ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စစ္ကိုင္းျမိဳ့ K.T.V စားေသာက္ဆိုင္တဆိုင္တြင္ အမ်ိဳးသားတဦးသည္ သူငယ္ခ်င္းမ်ားနွင့္အတူ သီခ်င္းဆိုရင္းမွ ရုတ္တရက္ေသဆံုးမႈ ဒီဇင္ဘာလ ၃ ရက္ ညေန ၅း၃၀ အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူမွာ ဦးခင္ေမာင္သန္း အသက္ ၆၂ ႏွစ္ဟုသိရၿပီး ေျမအေရာင္းဝယ္လုပ္ငန္းလုပ္သူတဦးျဖစ္ေၾကာင္း၊ က်န္းမာေရးအေျခအေနအရ ေဆးကုသမႈခံယူေနသူျဖစ္ၿပီး မိတ္ေဆြ သူငယ္ခ်င္း ၁၅ ဦးခန္႔ျဖင့္ သီခ်င္းဆိုရင္း စားၾကေသာက္ၾကရာ ေသဆံုးသူကိုယ္တိုင္ သီခ်င္း ၃ ပုဒ္သီဆိုအၿပီးတြင္ ႐ုတ္တရက္ ေခါင္းငိုက္က်သြားခဲ့ေၾကာင္း၊ သူငယ္ခ်င္းမိတ္ေဆြမ်ားမွ လႈပ္ႏႈိးေသာ္လည္း သတိျပန္မလည္၍ စစ္ကိုင္းၿမိဳ႕နယ္ေဆး႐ုံသို႔ အျမန္တင္ပို႔ခဲ့ၾကေသာ္လည္း ေဆး႐ုံအေရာက္တြင္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ဦးခင္ေမာင္သန္းမွာ ေပ်ာ္ေပ်ာ္ေနတတ္သူတဦးျဖစ္ျပီး စိတ္သေဘာေကာင္းသူျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ျမိဳ႕တြင္ေနထိုင္သူျဖစ္ေၾကာင္း အခင္းျဖစ္ပြားခ်ိန္တြင္ အတူရွိေနသူတဦးက ေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ကိုင္းျမိဳ႕မရဲစခန္း၌ ေသမႈေသခင္းျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
စိုင္းထူးခန္႔

ဖိုးသူေတာ္(www.phothutaw.com)
Credit: News Watch

#Unicode Version#
စစ်ကိုင်းမြို့ K.T.V စားသောက်ဆိုင်တဆိုင်တွင် အမျိုးသားတဦးသည် သူငယ်ချင်းများနှင့်အတူ သီချင်းဆိုရင်းမှ ရုတ်တရက်သေဆုံးမှု ဒီဇင်ဘာလ ၃ ရက် ညနေ ၅း၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးခင်မောင်သန်း အသက် ၆၂ နှစ်ဟုသိရပြီး မြေအရောင်းဝယ်လုပ်ငန်းလုပ်သူတဦးဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူနေသူဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်း ၁၅ ဦးခန့်ဖြင့် သီချင်းဆိုရင်း စားကြသောက်ကြရာ သေဆုံးသူကိုယ်တိုင် သီချင်း ၃ ပုဒ်သီဆိုအပြီးတွင် ရုတ်တရက် ခေါင်းငိုက်ကျသွားခဲ့ကြောင်း၊ သူငယ်ချင်းမိတ်ဆွေများမှ လှုပ်နှိုးသော်လည်း သတိပြန်မလည်၍ စစ်ကိုင်းမြို့နယ်ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးခင်မောင်သန်းမှာ ပျော်ပျော်နေတတ်သူတဦးဖြစ်ပြီး စိတ်သဘောကောင်းသူဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်နေထိုင်သူဖြစ်ကြောင်း အခင်းဖြစ်ပွားချိန်တွင် အတူရှိနေသူတဦးက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်း၌ သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စိုင်းထူးခန့်


ဖိုးသူတော်(www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top