





Credit:burmese.asia

# Unicode Version # ဖြင့် ဖတ်ပါ #

Myanmar Idol season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ သာယာချိုမြတဲ့ အသံလေးကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။ နယ်ပွဲတွေမှာ အဆက်မပြတ် သီချင်းသွားဆိုနေတဲ့ မောင်ချိုက သူမရဲ့အနုပညာကိုပရိသတ်တွေကိုချပြရင်းပျော်နေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ မောင်ချိုရဲ့ ပရိသတ်တွေအတွက် မောင်ချိုလေး ရွဲအဖေ သင်္ဘောပြန်တက်ရမှာမို့လို့ လေဆိပ် လိုက်ပို့တဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲပြီးဆုံးချိန်မှ စပြီး နယ်ပွဲတွေကို သွားရောက် ဖျော်ဖြေနေရတာကြောင့် သူမမှာ အားလပ်ချိန် နည်းပါးခဲ့တာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဖခင် ပြန်ရောက်လာချိန်နဲ့ သူမရဲ့ အားလပ်ချိန်လေး မှာ မိသားစုနဲ့အပျော် ခရီးများထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ချမ်းမြေ့မောင်ချို ရဲ့ ဖခင်က သင်္ဘောပြန်တက်ရတော့မှာကြောင့် မိသားစုလိုက်လေဆိပ်ကို လိုက်ပို့ခဲ့ကြတာပါ။

မိသားစုတွေကို အနမ်းများနဲ့ နှုတ်ဆက်ပြီး လက်ပြနှုတ်ဆက်နေတဲ့ မောင်ချိုတို့မိသားစု ပုံရိပ်ကလေးက ဝမ်းနည်းစရာပါ။

မောင်ချို တို့မိသားစု ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

အဆိုတော် ချမ်းမြေ့မောင်ချို တို့မိသားစုပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top