






Credit:The Ladies News

#Unicode Version#
ဆရာမ ၅ ဦးအတွက် တစ်နှစ်စာ ၄၈ သိန်း လှူဒါန်း

သီတဂူဆရာတော်ကြီးသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လုံခင်းကျေးရွာအုပ်စု၊ ကန်ဆီးဟောကျေးရွာတွင် ဆောက်လုပ်လှူဒါန်းထားသော သီတဂူအခြေခံပညာ မူလ တန်းကျောင်းခွဲသို့ ယနေ့ ( ဇန်နဝါရီ ၉ ) နံနက် ၉ နာရီတွင် ရောက်ရှိခဲ့ပြီး ….ကျောင်းသူ/သားများနှင့်ဆရာမများအပါအ ဝင်သာသနာအရေးဆောင်ရွက်နေသူများကိုလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ အလှူများ

(က) ကျောင်းသားတစ်ဦးလျှင် ကျပ်တသိန်းနှင့် စာရေးကရိယာအစုံ၊အင်္ကျီ တစ်ထည်နှင့် မုန့်ပုံးတစ်ပုံး၊

(ခ) ဆရာမငါးဦးအတွက် ထောက်ပံ့ငွေ တစ်နှစ်စာ (၄၈) သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

(ဂ) ကျေးရွာရှိဆရာတော် (၃) ပါးနှင့် ခရစ်ယာန်ဓမ္မဆရာ တစ်ဦးကို ကျပ် ၅ သိန်းနှင့် စောင်တစ်ထည်စီ။

(ဃ) ကျေးရွာစာသင်ကျောင်းကို ကျပ် (၁၀) သိန်း လှူဒါန်းခဲ့ပါသည်။
သတင်းဓာတ်ပုံ- သီတဂူသတင်းအဖွဲ့

ဖိုးသူတော်(www.phothutaw.com)
Credit:The Ladies News
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top