စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×
၁။ အဆင့်အတန်းရှိရှိ နေထိုင်တတ်ပါ။
၂။ ယဉ်ကျေးလိမ္မာပြီး ကျေးဇူးတရားသိသူ တစ်ယောက်အဖြစ် ရပ်တည်ပါ။
၃။ ဘာကိုမှ မပြောရသေးခင် အရင်ဆုံး စဉ်းစားတွေးခေါ်ပါ။
၄။ ရုတ်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ မသုံးမိပါစေနဲ့။
၅။ စကပ်အတို ဝတ်ထားတဲ့အချိန်မှာ ခြေထောက်နှစ်ဖက်ကို အမြဲ ယှက်ထိုင်ပါ။
၆။ အစားစားတဲ့အချိန်မှာ အသံမြည်အောင် မစားဘဲ အိနြေ္ဒရရ စားသုံးပါ။
၇။ အများစိတ်ကို ကြည်လင်အေးချမ်းစေမယ့် အပြုံလေးတွေဆင်မြန်းတတ်ပါ။
၈။ သူများအကြောင်း အတင်းပြောဆိုပြီး အချိန်မကုန် ပါစေနဲ့။
၉။ ဘာကိုမှ ဂဂနန မသိဘဲ လူတစ်ယောက်ကို အပြစ်တင်ဝေဖန်တာမျိုး မပြုလုပ်ပါနဲ့။
၁ဝ။ အမြဲ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယဉ်ပါ။
၁၁။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ပါ။ သင်ကမှ တန်ဖိုးမထားဘူးဆို အခြားသူတွေ တန်ဖိုးထားဖို့လည်း မျှော်လင့်မနေပါနဲ့။
၁၂။ မိန်းကလေး အိနြေ္ဒ ထိပါးစေမယ့် သရုပ်ပျက် ဝတ်စားဆင်ယင်မှုမျိုး ရှောင်ကြဉ်ပါ။
၁၃။ ကိုယ့်အဆင်အတန်း၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ထိုက်တန်အောင် နေထိုင်ပါ။ သို့ပေမယ့် မောက်မာတာမျိုးတော့ မဖြစ်ပါစေနဲ့။
၁၄။ သင့်ကို မင်းသမီးလေးလို မဆက်ဆံတဲ့သူအတွက် ဝမ်းနည်းမနေပါနဲ့။ သူဟာ သင့်ရဲ့ မင်းသား မဖြစ်ထိုက်လို့ပါ။
၁၅။ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ပါ။ ဘုရားသခင်ပေးလိုက်တဲ့ တစ်ခုတည်းသော လက်ဆောင်ဖြစ်နေလို့ပါ။
၁၆။ ယောက်ျား တစ်ယောက်အတွက်တော့ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ပြောင်းလဲ မပစ်လိုက်ပါနဲ့။
၁၇။ ကိုယ့်ဘဝကို ဘယ်လိုရှင်သန်နေထိုင်မလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
၁၈။ တစ်ယောက်တည်း ရပ်တည်နေတိုင်း ဝမ်းနည်း အားငယ်နေမယ်လို့ မထင်လိုက်ပါနဲ့။ သူနဲ့ထိုက်တန်တဲ့ လူတစ်ယောက် သူ့ဆီရောက်လာတဲ့အထိ စောင့်နေနိုင်လောက်တဲ့ အထိ ခိုင်မာတာပါ။
၁၉။ အဝတ်အစား ရွေးချယ်တဲ့အခါ ကိုယ့်ကိုယ်ကို စိတ်လုံခြုံစေမယ့် အဝတ်အစားမျိုးတွေကို ရွေး ချယ် ဝတ်ဆင်ပါ။
၂ဝ။ မိမိကိုယ်ကို ယုံကြည်တယ်ဆိုတာ အကောင်းဆုံး အဆင်တန်ဆာ တစ်ခုဖြစ်တာကြောင် အပြင်ထွက်မယ်ဆို အမြဲဆောင်သွားဖို့ မမေ့ပါနဲ့။
၂၁။ ကိုယ်နဲ့ လုံးဝအဆင်မပြေနိုင်တဲ့ ချစ်သူဟောင်းနဲ့ ပြန်တွဲတယ်ဆိုတာ ရေချိုးပြီး သန့်ရှင်းနေတဲ့ ခန္ဓာကိုယ်ကို ဟောင်းနွမ်းညစ်ပတ်နေတဲ့ အဝတ်တွေ ပြန်ဝတ်လိုက်သလိုပါပဲ။
၂၂။ မိတ်ကပ်ဆိုတာ သင့်ရဲ့ နဂိုအလှအပကို ပံ့ပိုးဖို့အတွက်ပဲ ဖြစ်ပါတယ်။ အလွန်အကျွံ ဖြစ်သွားဖို့တော့ မသင့်တော်ပါဘူး။
၂၃။ ကိုယ့်ဘဝကို ယောက်ျားတစ်ယောက်က ထိန်းချုပ်ချယ်လှယ်နေတာမျိုး မဖြစ်ပါစေနဲ့။
၂၄။ အခြားသူတစ်ယောက်ရဲ့ ပရောဂကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်မသွားပါစေနဲ့။
၂၅။ ကိုယ့်အတွက် တာဝန်မကျေတဲ့လူတစ်ယောက်နဲ့ လမ်းခွဲလိုက်ရလို့ ဝမ်းမနည်းပါနဲ့။ သူဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်သေးလို့ပါ။
၂၆။ ကိုယ့်ကို အလေးအနက်မထားတဲ့ သူတစ်ယောက်ကို ကိုယ့်ဘဝရဲ့ အရေးအပါဆုံး နေရာကို မပေးလိုက်ပါနဲ့။
၂၇။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ခြင်းနဲ့၊ ရိုင်းပြတဲ့အမူအယာတွေဟာ သိပ်ကိုကွဲပြားပါတယ်။ အဲဒီနှစ်ခုကို ရောထွေးမသွားပါစေနဲ့။
၂၈။ ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချ ဆက်ဆံပါ။
၂၉။ ပြုခဲ့ဖူးတဲ့ ကျေးဇူးတရာတွေကို အမြဲအောက်မေ့ သတိရပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Gandawin Magazine