(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×








Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
ဒီဇင်ဘာလ ၇ ရက်နေ့၊ မနေ့ကပဲ ပိုလန်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးမှာတော့ Miss Golden Land Myanmar အလှမယ် ရွှေအိမ်စည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတစ်ကာက ပြိုင်ဘက်ကောင်းတွေနဲ့ အကြိတ်အနှယ် ယှဉ်ပြိုင်ခဲ့အပြီးမှာတော့ ရွှေအိမ်စည်က Top 25 Finalists တစ်ဦးအနေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပြိုင်ပွဲဝင်နေစဉ်မှာလည်း စိတ်ရော လူပါ ပင်ပန်းနေတဲ့ အိမ်စည်လေးတစ်ယောက် ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာကို ရဲရဲဝံ့ဝံ့ ချပြနိုင်ခဲ့တာကိုပဲ သူမရဲ့ပရိသတ်တွေက ဂုဏ်ယူနေကြတာပါ။

ဒီဇင်ဘာလ ၇ ရက်နေ့ ပိုလန်အချိန် ည ၈ နာရီက ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးကတော့ မြန်မာအချိန်နဲ့ ၆နာရီခန့် နောက်ကျပေမယ့်လည်း အိမ်စည့်ရဲ့ မြန်မာပရိသတ်တွေက မအိပ်မနေနဲ့ကို အားပေးခဲ့ကြတာ တွေ့ရပါတယ်။

သူမရဲ့ နှစ်လိုဖွယ် အပြုံးလေးနဲ့ အကောင်းဆုံးပြိုင်ပွဲဝင်နေတဲ့ ရွှေအိမ်စည်ရဲ့ ပုံရိပ်

ပြိုင်ပွဲဝင်နေစဉ်တစ်လျှောက်မှာလည်း မြန်မာပရိသတ်တွေရဲ့ အားပေးကြမ်းမှုကြောင့် အမြဲထိပ်ဆုံးက ရပ်တည်နေခဲ့တဲ့ ရွှေအိမ်စည်ရဲ့ Final Result က ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။

Miss Supranational 2018ပြိုင်ပွဲကြီးရဲ့ Winner ကတော့ Puerto Rico နိုင်ငံက အလှမယ် Valeria Vazquez Latorreက ဆွတ်ခူးရရှိခဲ့ပါတယ်။

ရွှေအိမ်စည်ကတော့ ပြိုင်ပွဲမတိုင်ခင်မှာ စိတ်ဓာတ်ကျတာတွေ၊ ကျန်းမာရေးအားနည်းတာတွေရှိနေပေမယ့် မြန်မာဆိုတာကို ကမ္ဘာကသိအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း Top 25 နဲ့သာ ကျေနပ်ခဲ့ရပေမယ့် သူမကိုအားပေးကြတဲ့ပရိသတ်တွေရဲ့ရင်ထဲမှာတော့ Winnerတစ်ဦးဖြစ်တာကြောင့် အိမ်စည့်ကို အားပေးစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source;Miss Supranational

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top