယ်ထုတ်လိုက်တဲ့ အစိတ်အပိုင်းတွေကိုလည်း ရောဂါအခြေအနေ သိရဖို့ ဓာတ်ခွဲခန်းကို နမူနာပို့ရပါတယ်။ ရင်သား ပြန်လည်တည်ဆောက်ဖို့ပါ လုပ်မယ်ဆိုရင်တော့ ပလတ်စတစ် ဆာဂျရီပါတစ်ခါတည်း တွဲလုပ်ရပါတယ်။ တစ်ခုရှိတာက ကင်ဆာအခြေအနေကို သိပ်စိတ်မချရဘူး၊ ခွဲပြီးရင် ဓာတ်ကင်တာပါ တစ်ခါတည်းလုပ်ရမယ်ဆိုရင်တော့ ဒီလိုရောဂါနဲ့ ပတ်သတ်တာတွေ အားလုံးလုပ်ပြီးမှ ရင်သား ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို လုပ်ရမှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုပြီးသွားရင်တော့ လူနာရဲ့ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း စတာတွေကို သေချာစောင့်ကြည့်ပြီး ခွဲစိတ်ထားတဲ့နေရာကိုလည်း ပတ်တီး မှန်မှန် လဲပေးရပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးတွေက ဆေးရုံသိပ်ကြာကြာ တက်ရလေ့မရှိတာကြောင့် ဆေးရုံဆင်းရင် ကိုယ့်ဖာသာအိမ်မှာ စောင့်ကြည့်ရမယ့် အချက်တွေကို ပြောပြတဲ့အခါ သေချာမှတ်သားထားဖို့ လိုအပ်ပါတယ်။ ဥပမာ ခွဲထားတဲ့နေရာက ရောင်ရမ်းလာလား? ပိုးဝင်နေသလား? ပြည်တည်နေသလား? စတာတွေ ကြည့်ရှုရပါတယ်။

ဒါတွေကတော့ ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီးတွေမှာရော အင်ဂျလီနာဂျိုလီလို မဖြစ်သေးတဲ့ အမျိုးသမီးတွေပါ လုပ်ရလေ့ရှိတဲ့ ရင်သားကိုဖြတ်ထုတ်ပစ်တဲ့ ခွဲစိတ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေမှာသာ လုပ်ဖို့လိုအပ်နိုင်တာဖြစ်ပြီး အမျိုးသမီးတိုင်းလည်း မလိုအပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးအတွက် သိဖို့လိုအပ်တဲ့ ခွဲစိတ်မှု တစ်ခုဖြစ်တာကြောင့် အခုလို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Barry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top