iMyanmarHouse.com - Best Property Website for Myanmar
×

 ျမစ္ႀကီးနားၿမိဳ႕နယ္၊ စီတာပူရပ္ကြက္ ျမစ္ႀကီးနားတကၠသိုလ္ဘြဲ႕ႏွင္းသဘင္ခန္းမအနီး၌ ဂတ္စ္အိုးေပါက္ကြဲ၍ အမ်ိဳးသမီး ၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီ ၂ဝရက္ေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕၊ စီတာပူရပ္ကြက္ ျမစ္ႀကီးနားတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ ခန္းမအနီး၌ က်င္းပသည့္ ကေလးစာေပပြဲေတာ္ႏွင့္စာအုပ္အေရာင္းပြဲေတာ္ ဖြင့္ပြဲအခမ္းအနားတြင္ အသုံးျပဳမည့္ မိုးပ်ံပူေပါင္းမ်ားျပဳလုပ္ရန္အတြက္ အသက္ ၄၂ ႏွစ္အ႐ြယ္ရွိေသာ ေဒၚနန္းနန္မွ ဂတ္စ္အခ်ိဳးအစား ေရာစပ္ေနစဥ္ ဂတ္စ္အိုးေပါက္ကြဲခဲ့ျခင္းျဖစ္သည္။
ထို ဂတ္စ္အိုးေပါက္ပြဲကြဲမႈေၾကာင့္ ေဒၚနန္းနန္တြင္ မ်က္ႏွာ၊ ဝမ္းဗိုက္၊ ဝဲလက္ ေကာက္ဝတ္ မီးေလာင္ႏွင့္ ယာလက္ေကာက္ဝတ္ျပတ္ဒဏ္ရာ(စိုးရိမ္ရ)မ်ား ရရွိ၍ ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့သည္။
အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ေဒၚနန္းနန္ကို ျမစ္ႀကီးနားၿမိဳ႕မရဲစခန္း(ပ)၄၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၆/၃၃၈ (ေပါက္ကြဲေစတက္ေသာအရာဝတၱဳႏွင့္ စပ္လ်ဥ္း၍ ေပါ့ေလ်ာ့မႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္ နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္းသိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

 မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက် မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး၌ ဂတ်စ်အိုးပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ဝရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအနီး၌ ကျင်းပသည့် ကလေးစာပေပွဲတော်နှင့်စာအုပ်အရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အသုံးပြုမည့် မိုးပျံပူပေါင်းများပြုလုပ်ရန်အတွက် အသက် ၄၂ နှစ်အရွယ်ရှိသော ဒေါ်နန်းနန်မှ ဂတ်စ်အချိုးအစား ရောစပ်နေစဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထို ဂတ်စ်အိုးပေါက်ပွဲကွဲမှုကြောင့် ဒေါ်နန်းနန်တွင် မျက်နှာ၊ ဝမ်းဗိုက်၊ ဝဲလက် ကောက်ဝတ် မီးလောင်နှင့် ယာလက်ကောက်ဝတ်ပြတ်ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိ၍ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်နန်းနန်ကို မြစ်ကြီးနားမြို့မရဲစခန်း(ပ)၄၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၃၈ (ပေါက်ကွဲစေတက်သောအရာဝတ္တုနှင့် စပ်လျဉ်း၍ ပေါ့လျော့မှု၊ ပေါ့လျော့မှုကြောင့် ပြင်းထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top