တကယ္ေတာ့ ေပ်ာ္ရႊင္မႈဆိုတာ စံုတြဲတစ္တဲြအတြက္အေရးပါဆံုး အရာတစ္ခုပါပဲ ။ေပ်ာ္ရႊင္မႈဆိုတာက ရုပ္ရည္ေခ်ာေမာတာထက္ ၊ ပိုက္ဆံခ်မ္းသာတာထက္ ပိုျပီးေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ၾကား ရင္းႏွီးမႈခုိင္ျမဲေစတဲ့ အရာပါ ။ေလ့လာခ်က္အရ တစ္ဦးနဲ႕တစ္ဦး စေနာက္ေလ့ရွိတဲ့ စံုတြဲေတြက အျခားစံုတြဲေတြထက္ပိုမုိခိုင္ျမဲတာကိုေတြ႕ရပါတယ္ ။ ( ႏွစ္ေယာက္စလံုးရယ္ေနသမွ်ကာလပတ္လံုးေပါ့)

စေနာက္တယ္ဆုိတာက တစ္ဦးကို တစ္ဦး ရွံဳ႕ခ်ျပီး ေလွာင္ေျပာင္စေနာက္တာမ်ိဳးကုိေျပာတာမဟုတ္ပါဘူး ။မတ္တပ္ရပ္ေနတုန္း ကလိထိုးလိုက္တာမ်ိဳး ၊ ႏႈတ္ခမ္းေတြ ေပေရ ေနေအာင္ ေရခဲမုန္႕စားတာမ်ိဳး အစရွိတဲ့ ရယ္ျပံဳးစရာအခုိက္အတန္႕ေလးေတြကို ဆုိလုိတာျဖစ္ပါတယ္ ။ဒီအခ်က္ကုိသိရဖုိ႕အတြက္ Kansas တကၠသိုလ္မွ Jeffery Hall ဟာ လူေပါင္း ၁၅၀၀၀ အေပၚ အႏွစ္ ၃၀ ၾကာေလ့လာမႈျပဳလုပ္ခဲ့တာပါ ။

ေပ်ာ္ရႊင္စရာ ဘဝတစ္ခုတည္ေဆာက္ဖုိ႕အတြက္ အေရးပါဆံုးအခ်က္က ေပ်ာ္ေပ်ာ္ေနတတ္ဖုိ႕ဆိုတာကုိ သူေတြ႕ရွိခဲ့ပါတယ္ ။ေနာက္အေရးၾကီးတဲ့တစ္ခ်က္က ကိုယ္စေနာက္လုိက္တဲ့အရာကုိ ကိုယ့္ရဲ႕လက္တြဲေဖာ္ကလည္း ဟာသတစ္ခုလုိ႕ထင္ျပီး ရယ္ေမာဖုိ႕လုိအပ္ပါတယ္ ။ Jeffery Hall ကေတာ့ “ေပ်ာ္ရႊင္မႈေတြ ၊ ရယ္သံေတြကို ေဝမွ်ျခင္းဟာ အခ်စ္ေတြကို ေဝမွ် ျခင္းပါပဲ ။
မ်ားမ်ားရယ္ေမာေလေလ ၊ တစ္ေယာက္နဲ႕တစ္ေယာက္ၾကားက သံေယာဇဥ္ ၾကီးမားလာေလေလပါပဲ” လုိ႕ ေျပာထားပါတယ္ ။

စေနာက္တဲ့ေနရာမွာ စိတ္ဆိုးေအာင္ ၊ ငိုေအာင္ စေနာက္မယ္ဆုိရင္ေတာ့ အက်ိဳးရလဒ္က ေျပာင္းျပန္ျဖစ္သြားႏုိင္ပါတယ္ ။စိတ္ဆိုးေအာင္စမယ္ ၊ ျပီးမွ လိုက္ေခ်ာ့ရတာ ပိုေပ်ာ္ဖုိ႕ေကာင္းတဲ့ဆုိတဲ့ သူေတြရဲ႕ ဆက္ဆံေရးဟာ သိပ္မတည္ျမဲဘူးဆုိတာကိုလည္း မ်က္ျမင္ေတြ႕ဖူးၾကမွာပါ ။တစ္ေယာက္နဲ႕တစ္ေယာက္ ပုိမိုခ်စ္ခင္ေစဖုိ႕ အျပံဳးေလးေတြ ၊ ရယ္သံေလးေတြ ဖန္တီးလိုက္ရေအာင္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News )

# Unicode Version ျဖင့္ ဖတ္ပါ #

တကယ်တော့ ပျော်ရွှင်မှုဆိုတာ စုံတွဲတစ်တွဲအတွက်အရေးပါဆုံး အရာတစ်ခုပါပဲ ။ပျော်ရွှင်မှုဆိုတာက ရုပ်ရည်ချောမောတာထက် ၊ ပိုက်ဆံချမ်းသာတာထက် ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ကြားရင်းနှီးမှုခိုင်မြဲစေတဲ့အရာပါ ။လေ့လာချက်အရ တစ်ဦးနဲ့တစ်ဦး စနောက်လေ့ရှိတဲ့ စုံတွဲတွေက အခြားစုံတွဲတွေထက်ပိုမိုခိုင်မြဲတာကိုတွေ့ရပါတယ် ။ ( နှစ်ယောက်စလုံးရယ်နေသမျှကာလပတ်လုံးပေါ့)

စနောက်တယ်ဆိုတာက တစ်ဦးကို တစ်ဦး ရှုံ့ချပြီး လှောင်ပြောင်စနောက်တာမျိုးကိုပြောတာမဟုတ်ပါဘူး ။မတ်တပ်ရပ်နေတုန်း ကလိထိုးလိုက်တာမျိုး ၊ နှုတ်ခမ်းတွေ ပေရေ နေအောင် ရေခဲမုန့်စားတာမျိုး အစရှိတဲ့ ရယ်ပြုံးစရာအခိုက်အတန့်လေးတွေကို ဆိုလိုတာဖြစ်ပါတယ် ။ဒီအချက်ကိုသိရဖို့အတွက် Kansas တက္ကသိုလ်မှ Jeffery Hall ဟာ လူပေါင်း ၁၅၀၀၀ အပေါ် အနှစ် ၃၀ ကြာလေ့လာမှုပြုလုပ်ခဲ့တာပါ ။

ပျော်ရွှင်စရာ ဘဝတစ်ခုတည်ဆောက်ဖို့အတွက် အရေးပါဆုံးအချက်က ပျော်ပျော်နေတတ်ဖို့ဆိုတာကို သူတွေ့ရှိခဲ့ပါတယ် ။နောက်အရေးကြီးတဲ့တစ်ချက်က ကိုယ်စနောက်လိုက်တဲ့အရာကို ကိုယ့်ရဲ့လက်တွဲဖော်ကလည်း ဟာသတစ်ခုလို့ထင်ပြီး ရယ်မောဖို့လိုအပ်ပါတယ် ။ Jeffery Hall ကတော့ “ပျော်ရွှင်မှုတွေ ၊ ရယ်သံတွေကို ဝေမျှခြင်းဟာ အချစ်တွေကို ဝေမျှ ခြင်းပါပဲ ။
များများရယ်မောလေလေ ၊ တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဉ် ကြီးမားလာလေလေပါပဲ” လို့ ပြောထားပါတယ် ။

စနောက်တဲ့နေရာမှာ စိတ်ဆိုးအောင် ၊ ငိုအောင် စနောက်မယ်ဆိုရင်တော့ အကျိုးရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ် ။စိတ်ဆိုးအောင်စမယ် ၊ ပြီးမှ လိုက်ချော့ရတာ ပိုပျော်ဖို့ကောင်းတဲ့ဆိုတဲ့ သူတွေရဲ့ ဆက်ဆံရေးဟာ သိပ်မတည်မြဲဘူးဆိုတာကိုလည်း မျက်မြင်တွေ့ဖူးကြမှာပါ ။တစ်ယောက်နဲ့တစ်ယောက် ပိုမိုချစ်ခင်စေဖို့ အပြုံးလေးတွေ ၊ ရယ်သံလေးတွေ ဖန်တီးလိုက်ရအောင် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top