ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

က်မကႏိုင္ငံျခားမွာအိမ္ေဖာ္လုပ္ပါတယ္။ တေနကုန္အလုပ္လုပ္ရပါတယ္။ ပင္ပန္းပါတယ္။ တခါတေလႏွိပ္စက္ခံရပါတယ္။ တခါတေလ အဆဲအဆိုခံရပါတယ္။ အခန္႔မသင့္ရင္ အသက္ခံရႏိုင္ပါတယ္။ မုဒိန္းက်င့္ခံရႏိုင္တယ္။ ဒါေပမယ့္ ပိုက္ဆံ ရတယ္ရွင့္ က်မအိမ္ကိုေငြပို႔ႏိုင္တယ္။ က်မပင္ပန္းလည္း က်မဆင္းရဲလည္း က်မငိုေႂကြးေနလည္း က်မညည္းညဴ ေနလည္း က်မအိမ္ကလူေတြထမင္းဝဝစားႏိုင္တယ္။

အိပ္ေရးဝဝအိပ္ႏိုင္တယ္။ ညဘက္တီဗြီၾကည့္ရင္းပန္ကာေလးနဲ႔ ေအးေအးလူလူ ေကာ္ဖီေသာက္ေနႏိုင္တယ္။ က်မေက်နပ္တယ္ သခင္မ်ိဳးေဟ့တို႔ဗမာ ဆိုတဲ့ေဆာင္ပုဒ္ က်မၾကားဖူးတယ္။ က်မျပံဳးမိတယ္.. က်မတို႔ဘဝေတြအတြက္ေတာ့ ေခြးသခင္ ျဖစ္ဖို႔ေတာင္ ေခြးစာမတတ္ႏိုင္လို႔မေမြးႏိုင္ဘူးေလ။ ထားပါ.. ေဆာင္ပုဒ္ေတြေအာက္မွာ က်မအငတ္မခံႏိုင္ဘူး။ က်မ မိသားစုကိုလည္း အငတ္မထားႏိုင္ဘူး။

ဒါေပမယ့္ က်မဒီေဆာင္ပုဒ္ေလးကို အရမ္းပင္ပန္းလာတဲ့ေန႔ေတြမွာ ႏႈတ္က တိုးတိုးေလးရြတ္ဆိုေနတုန္းပဲ။ထုတ္ကုန္ႏွစ္ဆတိုးျမႇင့္ၾက” တဲ့။ သိပ္မွန္တယ္ရွင့္ က်မတို႔ႏိုင္ငံမွာအေပါဆံုး ထုတ္ကုန္ကလူပဲ ကမ႓ာတလႊား ေရာက္ေနတဲ့ က်မတို႔လူမ်ိဳးေတြ သန္းနဲ႔ခ်ီရွိတယ္။ ၾကံဳရာက်ပန္းလုပ္ေနၾကရတာ တခ်ိဳ႕လည္းေငြစုမိတယ္။ တခ်ိဳ႕လည္း အသတ္ခံရတယ္။ တခ်ိဳ႕လည္းဘဝေတြပ်က္ၾကတယ္။

တခ်ိဳ႕လည္းအဆင္ေျပၾကတယ္ သယံဇာတေပါတဲ့ဒို႔ရဲ႕တိုင္းျပည္”တဲ့ က်မျပံဳးမိတယ္။ က်မတို႔ေဒသမွာ ေတာေတြေတာင္ေတြ တြင္းေတြမွ အမ်ားႀကီး ဒါေတြက်မ တို႔မပိုင္ဘူး က်မတို႔နဲ႔မဆိုင္ဘူး။ လူမ်ိဳးျခားေတြနဲ႔သာဆိုင္တယ္။ “တို႔ေျမကိုတစ္လက္မအထိမခံ”ဆိုတဲ့ ေဆာင္ပုဒ္ ေအာက္မွာ လက္မေလာက္ကိုလာမေျပာနဲ႔ မိုင္လိုက္ျခံစည္းရိုးခတ္ၾကၿပီး လံုျခံဳေရးပါခ်ေပးထားတာ က်မတို႔ ေဒသမွာရွိတဲ့အရာေတြနဲ႔ က်မတို႔ေအးေအးေဆးေဆး ထိုင္စားလို႔ရပါလ်က္နဲ႔က်မတို႔ငတ္ေနရတယ္။

မတတ္ႏိုင္ဘူးေလ။ “ျပည္ပအားကိုးပုဆိန္ရိုး”ဆိုေပမယ့္ အားကိုးစရာ ေရာင္းစရာ ဆိုလို႔ ျပည္ပပဲရွိတာကိုး… ျပည္တြင္းမွာ အားကိုးစရာဆိုတာလည္း သူတို႔တသိုက္ပဲရွိတာဆိုေတာ့…..ဆိုေတာ့ေပါ့ေလ…က်မတို႔ေဒသကေန အိမ္ေဖာ္ထြက္လုပ္ၾကတဲ့ အလုပ္ၾကမ္းထြက္လုပ္ၾကတဲ့သူေတြ ေထာင္နဲ႔ခ်ီရွိတယ္ရွင့္ အခ်ိန္တန္ အိမ္ကို ေငြပို႔ၾကတယ္။ အဲဒီေငြနဲ႔က်မတို႔ေဒသအဆင္ေျပၾကတယ္။

ဘာတဲ့ “ျပည့္အင္အားသည္ ျပည္တြင္းမွာသာ ရွိသည္” တဲ့။ က်မတို႔ရြာမွာ ကေလးငယ္ေတြနဲ႔ အဖိုးအဖြားေတြပဲက်န္ခဲ့တယ္။ “လူ႔စြမ္းအားအရင္းအျမစ္”တဲ့ၾကားဖူးတယ္ လုပ္ႏိုင္ ကိုင္ႏိုင္ ေတြးႏိုင္ေခၚႏိုင္တဲ့ အရြယ္ေကာင္းေတြအကုန္အျပင္မွာ က်န္ခဲ့တဲ့လူေတြကလည္း သင္ထားတဲ့ ပညာရပ္ေတြကို ထပ္မံ ေလ့လာၿပီး အျပင္ထြက္ဖို႔ျပင္ေနၾကတာဒုနဲ႔ေဒး။ “ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံေတာ္သစ္ႀကီး” ကိုဘယ္လို တည္ေဆာက္ၾကမလဲရွင့္။

ဒီအဖိုးအဖြားေတြ လူမမည္ကေလးေတြနဲ႔။ရြာလံုးကၽြတ္ထိုင္းမွာအလုပ္သြားလုပ္ၾကတယ္။ ရြာကိုပိုက္ဆံျပန္ပို႔ၿပီး ရြာလံုးကၽြတ္ပဲ ထိုင္းကပစၥည္းေတြ ျပန္ဝယ္သံုး ၾကတယ္။ “ဝင္ေငြလည္ပတ္စီးဆင္းမႈ”တဲ့ သင္ဖူးတယ္။ ဘယ္ကရၿပီး ဘယ္ကို ျပန္လည္ပတ္မွာလဲရွင့္.. က်မလား .. က်မ ဘြဲ႕ရတယ္ရွင့္ ။ “ပညာေရးေဝးသည္မရွိ”ဆိုတဲ့ ေဆာင္ပုဒ္ေအာက္မွာ အေဝးသင္ဘြဲ႕ရခဲ့ပါတယ္။ က်မတို႔လူမ်ိဳးေတြရဲ႕ ထံုးစံအတိုင္းဘြဲ႕ယူၿပီး မိဘေက်းဇူးက်မဆပ္ခဲ့ပါတယ္။

ဘြဲ႕ဓာတ္ပံုလား ရွိတယ္ရွင့္ အိမ္မွာခ်ိတ္ထားတယ္။ က်မလား မရွက္ဖူးရွင့္။ ဆရာဝန္ဘြဲ႕ အင္ဂ်င္နီယာဘြဲ႕ရေတြေတာင္ ဒီမွာအလုပ္မ်ိဳးစံုလုပ္ေနၾကတာပါ။ “ပညာေရးဆိုတာ ျပန္မရတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ”ေပါ့။ သင္ေပးလိုက္ၿပီး အကုန္အျပင္ထြက္ၾကတာ။ သူေျပာတာလည္းမွန္ပါတယ္ က်မလား အမ်ိဳးခ်စ္တာေပါ့ရွင္။ က်မလူမ်ိဳး က်မဘာသာကိုခ်စ္တာေပါ့။ က်မခံယူထားတဲ့မ်ိဳးခ်စ္စိတ္က က်မလူမ်ိဳးေတြ ငတ္ေနတာကိုေကၽြးခ်င္တယ္။

က်မလူမ်ိဳးေတြ ပညာမတတ္ၾကတာကို ပညာသင္ေပးခ်င္တယ္။ မတရားမႈ ေပါင္းစံုကို ခါးစည္းခံေနရတာကို ကယ္တင္ေပးခ်င္တယ္။ အဲ့အတြက္က်မအလုပ္လုပ္တယ္။ မ်ိဳးခ်စ္ဘာသာခ်စ္ဆိုၿပီး သူမ်ား လူမ်ိဳး သူမ်ားဘာသာကို အလကားေနေအာ္ဆဲေနမယ့္အစား က်မ ကၽြန္သြားခံလိုက္တယ္။ ပိုက္ဆံရမွ က်မမိသားစု အဆင္ေျပ မယ္ေလ။ က်မမိသားစုအဆင္ေျပမွ က်မလူမ်ိဳးကို ေထာက္ပံ့လို႔ရမယ္။ ဒါက်မခံယူခ်က္ပဲ။

မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ေရး” ေဆာင္ပုဒ္ေအာက္မွာ အမ်ိဳးေတြ အကုန္လံုး ဘီလီယံနဲ႔ခ်ီ ခ်မ္းသာ သြားၾက တာဘယ္သူေတြလဲ။ က်မလား ႏိုင္ငံေရးေတြဘာေတြသိပ္မသိဘူးရွင့္။ သယံဇာတေတြကာကြယ္ေပးေနတယ္ေျပာၿပီး ေရာင္းေရာင္း စားသြားတာဘယ္သူေတြလည္း သိခ်င္တာ။ ေရာင္းရတဲ့ဟာေတြဘယ္သူေတြရၿပီး ဘာေတြလုပ္ၾကလည္း သိခ်င္တာ။

အမ်ိဳးဘာသာသာသနာလို႔ ဖင္ကုန္းေအာ္ေနၾကၿပီးတျပည္လံုးက တရားဝင္ခြင့္ျပဳခ်က္နဲ႔ ေဆာက္ထားတဲ့ ဘာသာျခားအေဆာက္အအံုေတြကို ဘယ္သူခြင့္ျပဳခဲ့တာလဲ။ လူမ်ိဳးျခားဘာသာျခား ထိပ္ပိုင္းအခ်င္းခ်င္းေတြနဲ႔ေတာ့ သူတို႔ခ်င္း လက္ဝါးရိုက္ေပါင္းစားေနၿပီး ေအာက္ေျခမွာသတ္ျဖတ္ေနၾကတာ ဘာ့ေၾကာင့္လဲ

ၿငိမ္းခ်မ္းေရးဆိုတဲ့ ေဆာင္ပုဒ္အမ်ိဳးမ်ိဳးေတြေအာက္မွာ က်မတသက္မက တိုက္လို႔ခိုက္လို႔မၿပီးႏိုင္ၾကတာ ဘာ့ေၾကာင့္လဲ ေၾကာက္စရာေကာင္းေလာက္ေအာင္ မတရားခ်မ္းသာေနတဲ့လူတစ္စုက ဘယ္လိုခ်မ္းသာလာတာလဲ အေပၚမွာ က်မ ေျပာထားတဲ့ သံုးစားလို႔မရတဲ့ေဆာင္ပုဒ္ေတြကို ဘယ္သူေရးခဲ့တာလဲ။ ဒါေလးပါဘဲ ေျပာရရင္ ေတာ့အမ်ားႀကီးေပါ့ရွင္…..

ေလာေလာဆယ္ေတာ့ က်မအေမေနမေကာင္းဘူးတဲ့။ “စားရိတ္မၽွေပးက်န္းမာေရး”ဆိုတဲ့ေဆးရံုမွာ ေဆးထိုးအပ္ မရွိ ဂြမ္းမရွိလို႔ ၿမိဳ႕ေပၚထိတက္ကုရမွာ က်မပိုက္ဆံပို႔ရဦးမယ္ ဒါေၾကာင့္ က်မ အလုပ္လုပ္လိုက္ဦးမယ္…..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ အဂၤလိပ္ပိုင္း

# Unicode Version ျဖင့္ ဖတ္ပါ #

ကျမကနိုင်ငံခြားမှာအိမ်ဖော်လုပ်ပါတယ်။ တနေကုန်အလုပ်လုပ်ရပါတယ်။ ပင်ပန်းပါတယ်။ တခါတလေနှိပ်စက်ခံရပါတယ်။ တခါတလေ အဆဲအဆိုခံရပါတယ်။ အခန့်မသင့်ရင် အသက်ခံရနိုင်ပါတယ်။ မုဒိန်းကျင့်ခံရနိုင်တယ်။ ဒါပေမယ့် ပိုက်ဆံ ရတယ်ရှင့် ကျမအိမ်ကိုငွေပို့နိုင်တယ်။ ကျမပင်ပန်းလည်း ကျမဆင်းရဲလည်း ကျမငိုကြွေးနေလည်း ကျမညည်းညူ နေလည်း ကျမအိမ်ကလူတွေထမင်းဝဝစားနိုင်တယ်။

အိပ်ရေးဝဝအိပ်နိုင်တယ်။ ညဘက်တီဗွီကြည့်ရင်းပန်ကာလေးနဲ့ အေးအေးလူလူ ကော်ဖီသောက်နေနိုင်တယ်။ ကျမကျေနပ်တယ် သခင်မျိုးဟေ့တို့ဗမာ ဆိုတဲ့ဆောင်ပုဒ် ကျမကြားဖူးတယ်။ ကျမပြုံးမိတယ်.. ကျမတို့ဘဝတွေအတွက်တော့ ခွေးသခင် ဖြစ်ဖို့တောင် ခွေးစာမတတ်နိုင်လို့မမွေးနိုင်ဘူးလေ။ ထားပါ.. ဆောင်ပုဒ်တွေအောက်မှာ ကျမအငတ်မခံနိုင်ဘူး။ ကျမ မိသားစုကိုလည်း အငတ်မထားနိုင်ဘူး။

ဒါပေမယ့် ကျမဒီဆောင်ပုဒ်လေးကို အရမ်းပင်ပန်းလာတဲ့နေ့တွေမှာ နှုတ်က တိုးတိုးလေးရွတ်ဆိုနေတုန်းပဲ။ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ” တဲ့။ သိပ်မှန်တယ်ရှင့် ကျမတို့နိုင်ငံမှာအပေါဆုံး ထုတ်ကုန်ကလူပဲ ကမ္ဘာတလွှား ရောက်နေတဲ့ ကျမတို့လူမျိုးတွေ သန်းနဲ့ချီရှိတယ်။ ကြုံရာကျပန်းလုပ်နေကြရတာ တချို့လည်းငွေစုမိတယ်။ တချို့လည်း အသတ်ခံရတယ်။ တချို့လည်းဘဝတွေပျက်ကြတယ်။

တချို့လည်းအဆင်ပြေကြတယ် သယံဇာတပေါတဲ့ဒို့ရဲ့တိုင်းပြည်”တဲ့ ကျမပြုံးမိတယ်။ ကျမတို့ဒေသမှာ တောတွေတောင်တွေ တွင်းတွေမှ အများကြီး ဒါတွေကျမ တို့မပိုင်ဘူး ကျမတို့နဲ့မဆိုင်ဘူး။ လူမျိုးခြားတွေနဲ့သာဆိုင်တယ်။ “တို့မြေကိုတစ်လက်မအထိမခံ”ဆိုတဲ့ ဆောင်ပုဒ် အောက်မှာ လက်မလောက်ကိုလာမပြောနဲ့ မိုင်လိုက်ခြံစည်းရိုးခတ်ကြပြီး လုံခြုံရေးပါချပေးထားတာ ကျမတို့ ဒေသမှာရှိတဲ့အရာတွေနဲ့ ကျမတို့အေးအေးဆေးဆေး ထိုင်စားလို့ရပါလျက်နဲ့ကျမတို့ငတ်နေရတယ်။

မတတ်နိုင်ဘူးလေ။ “ပြည်ပအားကိုးပုဆိန်ရိုး”ဆိုပေမယ့် အားကိုးစရာ ရောင်းစရာ ဆိုလို့ ပြည်ပပဲရှိတာကိုး… ပြည်တွင်းမှာ အားကိုးစရာဆိုတာလည်း သူတို့တသိုက်ပဲရှိတာဆိုတော့…..ဆိုတော့ပေါ့လေ…ကျမတို့ဒေသကနေ အိမ်ဖော်ထွက်လုပ်ကြတဲ့ အလုပ်ကြမ်းထွက်လုပ်ကြတဲ့သူတွေ ထောင်နဲ့ချီရှိတယ်ရှင့် အချိန်တန် အိမ်ကို ငွေပို့ကြတယ်။ အဲဒီငွေနဲ့ကျမတို့ဒေသအဆင်ပြေကြတယ်။

ဘာတဲ့ “ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” တဲ့။ ကျမတို့ရွာမှာ ကလေးငယ်တွေနဲ့ အဖိုးအဖွားတွေပဲကျန်ခဲ့တယ်။ “လူ့စွမ်းအားအရင်းအမြစ်”တဲ့ကြားဖူးတယ် လုပ်နိုင် ကိုင်နိုင် တွေးနိုင်ခေါ်နိုင်တဲ့ အရွယ်ကောင်းတွေအကုန်အပြင်မှာ ကျန်ခဲ့တဲ့လူတွေကလည်း သင်ထားတဲ့ ပညာရပ်တွေကို ထပ်မံ လေ့လာပြီး အပြင်ထွက်ဖို့ပြင်နေကြတာဒုနဲ့ဒေး။ “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး” ကိုဘယ်လို တည်ဆောက်ကြမလဲရှင့်။

ဒီအဖိုးအဖွားတွေ လူမမည်ကလေးတွေနဲ့။ရွာလုံးကျွတ်ထိုင်းမှာအလုပ်သွားလုပ်ကြတယ်။ ရွာကိုပိုက်ဆံပြန်ပို့ပြီး ရွာလုံးကျွတ်ပဲ ထိုင်းကပစ္စည်းတွေ ပြန်ဝယ်သုံး ကြတယ်။ “ဝင်ငွေလည်ပတ်စီးဆင်းမှု”တဲ့ သင်ဖူးတယ်။ ဘယ်ကရပြီး ဘယ်ကို ပြန်လည်ပတ်မှာလဲရှင့်.. ကျမလား .. ကျမ ဘွဲ့ရတယ်ရှင့် ။ “ပညာရေးဝေးသည်မရှိ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ အဝေးသင်ဘွဲ့ရခဲ့ပါတယ်။ ကျမတို့လူမျိုးတွေရဲ့ ထုံးစံအတိုင်းဘွဲ့ယူပြီး မိဘကျေးဇူးကျမဆပ်ခဲ့ပါတယ်။

ဘွဲ့ဓာတ်ပုံလား ရှိတယ်ရှင့် အိမ်မှာချိတ်ထားတယ်။ ကျမလား မရှက်ဖူးရှင့်။ ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့ရတွေတောင် ဒီမှာအလုပ်မျိုးစုံလုပ်နေကြတာပါ။ “ပညာရေးဆိုတာ ပြန်မရတဲ့ ရင်းနှီးမြှုပ်နှံမှု”ပေါ့။ သင်ပေးလိုက်ပြီး အကုန်အပြင်ထွက်ကြတာ။ သူပြောတာလည်းမှန်ပါတယ် ကျမလား အမျိုးချစ်တာပေါ့ရှင်။ ကျမလူမျိုး ကျမဘာသာကိုချစ်တာပေါ့။ ကျမခံယူထားတဲ့မျိုးချစ်စိတ်က ကျမလူမျိုးတွေ ငတ်နေတာကိုကျွေးချင်တယ်။

ကျမလူမျိုးတွေ ပညာမတတ်ကြတာကို ပညာသင်ပေးချင်တယ်။ မတရားမှု ပေါင်းစုံကို ခါးစည်းခံနေရတာကို ကယ်တင်ပေးချင်တယ်။ အဲ့အတွက်ကျမအလုပ်လုပ်တယ်။ မျိုးချစ်ဘာသာချစ်ဆိုပြီး သူများ လူမျိုး သူများဘာသာကို အလကားနေအော်ဆဲနေမယ့်အစား ကျမ ကျွန်သွားခံလိုက်တယ်။ ပိုက်ဆံရမှ ကျမမိသားစု အဆင်ပြေ မယ်လေ။ ကျမမိသားစုအဆင်ပြေမှ ကျမလူမျိုးကို ထောက်ပံ့လို့ရမယ်။ ဒါကျမခံယူချက်ပဲ။

မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ဆောင်ပုဒ်အောက်မှာ အမျိုးတွေ အကုန်လုံး ဘီလီယံနဲ့ချီ ချမ်းသာ သွားကြ တာဘယ်သူတွေလဲ။ ကျမလား နိုင်ငံရေးတွေဘာတွေသိပ်မသိဘူးရှင့်။ သယံဇာတတွေကာကွယ်ပေးနေတယ်ပြောပြီး ရောင်းရောင်း စားသွားတာဘယ်သူတွေလည်း သိချင်တာ။ ရောင်းရတဲ့ဟာတွေဘယ်သူတွေရပြီး ဘာတွေလုပ်ကြလည်း သိချင်တာ။

အမျိုးဘာသာသာသနာလို့ ဖင်ကုန်းအော်နေကြပြီးတပြည်လုံးက တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်ထားတဲ့ ဘာသာခြားအဆောက်အအုံတွေကို ဘယ်သူခွင့်ပြုခဲ့တာလဲ။ လူမျိုးခြားဘာသာခြား ထိပ်ပိုင်းအချင်းချင်းတွေနဲ့တော့ သူတို့ချင်း လက်ဝါးရိုက်ပေါင်းစားနေပြီး အောက်ခြေမှာသတ်ဖြတ်နေကြတာ ဘာ့ကြောင့်လဲ

ငြိမ်းချမ်းရေးဆိုတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေအောက်မှာ ကျမတသက်မက တိုက်လို့ခိုက်လို့မပြီးနိုင်ကြတာ ဘာ့ကြောင့်လဲ ကြောက်စရာကောင်းလောက်အောင် မတရားချမ်းသာနေတဲ့လူတစ်စုက ဘယ်လိုချမ်းသာလာတာလဲ အပေါ်မှာ ကျမ ပြောထားတဲ့ သုံးစားလို့မရတဲ့ဆောင်ပုဒ်တွေကို ဘယ်သူရေးခဲ့တာလဲ။ ဒါလေးပါဘဲ ပြောရရင် တော့အများကြီးပေါ့ရှင်…..

လောလောဆယ်တော့ ကျမအမေနေမကောင်းဘူးတဲ့။ “စားရိတ်မျှပေးကျန်းမာရေး”ဆိုတဲ့ဆေးရုံမှာ ဆေးထိုးအပ် မရှိ ဂွမ်းမရှိလို့ မြို့ပေါ်ထိတက်ကုရမှာ ကျမပိုက်ဆံပို့ရဦးမယ် ဒါကြောင့် ကျမ အလုပ်လုပ်လိုက်ဦးမယ်…..။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ အင်္ဂလိပ်ပိုင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top