စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ အမ်ိဳးသားတစ္ဦးဟာ အေရးေပၚခြဲစိတ္ကုသမႈခံယူဖို႔အတြက္ ဒိုမီနီကန္သမၼတႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ ဆန္တိုဒိုမင္ဂိုမွာရွိတဲ့ ဖရန္စစ္စကိုေမာ့စကိုဆုိပူရယ္လိုေဆးရံုကို ပို႔ေဆာင္ျခင္းခံခဲဲ့ရပါတယ္။

၎ရဲ႕ဇနီးျဖစ္သူေျပာၾကားခ်က္အရ အမည္မေဖာ္လိုသူအမ်ိဳးသားဟာ ခ်စ္ရည္လူးေနစဥ္အတြင္း ၎ရဲ႕ စအိုအတြင္းကို Air Fresher ဗူးကို ထည့္ေပးဖို႔ ေတာင္းဆုိခဲ့တယ္လုိ႔ သိရပါတယ္။ ခြဲစိတ္ကုသမႈဟာ ၂ နာရီဝန္းက်င္ ၾကာျမင့္ခဲ့ၿပီး ဘာျပႆနာမွမရွိဘဲ ေအာင္ျမင္စြာခြဲစိတ္ကုသႏုိင္ခဲ့တယ္လုိ႔ ေဒသခံမီဒီယာေတြရဲ႕ သတင္းအရ သိရပါတယ္။

ေဆးရံုက ေျပာေရးဆုိခြင့္ရွိသူရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ ခြဲစိတ္ကုသမႈ ျပဳလုပ္ၿပီးေနာက္ ျပန္လည္သက္သာၿပီး တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနၿပီလို႔ သိရပါတယ္။ ယင္းကဲ့သို႔ ျဖစ္စဥ္မ်ိဳးဟာ ထူးဆန္းတဲ့ကိစၥမ်ိဳးမဟုတ္ဘဲ ပံုမွန္အားျဖင့္ လိင္စိတ္ႏိုးၾကြေစတဲ့အရုပ္ေတြအျဖစ္ လိင္အဂၤါအတု နဲ႔ ပုလင္းတို႔ကိုသာ အသံုးျပဳေလ့ရွိတယ္လုိ႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဆရာဝန္တစ္ဦးက ယခုလုိျဖစ္စဥ္မ်ိဳးကို ေယဘုယ်အားျဖင့္ ေျပာျပေလ့မရွိေၾကာင္း ေဒသခံမီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။ အေၾကာင္းကေတာ့ အရွက္ရႏုိင္တာေၾကာင့္ လိင္ပိုင္းဆုိင္ရာနဲ႔ဆက္ႏြယ္တဲ့ ထိခုိက္ဒဏ္ရာရရွိမႈေတြကို လာေရာက္ျပသသူနည္းပါးသြားမွာစိုးတာေၾကာင့္ ျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

လိင္ဆႏၵျပည့္ဝဖို႔အတြက္ အရာဝတၳဳေတြကို ခႏၶာကိုယ္အတြင္း ထည့္သြင္းျခင္းဟာ အႏၱရာယ္ရွိတဲ့အျပဳအမူျဖစ္ၿပီး တစ္စံုတေယာက္ရဲ႕က်န္းမာေရးနဲ႔ ေရရွည္လိင္ဆက္ဆံလိုစိတ္ကို အက်ိဳးသက္ေရာက္မႈရွိေၾကာင္း က်န္းမာေရးအႀကံေပးတစ္ဦးက သတိေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shweinnlay

# Unicode Version ျဖင့္ ဖတ္ပါ #

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦးဟာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့အတွက် ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ မြို့တော် ဆန်တိုဒိုမင်ဂိုမှာရှိတဲ့ ဖရန်စစ်စကိုမော့စကိုဆိုပူရယ်လိုဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

၎င်းရဲ့ဇနီးဖြစ်သူပြောကြားချက်အရ အမည်မဖော်လိုသူအမျိုးသားဟာ ချစ်ရည်လူးနေစဉ်အတွင်း ၎င်းရဲ့ စအိုအတွင်းကို Air Fresher ဗူးကို ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ကုသမှုဟာ ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ဘာပြဿနာမှမရှိဘဲ အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေရဲ့ သတင်းအရ သိရပါတယ်။

ဆေးရုံက ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ကြေညာချက်အရ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ပြန်လည်သက်သာပြီး တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီလို့ သိရပါတယ်။ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးဟာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ဘဲ ပုံမှန်အားဖြင့် လိင်စိတ်နိုးကြွစေတဲ့အရုပ်တွေအဖြစ် လိင်အင်္ဂါအတု နဲ့ ပုလင်းတို့ကိုသာ အသုံးပြုလေ့ရှိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆရာဝန်တစ်ဦးက ယခုလိုဖြစ်စဉ်မျိုးကို ယေဘုယျအားဖြင့် ပြောပြလေ့မရှိကြောင်း ဒေသခံမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ အရှက်ရနိုင်တာကြောင့် လိင်ပိုင်းဆိုင်ရာနဲ့ဆက်နွယ်တဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကို လာရောက်ပြသသူနည်းပါးသွားမှာစိုးတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လိင်ဆန္ဒပြည့်ဝဖို့အတွက် အရာဝတ္ထုတွေကို ခန္ဓာကိုယ်အတွင်း ထည့်သွင်းခြင်းဟာ အန္တရာယ်ရှိတဲ့အပြုအမူဖြစ်ပြီး တစ်စုံတယောက်ရဲ့ကျန်းမာရေးနဲ့ ရေရှည်လိင်ဆက်ဆံလိုစိတ်ကို အကျိုးသက်ရောက်မှုရှိကြောင်း ကျန်းမာရေးအကြံပေးတစ်ဦးက သတိပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shweinnlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top