ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ပုသိမ္ၿမိဳ႕ရွိ KTV တစ္ခုတြင္ ပိုက္ဆံမရွင္းဘဲ ထြက္သြားသည့္ လူငယ္ ၉ ဦးကို ပိုက္ဆံလိုက္ေတာင္းသည့္ ဝန္ထမ္းအမ်ိဳးသားအား ဓားျဖင့္ထိုးသတ္သည့္အမႈမွ ထြက္ေျပးသြားသူမ်ားအနက္ ေျခာက္ဦးကို ဒီဇင္ဘာ ၄ ရက္က ဖမ္းဆီးရမိခဲ့သည္။

ဒီဇင္ဘာ ၂ ရက္ နံနက္ ၂နာရီခြဲ အခ်ိန္က ပုသိမ္ၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္၊ ဗိုလ္ဘေဌးလမ္းရွိ KTV တစ္ခုတြင္ အမည္မသိလူငယ္ကိုးဦး လာေရာက္စားေသာက္ၿပီး ပိုက္ဆံမရွင္းဘဲထြက္သြားသည္ကို ဆိုင္အလုပ္သမားျဖစ္သူ စိုင္းဝဏၰေက်ာ္က ဗိုလ္ဘေဌးလမ္းေပၚအထိ က်သင့္ေငြလိုက္လံေတာင္းခံရာမွ စကားမ်ားခဲ့ၾကသည္။

ထိုလူငယ္ကိုးဦးထဲမွတစ္ဦးက လမ္းေပၚတြင္ ဆိုင္အလုပ္သမားျဖစ္သူ စိုင္းဝဏၰေက်ာ္ကို ဓားျဖင့္ထိုး၍ ထြက္ေျပးသြားခဲ့သည္။

စိုင္းဝဏၰေက်ာ္တြင္ ယာဘက္နံေစာင္း ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ယာဘက္လက္ေမာင္း ျပတ္ရွဒဏ္ရာတစ္ခ်က္တို႔ရရွိခဲ့ၿပီး ပုသိမ္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေဆးကုသစဥ္ ေသဆုံးခဲ့ေသာေၾကာင့္ ဓားျဖင့္ ထိုးသူကို အေရးယူေပးရန္တိုင္ၾကားခဲ့သည္။

ပုသိမ္နယ္ေျမ ရဲစခန္းက (ပ) ၅၃၄/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ အရ အမႈဖြင့္စစ္ေဆးခဲ့သည္။

ဓားျဖင့္ထိုးသတ္ခဲ့သူ ျမတ္ကိုကိုေအာင္ (၁၇ ႏွစ္) အပါအဝင္ ေျခာက္ဦးႏွင့္ သက္ေသခံဓားကို ဖမ္းဆီးရမိခဲ့ၿပီး အမႈတြင္ပါဝင္တိမ္းေရွာင္သူ ၃ဦးကို စစ္ေဆးႏိုင္ရန္ ဆက္လက္စုံစမ္းလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Time


#Unicode Version#

ပုသိမ်မြို့ရှိ KTV တစ်ခုတွင် ပိုက်ဆံမရှင်းဘဲ ထွက်သွားသည့် လူငယ် ၉ ဦးကို ပိုက်ဆံလိုက်တောင်းသည့် ဝန်ထမ်းအမျိုးသားအား ဓားဖြင့်ထိုးသတ်သည့်အမှုမှ ထွက်ပြေးသွားသူများအနက် ခြောက်ဦးကို ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာ ၂ ရက် နံနက် ၂နာရီခွဲ အချိန်က ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ KTV တစ်ခုတွင် အမည်မသိလူငယ်ကိုးဦး လာရောက်စားသောက်ပြီး ပိုက်ဆံမရှင်းဘဲထွက်သွားသည်ကို ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်က ဗိုလ်ဘဌေးလမ်းပေါ်အထိ ကျသင့်ငွေလိုက်လံတောင်းခံရာမှ စကားများခဲ့ကြသည်။

ထိုလူငယ်ကိုးဦးထဲမှတစ်ဦးက လမ်းပေါ်တွင် ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်ကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။

စိုင်းဝဏ္ဏကျော်တွင် ယာဘက်နံစောင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး ပုသိမ်ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသစဉ် သေဆုံးခဲ့သောကြောင့် ဓားဖြင့် ထိုးသူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ပုသိမ်နယ်မြေ ရဲစခန်းက (ပ) ၅၃၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။

ဓားဖြင့်ထိုးသတ်ခဲ့သူ မြတ်ကိုကိုအောင် (၁၇ နှစ်) အပါအဝင် ခြောက်ဦးနှင့် သက်သေခံဓားကို ဖမ်းဆီးရမိခဲ့ပြီး အမှုတွင်ပါဝင်တိမ်းရှောင်သူ ၃ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top