ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


Palawan ကြၽန္းဟာ ဖိလစ္ပိုင္ႏိုင္ငံထဲမွာပါဝင္ၿပီး ႀကီးမားတဲ့ ကြၽန္းတကြၽန္းျဖစ္ပါတယ္။ ဒီကြၽန္းစုရဲ႕ တဝက္ေလာက္ကေတာ့ သဲေျမေတြျဖစ္ၿပီး ခုထိေတာ့ မဖြံ႕ၿဖိဳးေသးတဲ့ေဒသတခုပါ။ ဒီကြၽန္းကိုသြားမယ္ဆိုရင္ေတာ့ ေတာနက္နက္ႀကီးေတြ ၊ ေတာင္စြယ္ေတာင္ခြၽန္းေတြနဲ႔ အျဖဴေရာင္ကမ္းေျခေတြကို ျမင္ရမွာျဖစ္ပါတယ္။

ဒီကြၽန္းဟာ ၂၀၀၇ ခုႏွစ္က National Geographic Traveler Magazin ကေပးအပ္ခဲ့တဲ့ အေရွ႕ေတာင္အာရွရဲ႕ အလွပဆုံးေနရာဆုကို ရရွိခဲ့ဲၿပီး ကမာၻ႔ ၁၃ ခုေျမာက္ အလွဆုံး ကြၽန္းပဲျဖစ္ပါတယ္။

ဒီကြၽန္းဟာ ကြၽန္းေပါင္း ၁၇၈၀ ရွိတဲ့ archipelago ကြၽန္းဇုံထဲက ကြၽန္းတကြၽန္းပါပဲ။ Palawan ကြၽန္းဟာ ၄၅၀ကီလိုမီတာ ( ၂၈၀မိုင္ ) ရွည္လ်ားၿပီး ၅၀ကီလိုမီတာ ( ၃၁ မိုင္ ) က်ယ္ဝန္းပါတယ္။


လူအမ်ားစုကေတာ့ Palawan ကြၽန္းကို အလည္လာတဲ့အခါ Puerto Princesa ၿမိဳ႕ေတာ္ကေန ေလယာဥ္စီးေလ့ ရွိၾကပါတယ္။ ကမ္းေျခကိုသြားမွာျဖစ္တဲ့အတြက္ လိုအပ္တဲ့အသုံးအေဆာင္ေတြကို Puerto Princesa မွာ တခါတည္း ဝယ္ယူခဲ့ဖို႔ေတာ့ လိုအပ္ပါတယ္။

ဒီကေနထြက္လာခဲ့ၿပီး Palawan ကြၽန္းကိုေရာက္ၿပီဆိုရင္ေတာ့ ATM ကတ္ေတြ ၊ credit card ေတြက အသုံးမဝင္တာ့ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ဒီကြၽန္းမွာက ေငြသားသက္သက္ကိုသာေပးႏိုင္လို႔ပါပဲ။


ဒီကြၽန္းကိုလည္မယ္လို႔ ဆုံးျဖတ္ၿပီးၿပီဆိုရင္ေတာ့ ဖုန္းအားသြင္းဖို႔ power bank ကိုေဆာင္လာတာက ပိုေကာင္းပါ လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ Puerto Princesa အျပင္ဖက္က ေဒသအမ်ားစုဟာ မီးပုံမွန္ရတဲ့ေဒသေတြမဟုတ္လို႔ပါပဲ။

ခရီးသြားေတြဟာ Palawan ကို လည္ပတ္ၿပီးရင္ေတာ့ ေျမာက္ဘက္မွာရွိတဲ့ El Nido ဆီ ခရီးထြက္ေလ့ရွိၾကပါတယ္။ ႏွစ္ရက္ကေန သုံးရက္အထိ ဒီၿမိဳ႕ငယ္ေလးမွာလည္ပတ္ႏိုင္ပါေသးတယ္။ ဒီေဒသမွာဆိုရင္ေတာ့ေဈးေပါၿပီး သြားလာရ လြယ္ကူတဲ့ သုံးဘီးဆိုင္ကယ္ေတြရွိပါတယ္။


အလုပ္သင့္ဆုံးကေတာ့ ေဈးဝယ္ထြက္ဖို႔ပါပဲ။ ခရီးသြားေတြလုပ္ေလ့ရွိတာကေတာ့ ေျမေအာက္ျမစ္ေၾကာင္း ခရီးသြားလမ္းလို႔ ေျပာလို႔ရတဲ့ Sabang ၿမိဳ႕ကေန ေလွစီးၾကတာပါပဲ။

Cabayuganျမစ္ဟာ Saint Paul ေတာင္ေအာက္မွာ ရွိေနတဲ့ျမစ္ျဖစ္ၿပီး ဟက္တာ ၂၂၀၀၀ က်ယ္တဲ့ Puerto Princesa Subterranean ျမစ္ထဲပါဝင္ပါတယ္။ ဂူေအာက္ကေန ေလွစီးၿပီးခရီးသြားႏိုင္တဲ့ Cabayugan ျမစ္က ငါးမိုင္ရွည္လ်ား ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

#Unicode Version#

Palawan ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံထဲမှာပါဝင်ပြီး ကြီးမားတဲ့ ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီကျွန်းစုရဲ့ တဝက်လောက်ကတော့ သဲမြေတွေဖြစ်ပြီး ခုထိတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတခုပါ။ ဒီကျွန်းကိုသွားမယ်ဆိုရင်တော့ တောနက်နက်ကြီးတွေ ၊ တောင်စွယ်တောင်ချွန်းတွေနဲ့ အဖြူရောင်ကမ်းခြေတွေကို မြင်ရမှာဖြစ်ပါတယ်။

ဒီကျွန်းဟာ ၂၀၀၇ ခုနှစ်က National Geographic Traveler Magazin ကပေးအပ်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အလှပဆုံးနေရာဆုကို ရရှိခဲ့ဲပြီး ကမ္ဘာ့ ၁၃ ခုမြောက် အလှဆုံး ကျွန်းပဲဖြစ်ပါတယ်။


ဒီကျွန်းဟာ ကျွန်းပေါင်း ၁၇၈၀ ရှိတဲ့ archipelago ကျွန်းဇုံထဲက ကျွန်းတကျွန်းပါပဲ။ Palawan ကျွန်းဟာ ၄၅၀ကီလိုမီတာ ( ၂၈၀မိုင် ) ရှည်လျားပြီး ၅၀ကီလိုမီတာ ( ၃၁ မိုင် ) ကျယ်ဝန်းပါတယ်။

လူအများစုကတော့ Palawan ကျွန်းကို အလည်လာတဲ့အခါ Puerto Princesa မြို့တော်ကနေ လေယာဉ်စီးလေ့ ရှိကြပါတယ်။ ကမ်းခြေကိုသွားမှာဖြစ်တဲ့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို Puerto Princesa မှာ တခါတည်း ဝယ်ယူခဲ့ဖို့တော့ လိုအပ်ပါတယ်။


ဒီကနေထွက်လာခဲ့ပြီး Palawan ကျွန်းကိုရောက်ပြီဆိုရင်တော့ ATM ကတ်တွေ ၊ credit card တွေက အသုံးမဝင်တာ့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကျွန်းမှာက ငွေသားသက်သက်ကိုသာပေးနိုင်လို့ပါပဲ။

ဒီကျွန်းကိုလည်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဖုန်းအားသွင်းဖို့ power bank ကိုဆောင်လာတာက ပိုကောင်းပါ လိမ့်မယ်။ ဘာလို့လဲဆိုတော့ Puerto Princesa အပြင်ဖက်က ဒေသအများစုဟာ မီးပုံမှန်ရတဲ့ဒေသတွေမဟုတ်လို့ပါပဲ။

ခရီးသွားတွေဟာ Palawan ကို လည်ပတ်ပြီးရင်တော့ မြောက်ဘက်မှာရှိတဲ့ El Nido ဆီ ခရီးထွက်လေ့ရှိကြပါတယ်။ နှစ်ရက်ကနေ သုံးရက်အထိ ဒီမြို့ငယ်လေးမှာလည်ပတ်နိုင်ပါသေးတယ်။ ဒီဒေသမှာဆိုရင်တော့ဈေးပေါပြီး သွားလာရ လွယ်ကူတဲ့ သုံးဘီးဆိုင်ကယ်တွေရှိပါတယ်။

အလုပ်သင့်ဆုံးကတော့ ဈေးဝယ်ထွက်ဖို့ပါပဲ။ ခရီးသွားတွေလုပ်လေ့ရှိတာကတော့ မြေအောက်မြစ်ကြောင်း ခရီးသွားလမ်းလို့ ပြောလို့ရတဲ့ Sabang မြို့ကနေ လှေစီးကြတာပါပဲ။

Cabayuganမြစ်ဟာ Saint Paul တောင်အောက်မှာ ရှိနေတဲ့မြစ်ဖြစ်ပြီး ဟက်တာ ၂၂၀၀၀ ကျယ်တဲ့ Puerto Princesa Subterranean မြစ်ထဲပါဝင်ပါတယ်။ ဂူအောက်ကနေ လှေစီးပြီးခရီးသွားနိုင်တဲ့ Cabayugan မြစ်က ငါးမိုင်ရှည်လျား ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top