စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

သရုပ္ေဆာင္မင္းရာဇာက ရုိက္ကူးေရးအားတဲ့ အခ်ိန္မွာ မိသားစု၊ ပတ္ဝန္းက်င္ နဲ႔အတူ တရားနာ၊ အလွဴအတန္း ကုသုိလ္ေရး ေတြ ေဆာင္ရြက္ေနတာကုိ ေတြ႔ရပါတယ္။ ဒီ့အတြက္လည္း သူ႔ရဲ႕ ပီတိကုိ အခုလုိ ေျပာျပလာပါတယ္။

''တက္ႏိုင္သေလာက္ေလးလွဴတယ္ တရားေလးနာတယ္ ေပ်ာ္စရာေကာင္းတဲ့စတုဒီသာေလးအားေပးခဲ့တယ္ ။ ရပ္ကြက္​က မိတ္ ေဆြေတြအားလံုးနဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းေတြအားလံုး လိုအင္ဆႏၵေတြျပည့္ဝၾကပါေစဗ်'' ဆုိၿပီးေတာ့ ဇန္နဝါရီလ ၉ ရက္ေန႔ ည ၁၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

သရုပ္ေဆာင္မင္းရာဇာ ရဲ႕ ဇနီးေခ်ာ မဖူးငုံပြင့္ ကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထားရၿပီျဖစ္ပါတယ္။ သူတုိ႔ ဇနီးေမာင္ႏွံအေနနဲ႔ လက္ရွိမွာ ခ်စ္စရာေကာင္းတဲ့ သမီးေလးကုိ ပုိင္ဆုိင္ထားတာျဖစ္ၿပီး ဒုတိယေျမာက္ရင္ေသြးကေတာ့ သားေလး ျဖစ္တဲ့ အေၾကာင္းကုိ ေျပာျပလာပါတယ္။

'' ေညးတို႔ ကိုယ္ေတြက က်ားဆိုမွက်ားဘဲကြ ဟားဟားဟား'' ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ အဲ့ဒီ ေနာက္ ရင္ေသြးေလးရဲ႕ ဓာတ္မွန္ရုိက္ကူးထားတဲ့ ဓာတ္ပုံေတြကုိလည္း ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့ ပါေသးတယ္။ ပထမ သမီးေလး ကေတာ့ အခုဆုိရင္ အသက္ ၄ ႏွစ္ေက်ာ္ၿပီလုိ႔ သိရပါတယ္။

အက္ရွင္မင္းသားေခ်ာ သရုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီးျဖစ္တဲ့ မဖူးငုံပြင့္တုိ႔ရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလး သစ္သစ္ မင္းရာဇာ ကေတာ့ ၾသဂုတ္လ အတြင္းက ၄ ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။ ေမြးေန႔ပြဲကုိေတာ့ သမီးေလးတက္ေရာက္ ပညာ သင္ၾကားေနတဲ့ မူႀကိဳေက်ာင္းမွာပဲ က်င္းပ ျပဳလုပ္ခဲ့တာပါ။

အခုလက္ရွိမွာေတာ့ မင္းရာဇာဟာ မိသားစုကုိ အခ်ိန္ေပးရင္း ျပည္တြင္း၊ ျပည္ပ ခရီးစဥ္ေတြလည္း ထြက္ျဖစ္ေနသလုိ၊ လက္ခံထားတဲ့ ရုပ္ရွင္ ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရတာျဖစ္ပါတယ္။ ဗီဒီယုိဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တဲ့ သရုပ္ေဆာင္ မင္းရာဇာကေတာ့ အခုခ်ိန္မွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun

#Unicode Version#
သရုပ်ဆောင်မင်းရာဇာက ရိုက်ကူးရေးအားတဲ့ အချိန်မှာ မိသားစု၊ ပတ်ဝန်းကျင် နဲ့အတူ တရားနာ၊ အလှူအတန်း ကုသိုလ်ရေး တွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ပီတိကို အခုလို ပြောပြလာပါတယ်။

''တက်နိုင်သလောက်လေးလှူတယ် တရားလေးနာတယ် ပျော်စရာကောင်းတဲ့စတုဒီသာလေးအားပေးခဲ့တယ် ။ ရပ်ကွက်က မိတ် ဆွေတွေအားလုံးနဲ့ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျ'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင်မင်းရာဇာ ရဲ့ ဇနီးချော မဖူးငုံပွင့် ကတော့ ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံအနေနဲ့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးကတော့ သားလေး ဖြစ်တဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ညေးတို့ ကိုယ်တွေက ကျားဆိုမှကျားဘဲကွ ဟားဟားဟား'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ အဲ့ဒီ နောက် ရင်သွေးလေးရဲ့ ဓာတ်မှန်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ ပါသေးတယ်။ ပထမ သမီးလေး ကတော့ အခုဆိုရင် အသက် ၄ နှစ်ကျော်ပြီလို့ သိရပါတယ်။

အက်ရှင်မင်းသားချော သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်တဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ် မင်းရာဇာ ကတော့ သြဂုတ်လ အတွင်းက ၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲကိုတော့ သမီးလေးတက်ရောက် ပညာ သင်ကြားနေတဲ့ မူကြိုကျောင်းမှာပဲ ကျင်းပ ပြုလုပ်ခဲ့တာပါ။

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top