ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ကမၻာ့ပထမဆံုး 3D ultrasonic မွန္ျပင္ေအာက္ လက္ေဗြနည္းပညာကို ေနာက္ႏွစ္ကစျပီး စမတ္ဖုန္းေတြမွာ ျမင္ရေတာ့မွာပါ။

ဟာဝိုင္အီမွာ ဒီဇင္ဘာ ၄ ရက္ကေန ၆ ရက္အထိ က်င္းပေနတဲ့ Qualcomm ရဲ့ Snapdragon Tech Summit ပဲြမွာ 3D Sonic Sensor တစ္မ်ိဳးကို မိတ္ဆက္ျပသခဲ့တာ ျဖစ္ပါတယ္။ လက္ရိွ ေစ်းကြက္မွာ ေရာက္ေနတဲ့ မွန္ျပင္ေအာက္ လက္ေဗြစနစ္ေတြဟာ optical sensor လို ့ေခၚတဲ့ အလင္းနဲ ့လက္ေဗြဖတ္တဲ့ နည္းပညာ ျဖစ္လို ့မွန္ျပင္မွာ ေရစိုေနတာမ်ိဳး အေနအထားမွာ လက္ေဗြေကာင္းေကာင္း ဖတ္ႏိုင္မွာ မဟုတ္ပါဘူး။

3D ultrasonic နည္းပညာမွာေတာ့ အသံလိႈင္းကေနတစ္ဆင့္ လက္ေဗြကို ပံုေဖာ္ဖတ္ရႈတာ ျဖစ္လို ့လက္ေဗြတစ္ျပင္လံုးကို ဖတ္ႏိုင္မွာ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ အခ်က္က ultrasonic fingerprint နည္းပညာဟာ လက္မွာ ဆီေတြ ၊ ေရေတြ ေပက်ံေနတာေတာင္ ဖတ္ရႈႏိုင္တာပါ။ Qualcomm ရဲ့ 3D Sonic Sensor ဟာ ကမၻာေပၚမွာ ပထမဆံုး အသံလိႈင္းစနစ္သံုး မွန္ျပင္ေအာက္ လက္ေဗြစနစ္လည္း ျဖစ္ပါတယ္။


"biometric နဲ ့လံုျခံဳေရး နည္းပညာေတြဟာ မိုဘိုင္းလ္ပလက္ေဖာင္းေတြထဲမွာ အလြန္လ်င္ျမန္တဲ့ ႏႈန္းထားနဲ ့ေပါင္းစပ္လာေနပါျပီ။ ဒါဟာ လက္ေဗြနည္းပညာရဲ့ အနာဂါတ္လည္း ျဖစ္ပါတယ္။" လို ့Qualcomm ရဲ့ မိုဘုိင္း နည္းပညာ အၾကီးတန္ ဒုဥကၠဌ အဲလက္ကာေတာက္ဇင္က ဆိုပါတယ္။

ဒီနည္းပညာအတြက္ Qualcomm ဟာ ၃ ႏွစ္ေက်ာ္ၾကာ တီထြင္ၾကံဆခဲ့တာ ျဖစ္ျပီး ဖုန္း screen ေအာက္မွာ ထည့္သြင္းႏိုင္ေအာင္ ဒီဇိုင္းထုတ္လိုက္တာပါ။ မွန္ျပင္ေအာက္ လက္ေဗြနည္းပညာဟာ စမတ္ဖုန္းေလာကမွာ ၂၀၁၈ အတြင္း ေက်ာ္ၾကားလာတဲ့ biometric နည္းပညာသစ္ျဖစ္ျပီး ၂၀၁၉ မွာဆို in-screen fingerprint sensor သံုး စမတ္ဖုန္းအလံုးေရ သန္း ၁၀၀ အထိ ေရာက္လာဖို ့ရိွေနပါတယ္။

ဟာဝိုင္အီမွာ က်င္းပေနတဲ့ နည္းပညာပဲြမွာ Qualcomm ဟာ 5G ဖုန္းေတြမွာ သံုးႏိုင္မယ့္ Snapdragon 855 processor ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ ဒီ 5G ခ်ပ္စ္ဟာ လက္ရိွ 4G ကြန္ရက္ထက္ မိုဘိုင္း ေဒတာျမန္ႏႈန္း အဆ ၅၀ ကေန ၁၀၀ ထိ ျမန္ဆန္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun


#Unicode Version#

ကမ္ဘာ့ပထမဆုံး 3D ultrasonic မှန်ပြင်အောက် လက်ဗွေနည်းပညာကို နောက်နှစ်ကစပြီး စမတ်ဖုန်းတွေမှာ မြင်ရတော့မှာပါ။

ဟာဝိုင်အီမှာ ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပနေတဲ့ Qualcomm ရဲ့ Snapdragon Tech Summit ပွဲမှာ 3D Sonic Sensor တစ်မျိုးကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်မှာ ရောက်နေတဲ့ မှန်ပြင်အောက် လက်ဗွေစနစ်တွေဟာ optical sensor လို့ခေါ်တဲ့ အလင်းနဲ့လက်ဗွေဖတ်တဲ့ နည်းပညာ ဖြစ်လို့မှန်ပြင်မှာ ရေစိုနေတာမျိုး အနေအထားမှာ လက်ဗွေကောင်းကောင်း ဖတ်နိုင်မှာ မဟုတ်ပါဘူး။

3D ultrasonic နည်းပညာမှာတော့ အသံလှိုင်းကနေတစ်ဆင့် လက်ဗွေကို ပုံဖော်ဖတ်ရှုတာ ဖြစ်လို့လက်ဗွေတစ်ပြင်လုံးကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ အချက်က ultrasonic fingerprint နည်းပညာဟာ လက်မှာ ဆီတွေ ၊ ရေတွေ ပေကျံနေတာတောင် ဖတ်ရှုနိုင်တာပါ။ Qualcomm ရဲ့ 3D Sonic Sensor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အသံလှိုင်းစနစ်သုံး မှန်ပြင်အောက် လက်ဗွေစနစ်လည်း ဖြစ်ပါတယ်။

"biometric နဲ့လုံခြုံရေး နည်းပညာတွေဟာ မိုဘိုင်းလ်ပလက်ဖောင်းတွေထဲမှာ အလွန်လျင်မြန်တဲ့ နှုန်းထားနဲ့ပေါင်းစပ်လာနေပါပြီ။ ဒါဟာ လက်ဗွေနည်းပညာရဲ့ အနာဂါတ်လည်း ဖြစ်ပါတယ်။" လို့Qualcomm ရဲ့ မိုဘိုင်း နည်းပညာ အကြီးတန် ဒုဥက္ကဌ အဲလက်ကာတောက်ဇင်က ဆိုပါတယ်။

ဒီနည်းပညာအတွက် Qualcomm ဟာ ၃ နှစ်ကျော်ကြာ တီထွင်ကြံဆခဲ့တာ ဖြစ်ပြီး ဖုန်း screen အောက်မှာ ထည့်သွင်းနိုင်အောင် ဒီဇိုင်းထုတ်လိုက်တာပါ။ မှန်ပြင်အောက် လက်ဗွေနည်းပညာဟာ စမတ်ဖုန်းလောကမှာ ၂၀၁၈ အတွင်း ကျော်ကြားလာတဲ့ biometric နည်းပညာသစ်ဖြစ်ပြီး ၂၀၁၉ မှာဆို in-screen fingerprint sensor သုံး စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ အထိ ရောက်လာဖို့ရှိနေပါတယ်။

ဟာဝိုင်အီမှာ ကျင်းပနေတဲ့ နည်းပညာပွဲမှာ Qualcomm ဟာ 5G ဖုန်းတွေမှာ သုံးနိုင်မယ့် Snapdragon 855 processor ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီ 5G ချပ်စ်ဟာ လက်ရှိ 4G ကွန်ရက်ထက် မိုဘိုင်း ဒေတာမြန်နှုန်း အဆ ၅၀ ကနေ ၁၀၀ ထိ မြန်ဆန်မှာပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top