ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကခ်င္ေက်ာက္စိမ္းသူေဌး ေဒါက္တာဘန္လြန္ဘြမ္ယြန္ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ
၉ တန္ခြဲရွိတဲ႔ ေက်ာက္စိမ္း (ငုတ္ေက်ာက္) ကို ျမစ္ႀကီးနားၿမိဳ႕လယ္ အထက ၁ နားက Myitkyina City ႀတိဂံအပတ္ လမ္းဆံုမွာ ထားဖို႔ အလွဴေပးလိုက္ျပန္ၿပီတဲ႔။

အဆိုပါေက်ာက္စိမ္းကို သိန္းေထာင္ထပ္ေစ်းေပးခဲ႔ေပမယ့္ ကခ်င္ျပည္နယ္သားေတြဂုဏ္ယူႏိုင္ေအာင္ ၿမိဳ႕လယ္မွာထားရွိဖို႔ ေပးလွဴတာျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိမွာ ေက်ာက္စိမ္းအလွျပင္ျခင္းလုပ္ငန္းမွာ ေဒါက္တာဘြမ္ယြန္ကိုယ္တိုင္ ေရေလာင္း ေရေဆး ျပီး အားတက္တေရာပါဝင္ေနတာကို လမ္းသြားလမ္းလာမ်ားစြာ ေတြ႔ျမင္ေနရပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ၆ တန္ခြဲရွိတဲ႔ ေက်ာက္စိမ္းကိုလည္း ျပည္နယ္အစိုးရထံ ေပးလွဴထားေၾကာင္း ေလဆိပ္မွာထားမလို ၾကားေနရေၾကာင္းပါ။

အင္မတန္မွ ရက္ေရာတဲ႔ ပုဂၢိဳလ္ႀကီးပါ
ေလးစားပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Jan Khone
# Unicode Version ျဖင့္ ဖတ္ပါ #
ကချင်ကျောက်စိမ်းသူဌေး ဒေါက်တာဘန်လွန်ဘွမ်ယွန်ကတော့ လုပ်ချလိုက်ပြန်ပြီ
၉ တန်ခွဲရှိတဲ့ ကျောက်စိမ်း (ငုတ်ကျောက်) ကို မြစ်ကြီးနားမြို့လယ် အထက ၁ နားက Myitkyina City တြိဂံအပတ် လမ်းဆုံမှာ ထားဖို့ အလှူပေးလိုက်ပြန်ပြီတဲ့။

အဆိုပါကျောက်စိမ်းကို သိန်းထောင်ထပ်ဈေးပေးခဲ့ပေမယ့် ကချင်ပြည်နယ်သားတွေဂုဏ်ယူနိုင်အောင် မြို့လယ်မှာထားရှိဖို့ ပေးလှူတာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိမှာ ကျောက်စိမ်းအလှပြင်ခြင်းလုပ်ငန်းမှာ ဒေါက်တာဘွမ်ယွန်ကိုယ်တိုင် ရေလောင်း ရေဆေး ပြီး အားတက်တရောပါဝင်နေတာကို လမ်းသွားလမ်းလာများစွာ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် နောက်ထပ် ၆ တန်ခွဲရှိတဲ့ ကျောက်စိမ်းကိုလည်း ပြည်နယ်အစိုးရထံ ပေးလှူထားကြောင်း လေဆိပ်မှာထားမလို ကြားနေရကြောင်းပါ။

အင်မတန်မှ ရက်ရောတဲ့ ပုဂ္ဂိုလ်ကြီးပါ
လေးစားပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Jan Khone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top