ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×





ကိုစောင့်နေပါတယ်။




Credit:bamakhit

#Unicode Version#
ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်းပန်မြို့ အဝတ်အထည်ဆိုင်ပိုင်ရှင် သစ်ချဒါ အသက်၄၂ နှစ်နဲ့နိုင်အနုဝတ် ၄၅ နှစ်တို့ကို ဟာ ဆိုင်ရှေ့မှာ ထိုင်နေကြတဲ့ အချိန်၉မမ အတိုနဲ့ ကျည ်ကုန်ပစ်သတ်ခံခဲ့ရပါတယ်။

အမျိုးသမီးကတော့ နေရာမှာတင် သေနတ်ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပြီး အမျိုးသားအမှာ ဒဏ်ရာပြင်းထန်လို့ဆေးရုံ အရေးပေါ်ဌာနမှာ အသက်လု ကုသနေရပါတယ်။

သေဆုံးသူ အမျိုးသမီး သစ်ချဒါ နဲ့ နိုင်အနုဝတ်ကို ခုလို ပစ်ခတ်ခဲ့သူဟာ ဘယ်မှထွက်ပြေးမသွားပဲ အနီးက ကုန်ဆုံဆိုင်မှာ သွေးအေးအေးနဲ့  ဘီယာသောက် ရင်း သူပစ်ခဲ့တဲ့ သူနှစ်ဦးကို ကြည့်နေပါတယ်။

သေနတ်ကို ကျောက်စားပွဲမှာတင်ပြီး ဘီယာ နှစ်ဘူးသောက်နေတဲ့သူကို အားလုံးက လူသတ်သမားအနား မကပ်ရဲကြပါဘူး၊ တချို့လည်း အဝေးကနေ ဝိုင်းကြည့်နေကြပါတယ်။

ရဲတွေရောက်လာကြပြီ အရေးပေါ် ဆေးရုံကားနဲ့ လူနာတွေတင်တဲ့အထိ လူသတ်သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရဲတွေရောက်အလာ
ကိုစောင့်နေပါတယ်။

လန်းပန်း မြို့က အထက်တန်းပြ ကျောင်းဆရာမ ပဖါး ကြိုင်ဒီ အသက် ၅၅ ရဲ့ အနားကို ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးဝိုင်းထားလိုက်ပါတယ်၊

သူမဟာ ပစ်ခဲ့တဲ့ ၉မမ သေနတ်ကို ရဲတွေကိုအပ်လိုက်ပါတယ်။သေနတ်ပိုင်ရှင်က ဒဏ်ရာရပြီးဆေးရုံပို့လိုက်ရတဲ့ သူမယောက်ကျား မြို့နယ် အုပ်ချုပ်ရေး အရာရှိနိုင်အနုဝတ် ရဲ့သေနတ်ပါ၊

ငယ်လင်ငယ်မယားပေါင်းလာခဲ့ကြတာ မယားငယ်(သေဆုံးသူ) နဲ့တွေ့တော့မှာ တရားဝင် ကွားရှင်းဖို့ တောင်းဆိုလာတယ်တဲ့၊အိမ်ထောင်ရေးဖေါက်ပြန်ရင် ကျောင်းဆရာမကနေ လူသတ်သမားဖြစ်သွားရတဲ့အထိ အပူမီးတွေဟာ ပြင်းလွန်းတယ်နော်….။


ဖိုးသူတော်(www.phothutaw.com)
Credit:bamakhit


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top